သြားတဲ့ေနရာတိုင္းကို မ်ားစြာေသာ ေခြးေတြ ၊ ေၾကာင္ေတြ ၊ ငွက္ေတြ တစ္ေကာက္ေကာက္လိုက္ေနတာ ခံေနရတဲ့ အမ်ိဳးသမီး (႐ုပ္သံ)

Dilara IIter အမည္႐ွိတဲ့ Turkey ႏိုင္ငံ ၊ Istanbul ၿမိဳ႕မွာေနထိုင္လ်က္႐ွိတဲ့ မိန္းကေလးဟာ ၿပီးခဲ့တဲ့ 2017 ခုႏွစ္ကတည္းက သူမရဲ႕ twitter စာမ်က္ႏွာေပၚမွာ video တစ္ခုေဝမ်ွခဲ့ပါတယ္ ။ အခ်ိန္အေတာ္ေလးကိုၾကာေနၿပီျဖစ္ေပမဲ့ လူေတြကအဆိုပါ video ကိုလူေတြၾကည့္႐ႈေနၾကဆဲပါပဲ ။ Video ထဲမွာေတာ့ Dilara ဟာ သူမရဲ႕မိဘေနအိမ္ရဲ႕ပုတင္းေပါက္ကေန လမ္းမေပၚကို video ႐ိုက္ယူခဲ့တာျဖစ္ၿပီး ၊ လမ္းမေပၚက အမ်ိဳးသမီးေနာက္ကို မ်ားစြာေသာ ေခြးေတြ ၊ ေၾကာင္ေတြ ႏွင့္ ငွက္ေလးေတြက အဆက္မျပတ္တေကာက္ေကာက္လိုက္ေနခဲ့တာပါ ။ မသိရင္ေတာ့ အဆိုပါအမ်ိဳးသမီးက Disney မင္းသမီးေလးေတြလို က်ေနတာပါပဲ ။ အဆိုပါအမ်ိဳးသမီးဟာ ေအးေဆးတည္ၿငိမ္စြာလမ္းေလ်ွာက္ေနခဲ့ၿပီး ၊ အိမ္နီးခ်င္းေတြရဲ႕ေျပာျပခ်က္အရ ႏိုင္ငံျခားသူတစ္ေယာက္ျဖစ္ေၾကာင္း သိရပါတယ္ ။ အဆိုပါ video က online ေပၚမွာအေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ခ်ိန္မွာေတာ့ Dilara ႏွင့္ သူမရဲ႕မိခင္တို႔က အဆိုပါအမ်ိဳးသမီးကို ရင္းႏွီးစြားသြားေရာက္စကားေျပာခဲ့ေပမဲ့လည္း ႏိုင္ငံျခားသူျဖစ္ေနတဲ့အတြက္ ဘာသာစကားမတတ္ကြၽမ္းလို႔ စကားေျပာတာအဆင္မေျပခဲ့ေၾကာင္း Dilara ကေျပာျပခဲ့ပါတယ္ ။

အဆိုပါအမ်ိဳးသမီးက လမ္းေဘး ေခြးေတြ ၊ ေၾကာင္ေတြ ႏွင့္ ငွက္ကေလးေတြကို အျမဲအစားေကြၽးၿပီး ေစာင့္ေ႐ွာက္ေလ့႐ွိလို႔ တိရစာၦန္ေလးေတြက သူမေနာက္အျမဲတေကာက္ေကာက္လိုက္ေနတာျဖစ္ပါတယ္ ။ ႏွစ္ေတြၾကာလာေပမဲ့လည္း အဆိုပါအမ်ိဳးသမီးကို Dilara ျမင္လိုက္တဲ့အခ်ိန္တိုင္း တိရစာၦန္ေလးေတြက သူ႔ေနာက္တေကာက္ေကာက္လိုက္ေနေသးေၾကာင္း ေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: boredpanda.

Unicode

Dilara IIter အမည်ရှိတဲ့ Turkey နိုင်ငံ ၊ Istanbul မြို့မှာနေထိုင်လျက်ရှိတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့ 2017 ခုနှစ်ကတည်းက သူမရဲ့ twitter စာမျက်နှာပေါ်မှာ video တစ်ခုဝေမျှခဲ့ပါတယ် ။ အချိန်အတော်လေးကိုကြာနေပြီဖြစ်ပေမဲ့ လူတွေကအဆိုပါ video ကိုလူတွေကြည့်ရှုနေကြဆဲပါပဲ ။ Video ထဲမှာတော့ Dilara ဟာ သူမရဲ့မိဘနေအိမ်ရဲ့ပုတင်းပေါက်ကနေ လမ်းမပေါ်ကို video ရိုက်ယူခဲ့တာဖြစ်ပြီး ၊ လမ်းမပေါ်က အမျိုးသမီးနောက်ကို များစွာသော ခွေးတွေ ၊ ကြောင်တွေ နှင့် ငှက်လေးတွေက အဆက်မပြတ်တကောက်ကောက်လိုက်နေခဲ့တာပါ ။ မသိရင်တော့ အဆိုပါအမျိုးသမီးက Disney မင်းသမီးလေးတွေလို ကျနေတာပါပဲ ။ အဆိုပါအမျိုးသမီးဟာ အေးဆေးတည်ငြိမ်စွာလမ်းလျှောက်နေခဲ့ပြီး ၊ အိမ်နီးချင်းတွေရဲ့ပြောပြချက်အရ နိုင်ငံခြားသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ် ။ အဆိုပါ video က online ပေါ်မှာအတော်လေးပျံ့နှံ့သွားခဲ့ချိန်မှာတော့ Dilara နှင့် သူမရဲ့မိခင်တို့က အဆိုပါအမျိုးသမီးကို ရင်းနှီးစွားသွားရောက်စကားပြောခဲ့ပေမဲ့လည်း နိုင်ငံခြားသူဖြစ်နေတဲ့အတွက် ဘာသာစကားမတတ်ကျွမ်းလို့ စကားပြောတာအဆင်မပြေခဲ့ကြောင်း Dilara ကပြောပြခဲ့ပါတယ် ။

အဆိုပါအမျိုးသမီးက လမ်းဘေး ခွေးတွေ ၊ ကြောင်တွေ နှင့် ငှက်ကလေးတွေကို အမြဲအစားကျွေးပြီး စောင့်ရှောက်လေ့ရှိလို့ တိရစ္ဆာန်လေးတွေက သူမနောက်အမြဲတကောက်ကောက်လိုက်နေတာဖြစ်ပါတယ် ။ နှစ်တွေကြာလာပေမဲ့လည်း အဆိုပါအမျိုးသမီးကို Dilara မြင်လိုက်တဲ့အချိန်တိုင်း တိရစ္ဆာန်လေးတွေက သူ့နောက်တကောက်ကောက်လိုက်နေသေးကြောင်း ပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သြားတဲ့ေနရာတိုင္းကို မ်ားစြာေသာ ေခြးေတြ ၊ ေၾကာင္ေတြ ၊ ငွက္ေတြ တစ္ေကာက္ေကာက္လိုက္ေနတာ ခံေနရတဲ့ အမ်ိဳးသမီး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*