ဟောင်ကောင်ရဲ့ မြို့လယ်ခေါင်မှာ အေးဆေးတည်ငြိမ်စွာလမ်းလျှောက်ထွက်နေခဲ့တဲ့ တောဝက်ထီး (ရုပ်သံ)



Jasmine (Mckzone Daily)

Source: nextshark

Unicode

ပြီးခဲ့တဲ့အပတ်က ဟောင်ကောင်ရဲ့ Kennedy Town မှာ တောဝက်ထီးတစ်ကောင်တည်ငြိမ်စွာလမ်းလျှောက်ထွက်နေတဲ့ရုပ်သံဟာ social media အသုံးပြုသူတွေအကြားအတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါ video ကို Winstons Cafe ရဲ့အရှေ့ဖက်မှာရိုက်ယူထားခဲ့တာဖြစ်ပြီး ၊ Justin Lim အမည်နဲ့ twitter အသုံးပြုသူက ပြီးခဲ့တဲ့ September 9 ရက်နေ့က social media ပေါ်မှာ ဝေမျှခဲ့တာဖြစ်ပါတယ် ။ Video ထဲမှာတော့ အဆိုပါတောဝက်ထီးကြီးက လူတွေကိုမနှောက်ယှက်ဘဲ ကိုယ့်ကိုသွားနေခဲ့တာဖြစ်ပေမဲ့ ၊ အဆိုပါ ပတ်ဝန်းကျင်မှာ မိနစ် 20ခန့် မျက်စိလည်နေပြီး taxi ကားသမားများကိုတော့ အနှောက်အယှက်ဖြစ်စေခဲ့သေးကြောင်း သိရှိရပါတယ် ။

ရဲအရာရှိတွေ ရောက်ရှိလာချိန်မှာတော့ အဆိုပါ တောဝက်ထီးကြီးကိုလုံးဝရှာမတွေ့တော့ပါဘူး ။ အဆိုပါအဖြစ်အပျက်မျိုးဟာ ဟောင်ကောင်မှာတော့ မထူးဆန်းနေတော့ပါဘူး ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ နှစ်ကလည်း ဒဏ်ရာရနေတဲ့တောဝက်တစ်ကောင်ကို Kennedy Town အနီးဝန်းကျင်မှာတွေ့ရှိခဲ့ဖူးပြီး ၊ 2018 ခုနှစ်ကလည်း တောဝက်တစ်ကောင်ကို စာသင်ကျောင်းရှေ့မှာတွေ့ရှိခဲ့သေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဟောင်ကောင်ရဲ့ မြို့လယ်ခေါင်မှာ အေးဆေးတည်ငြိမ်စွာလမ်းလျှောက်ထွက်နေခဲ့တဲ့ တောဝက်ထီး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*