မျက်လုံးနှစ်ဖက်စလုံးမရှိတော့တဲ့ သနားစရာအကောင်းဆုံး ကြောင်ကလေး Jasper ရဲ့အဖြစ်


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

Jasmine (Mckzone Daily)

Source: boredpanda.

Unicode

ချစ်ဖို့ကောင်းပြီး အမွှေးအမျှင်မရှိတဲ့ ကြောင်ကလေး Jasper ဟာ အင်တာနက်ပေါ်မှာ အတော်လေးနာမည်ကြီးပြီး လူချစ်လူခင်ပေါလွန်းတဲ့ကြောင်ကလေးပါ ။ လက်ရှိ Instagram မှာ နာမည်ကြီးနေတဲ့ ကြောင်လေးတွေအတော်များများဟာ fan တွေများကြလို့ ၊ Jasper ရဲ့ fan ပေါင်း 57,000 ရှိနေတာ အဆန်းရီးတော့မဟုတ်ပါဘူး ။ Jasper ဟာ မျက်လုံးနှစ်ဖက်စလုံးမရှိတော့တဲ့ကြောင်ကလေးဖြစ်ပြီး သူ့ရဲ့အဖြစ်ကလည်းအတော်လေးသနားဖို့ကောင်းလွန်းလှပါတယ် ။ Jasper ကို 2နှစ်သားအရွယ်ခန့်မှာ မွေးစားခဲ့တာဖြစ်ပြီး အစပိုင်းမှာတော့ ကျန်းမာရေးကောင်းတဲ့ကြောင်ကလေးတစ်ကောင်ပါ ။ သို့ပေမဲ့ 2013 ခုနှစ် November လရောက်တော့ Jasper ရဲ့ ညာဖက်မျက်လုံးရဲ့မျက်ကြည်လွှာဟာ ပြည်တည်နာဖြစ်နေခဲ့လို့ ညာဖက်မျက်လုံးဖယ်ထုတ်ခဲ့ရပါတယ် ။ နှစ်အနည်းငယ်အကြာမှာတော့ ကျန်ရှိနေတဲ့မျက်လုံတစ်ဖက်ရဲ့ မျက်ကြည်လွှာမှာလည်းပြည်တည်နာထပ်ဖြစ်နေခဲ့လို့ နောက်ဆုံးအဆိုပါမျက်လုံးကိုပါ ဖယ်ထုတ်ပစ်ခဲ့ရပြန်ပါတယ် ။ ခက်ခဲပင်ပန်းမှုတွေ အားလုံးဖြတ်ကျော်ပြီးနောက်မှာတော့ Jasper လေးဟာ ကျန်းမာသွက်လက်တဲ့ကြောင်ကလေးပြန်ဖြစ်လာခဲ့ပါတယ် ။ အခုဆိုရင် Jasper ဟာ အသက် 12 နှစ်အရွယ် ကြောင်ကလေးဖြစ်နေခဲ့ပါပြီ ။

Jasmine (Mckzone Daily)

Be the first to comment on "မျက်လုံးနှစ်ဖက်စလုံးမရှိတော့တဲ့ သနားစရာအကောင်းဆုံး ကြောင်ကလေး Jasper ရဲ့အဖြစ်"

Leave a comment

Your email address will not be published.


*