မယံုႏိုင္ေလာက္ေအာင္ အေျပာင္းလဲႀကီးေျပာင္းလဲသြားခဲ့တဲ့ ကာယဗလေမာင္ (႐ုပ္သံ)

ဂ်ပန္ႏိုင္ငံမွာေနထိုင္တဲ့ ကာယဗလေမာင္တစ္ဦးဟာ သူ႔ရဲ႕ follower ေတြကို အံ့ၾသထိတ္လန္႔သြားေအာင္ April Fools prank လုပ္ၿပီးစေနာက္ခဲ့ပါတယ္ ။ အဲတာကေတာ့ မိတ္ကပ္ဆရာေတြရဲ႕အကူအညီနဲ႔ မိန္းမလွေလးတစ္ေယာက္လိုမိတ္ကပ္လိမ္းက်ံၿပီး ၊ ဆြယ္တာအက်ႌေလးနဲ႔ ႐ိုက္ယူထားတဲ့ video ကို social media ေပၚေဝမ်ွခဲ့တာပါပဲ ။ ေျပာစရာမလိုေလာက္ေအာင္ သူ႔ရဲ႕ video ဟာ ပရိတ္သတ္ေတြကို အံ့ၾသေစခဲ့ပါတယ္ ။ ထို႔အျပင္ ‘ ကြၽန္ေတာ့္ ေကာင္မေလးနဲ႔မိတ္ဆက္ေပးမယ္ ‘ ဆိုၿပီးေတာ့ပါ Twitter စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ပါေသးတယ္ ။

Tatsuma Sugawara အမည္႐ွိတဲ့အဆိုပါအမ်ိဳးသားဟာ တိုက်ိဳၿမိဳ႕မွာဖြင့္ထားတဲ့ အက်ႌမဝတ္ဆင္ထားတဲ့ကာယဗလေမာင္ေတြစားပြဲထိုးအေနနဲ႔ ဝန္ေဆာင္မႈေပးတဲ့ ကိုးရီးယား BBQ ဆိုင္မွာ အလုပ္ဝင္လုပ္ေနလ်က္႐ွိပါတယ္ ။ ထို႔အျပင္ 2015 ခုႏွစ္က က်င္းပတဲ့ All Japan Men’s Fitness Championship ၿပိဳင္ပြဲမွာ စတုတၳအဆင့္ရ႐ွိထားသူျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ လက္႐ွိမွာေတာ့ Sugawara ရဲ႕ အရပ္အေမာင္းဟာ 5ေပ11လက္မ ႐ွိၿပီး ကိုယ္အေလးခ်ိန္မွာေတာ့ 93 kg ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

ဂျပန်နိုင်ငံမှာနေထိုင်တဲ့ ကာယဗလမောင်တစ်ဦးဟာ သူ့ရဲ့ follower တွေကို အံ့သြထိတ်လန့်သွားအောင် April Fools prank လုပ်ပြီးစနောက်ခဲ့ပါတယ် ။ အဲတာကတော့ မိတ်ကပ်ဆရာတွေရဲ့အကူအညီနဲ့ မိန်းမလှလေးတစ်ယောက်လိုမိတ်ကပ်လိမ်းကျံပြီး ၊ ဆွယ်တာအင်္ကျီလေးနဲ့ ရိုက်ယူထားတဲ့ video ကို social media ပေါ်ဝေမျှခဲ့တာပါပဲ ။ ပြောစရာမလိုလောက်အောင် သူ့ရဲ့ video ဟာ ပရိတ်သတ်တွေကို အံ့သြစေခဲ့ပါတယ် ။ ထို့အပြင် ‘ ကျွန်တော့် ကောင်မလေးနဲ့မိတ်ဆက်ပေးမယ် ‘ ဆိုပြီးတော့ပါ Twitter စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါသေးတယ် ။

Tatsuma Sugawara အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ တိုကျိုမြို့မှာဖွင့်ထားတဲ့ အင်္ကျီမဝတ်ဆင်ထားတဲ့ကာယဗလမောင်တွေစားပွဲထိုးအနေနဲ့ ဝန်ဆောင်မှုပေးတဲ့ ကိုးရီးယား BBQ ဆိုင်မှာ အလုပ်ဝင်လုပ်နေလျက်ရှိပါတယ် ။ ထို့အပြင် 2015 ခုနှစ်က ကျင်းပတဲ့ All Japan Men’s Fitness Championship ပြိုင်ပွဲမှာ စတုတ္ထအဆင့်ရရှိထားသူဖြစ်ကြောင်း သိရှိရပါတယ် ။ လက်ရှိမှာတော့ Sugawara ရဲ့ အရပ်အမောင်းဟာ 5ပေ11လက်မ ရှိပြီး ကိုယ်အလေးချိန်မှာတော့ 93 kg ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မယံုႏိုင္ေလာက္ေအာင္ အေျပာင္းလဲႀကီးေျပာင္းလဲသြားခဲ့တဲ့ ကာယဗလေမာင္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*