ၾကက္ဆီထမင္းစားခ်င္ရင္ ဆိုင္႐ွင္အိပ္ယာထတာကိုေစာင့္ႏိုင္မွ စားရမယ့္ စားေသာက္ဆိုင္

လူေတြဟာ ေန႔စဥ္ဘဝ ႐ုန္းကန္လႈပ္႐ွားၾကဖို႔ ပံုမွန္အခ်ိန္မွာအိပ္ယာထၾကၿပီး ေန႔စဥ္လုပ္ငန္းကိုလုပ္ကိုင္ေနၾကရသူေတြပါ ။ တစ္ခါတစ္ေလ ပင္ပန္းလြန္းလို႔ ၊ ပ်င္းလြန္းလို႔ အိပ္ယာကေနလံုးဝမထခ်င္တဲ့ အခိုက္အတန္႔မ်ိဳးလည္း႐ွိၾကမွာပါ ။ ဒီတစ္ေခါက္​ေဖာ္ျပမဲ့ မေလး႐ွားႏိုင္ငံ ၾကက္ဆီထမင္းဆိုင္တစ္ဆိုင္ဟာဆိုရင္ သူ႔ဆိုင္ကအစားအေသာက္ေတြကိုစားခ်င္ရင္ ဆိုင္႐ွင္အိပ္ယာထတာကိုအရင္ေစာင့္ရမွာပါ ။ ဘာလို႔လည္းဆိုေတာ့ ဆိုင္႐ွင္ကသူ႔ရဲ႕ဆိုင္မွာ ည 10နာရီမွ အိပ္ယာထပါတယ္ ဆိုၿပီး စာေရးသားထားတဲ့အျပင္ ၊ ဆိုင္ရဲ႕နာမည္ကိုလည္း ‘ Wake up chicken rice ‘ ဆိုၿပီး ေပးထားပါေသးတယ္ ။

ဆိုင္မွာ ၾကက္ဆီထမင္းတစ္မ်ိဳးတည္းကိုပဲ ေရာင္းခ်တာမဟုတ္ပါဘူး ၊ Beancurd Roll ဆိုတဲ့ အေၾကာ္တစ္မ်ိဳးကိုလည္း ေရာင္းခ်ပါေသးတယ္ ။ ‘ အဲတာကို ဘယ္မွာမွ႐ွာလို႔ရမွာမဟုတ္ဘူး ၊ ကြၽန္ေတာ့္ဆိုင္မွာပဲ ရတာပါ ၊ ကြၽန္ေတာ့္ဆိုင္ရဲ႕ အမွတ္အသားလို႔ ေျပာလို႔ရပါတယ္ ‘ ဆိုၿပီး ဆိုင္ပိုင္႐ွင္က႐ွင္းျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတွေဟာ နေ့စဉ်ဘဝ ရုန်းကန်လှုပ်ရှားကြဖို့ ပုံမှန်အချိန်မှာအိပ်ယာထကြပြီး နေ့စဉ်လုပ်ငန်းကိုလုပ်ကိုင်နေကြရသူတွေပါ ။ တစ်ခါတစ်လေ ပင်ပန်းလွန်းလို့ ၊ ပျင်းလွန်းလို့ အိပ်ယာကနေလုံးဝမထချင်တဲ့ အခိုက်အတန့်မျိုးလည်းရှိကြမှာပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံ ကြက်ဆီထမင်းဆိုင်တစ်ဆိုင်ဟာဆိုရင် သူ့ဆိုင်ကအစားအသောက်တွေကိုစားချင်ရင် ဆိုင်ရှင်အိပ်ယာထတာကိုအရင်စောင့်ရမှာပါ ။ ဘာလို့လည်းဆိုတော့ ဆိုင်ရှင်ကသူ့ရဲ့ဆိုင်မှာ ည 10နာရီမှ အိပ်ယာထပါတယ် ဆိုပြီး စာရေးသားထားတဲ့အပြင် ၊ ဆိုင်ရဲ့နာမည်ကိုလည်း ‘ Wake up chicken rice ‘ ဆိုပြီး ပေးထားပါသေးတယ် ။

ဆိုင်မှာ ကြက်ဆီထမင်းတစ်မျိုးတည်းကိုပဲ ရောင်းချတာမဟုတ်ပါဘူး ၊ Beancurd Roll ဆိုတဲ့ အကြော်တစ်မျိုးကိုလည်း ရောင်းချပါသေးတယ် ။ ‘ အဲတာကို ဘယ်မှာမှရှာလို့ရမှာမဟုတ်ဘူး ၊ ကျွန်တော့်ဆိုင်မှာပဲ ရတာပါ ၊ ကျွန်တော့်ဆိုင်ရဲ့ အမှတ်အသားလို့ ပြောလို့ရပါတယ် ‘ ဆိုပြီး ဆိုင်ပိုင်ရှင်ကရှင်းပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ၾကက္ဆီထမင္းစားခ်င္ရင္ ဆိုင္႐ွင္အိပ္ယာထတာကိုေစာင့္ႏိုင္မွ စားရမယ့္ စားေသာက္ဆိုင္"

Leave a comment

Your email address will not be published.


*