ကလေးငယ်တွေကို အမှန်တကယ် online ပေါ်မှာရောင်းချနေကြသူများ

မကြာသေးခင်ကမှ ထိုင်းနိုင်ငံမှ Facebook Page တစ်ခုဟာ ကလေးမလိုချင်ကြတဲ့မိခင်တွေရဲ့ ကလေးတွေကိုရောင်ချဖို့ကူညီခဲ့လို့ ပိတ်ပစ်ခြင်းကိုခံခဲ့ရပါတယ် ။ နောက်ထပ် social media page တစ်ခုဖြစ်တဲ့ V 10 ဟာလည်း လူသားမဆန်တဲ့လုပ်ရပ်မျိုးတွေနဲ့ ကလေးငယ်တွေကို တိရစ္ဆာန်တွေလိုရောင်းချနေကြတဲ့ အဆိုပါ page ကို Screenshot ရိုက်ပြီး ပြန်တင်ခဲ့ပါတယ် ။ အဆိုပါကလေးငယ်တွေရဲ့ ဓာတ်ပုံတွေနဲ့အတူ ရေးသားခဲ့တဲ့စာသားကတော့ ” ဒါကဘာလဲ ၊ ကိုယ်ဝန်မရချင်ကြတဲ့ အဆင်သင့်မဖြစ်ကြသေးတဲ့မိခင်မျိုးကိုတော့ ငါနားလည်ပေးနိုင်ပါတယ် ။ ဒါပေမဲ့ ကိုယ်ဝန်ရှိသွားခဲ့ရင် ကလေးငယ်အတွက် စပွန်ဆာရှာဖို့ လိုက်ကြေညာနေတာလား “ဆိုပြီးရေးသားထားခဲ့ပါတယ် ။

ထို့အပြင် ယခုဖော်ပြထားတဲ့ Facebook Page ဟာလည်းကလေးငယ်တွေကို ရောင်းချဖို့ကြော်ငြာနေတာပါ ။ ပိုပြီးသိသာစေတာကတော့ ကိုယ်လိုချင်တဲ့ကလေးအတွက် ကြိုတင်စာရင်းပေးရမှာပါ ဆိုပြီးတော့လည်းဖော်ပြထားခဲ့ပါတယ် ။ ” ဒါကြောင့် ကလေးငယ်တွေကိုမဝယ်ယူခင် ငွေအရင်လွှဲပေးပြီးတော့ စရံငွေပေးရမှာပါ ။ သူတို့တွေကတော့ တကယ့်ကို ခွေးလေးတွေ ၊ ကြောင်းလေးတွေရောင်းနေတယ်လို့ပဲ သတ်မှတ်ထားပုံရပါတယ် ” ။ အဆိုပါလုပ်ရပ်ကတော့ အတော်လေးကိုရက်စက်တဲ့ လူမှောင်ခိုလုပ်ငန်းပါပဲ ။ ကလေးငယ်တစ်ယောက်ကိုမွေးစားဖို့ကလည်း အတော်လေးကိုရှုတ်ထွေးမယ့်ဖြစ်စဉ်တစ်ခုဖြစ်ပြီး ၊ ဥပဒေအရကလည်း ကငေယ်လုံခြုံစွာကာကွယ်ပေးနိုင်ဖို့အတွက် များစွာလုပ်ဆောင်ပေးဖို့လိုအပ်လျက်ရှိကြောင်း သိရှိရပါတယ် ။

ထို့်အပြင် Facebook အသုံးပြုသူတစ်ဦးက ဘယ်လောက်လဲဆိုပြီးမေးလိုက်တဲ့အချိန်မှာ admin က15k baht (မြန်မာငွေ 7သိန်3းသောင်းကျော်ဝန်းကျင်)ဆိုပြီး အကြောင်းပြန်ခဲ့ပါတယ် ။ တစ်စုံတစ်ယောက်ရဲ့ ဘဝကိုငွေကြေးနဲ့ သတ်မှတ်ပစ်လိုက်တာက အတော်လေးကိုဝမ်းနည်းဖို့ကောင်းလွန်းလှပါတယ် ။ ကလေးငယ်ကိုမလိုချင်လို့ မွေးစားဖို့ပေးလိုက်တာက လက်ခံလို့ရပေမဲ့လည်း ကလေးငယ်ကိုရောင်းချနေတာကတော့ လုံးဝလက်ခံလို့မရတဲ့ အရာတစ်ခုပါ ။ ကလေးငယ်တွေကို ကြွေးမွေးပြုစုတဲ့အဖွဲ့အစည်းတွေများစွာရှိပေမဲ့လည်း ယခုကဲ့သို့ကလေးရောင်းချခြင်းကတော့ တိရစ္ဆာန်တွေကိုရောင်းချနေတဲ့အတိုင်ပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ကလေးငယ်တွေကို အမှန်တကယ် online ပေါ်မှာရောင်းချနေကြသူများ"

Leave a comment

Your email address will not be published.


*