ရည်းစားစာရေးလို့ဆိုပြီးဆရာမကအပြစ်ပေးခဲ့တဲ့အတွက် ကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့ 11နှစ်အရွယ်ကျောင်းသူ

ဆယ်ကျော်သက်အရွယ် ကျောင်းသူ ၊ ကျောင်းသားအချို့ဟာ မိဘတွေရဲ့ဖိအား ၊ ပညာရေးတွေရဲ့ဖိအားများကြောင့် စိတ်ကျရောဂါများဖြစ်ကြပြီး ကိုယ့်ကိုအဆုံးစီရင်လေ့ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာတော့ ကံဆိုးစွာနဲ့ပဲမလေးရှားနိုင်ငံက 11နှစ်အရွယ်ကျောင်းသူလေးဟာ ရည်းစားစာရေးမိလို့ဆရာမကအပြစ်ပေးပြီးနောက်မှာတော့ ပေါင်းသတ်ဆေးသောက်ပြီးကိုယ့်ကိုအဆုံးစီရင်ခဲ့ပါတော့တယ် ။ ၎င်းအဖြစ်အပျက်ကို Syed Azmi ဟုခေါ်တဲ့အမျိုးသားက သူ၏Facebook page မှာဖော်ပြသွားခဲ့ပါတယ် ။ ကျောင်းသူလေးဟာ ရည်းစားစာကိုမပေးခဲ့ပါဘူး ။ ရေးရုံသာ ရေးခဲ့တာဆိုပေမဲ့လည်း ဆရာမမိသွားတဲ့အချိန်မှာတော့ သူမရဲ့လုပ်ရပ်ဟာအပြစ်ပေးဖို့ထိုက်တန်တယ်ဟုဆုံးဖြတ်ခဲ့ပြီး ကျောင်းသူလေးဟာ အဆိုပါအတန်းထဲကကောင်လေးကိုကြိုက်နေတာပါဆိုပြီး ဆရာမကအရှက်ခွဲခဲ့တဲ့အတွက် အဆိုပါကောင်လေးရော ၊ အတန်းတစ်တန်းလုံးကပါ သူမ၏ခံစားချက်ကိုသိရှိသွားခဲ့ပါတယ် ။ Syed ကတော့ ” မကြာသေးခင်ကမှ ကလေးငယ်တစ်ယောက်ဟာ ပေါင်းသတ်ဆေးသောက်ပြီးကိုယ့်ကိုအဆုံးစီရင်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ တစ်ပတ်အကြာမှာတော့ သူမသေဆုံးသွားခဲ့ရပါတယ် ။ဒါပေမဲ့လည်း သူမသေဆုံးဖို့ 2ရက်အလိုမှာမှ အဆိုပါအဖြစ်အပျက်ကိုဆရာဝန်ကို ပြောပြနိုင်ခဲ့တာပါ ။ သူမက အသက် 11နှစ်သာရှိသေးတယ် ” ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။

“သူမကအဲ့စာကို ကောင်လေးကိုတောင်မပေးခဲ့ပါဘူး ၊ ရေးရုံသာရေးခဲ့တာပါ ၊ ကံဆိုးတော့လည်း ဆရာမကဖမ်းမသွားခဲ့ပြီး သူမကိုအတန်းရှေ့ခေါ်ထုတ်ခဲ့ပါတယ် ၊ သူမကရှက်ကြောက်နေပေမဲ့လည်း အပြစ်ပေးခြင်းခံခဲ့ရပါတယ် ၊ သူမကြိုက်နေခဲ့တဲ့ကောင်လေးကလည်း သိရှိသွားပြီးနောက် သူမဟာလောင်ရယ်ခံခဲ့ရပါတယ် ၊ အပြစ်ပေးခံခဲ့ရတယ် ၊ ပြီးတော့သူမ အဲ့ကောင်လေးကိုကြိုက်နေခဲ့တဲ့သူမရဲ့လျှို့ ဝှက်ချက်လေးကလည်း တစ်ခန်းလုံးသိသွားခဲ့ကြတယ် ၊ သူမအိမ်ပြန်ရောက်တဲ့အချိန်မှာပဲ သူမဟာပေါင်းသတ်ဆေးကိုသောက်ခဲ့ပါတော့တယ် ” ဆိုပြီး Syed ကထပ်လောင်းပြောဆိုသွားခဲ့ပါတယ် ။ ထို့အပြင်ဆရာမတစ်ယောက်က ကျောင်းသူကိုအတန်းရှေ့ခေါ်ထုတ်ပြီးအရှက်ခွဲတာကတော့ မပြုလုပ်သင့်တဲ့အရာတစ်ခုပါ ။ ကိုယ့်ရဲ့ထင်မြင်ချက်ပြောရမယ်ဆိုရင် ကျောင်းသူလေးဟာ စာကိုရေးရုံသာရေးခဲ့တာဖြစ်ပြီး ကောင်လေးကိုလည်းစာမပေးခဲ့ပါဘူး ။ ဒါကြောင့်ပြောရမယ်ဆိုရင် သူမရဲ့ခံစားချက်ကို သူမကိုယ်သူမသာထိန်းသိမ်ထားချင်ခဲ့ပုံရပါတယ် ။

ထို့အပြင် ကလေးတွေရဲ့စိတ်ခံစားချက်တွေကို အနုပညာပုံစံတွေနဲ့ဖော်ထုတ်ပြသနေတာကို ခွင့်ပြုပေးဖို့ကလည်း အတော်လေးကိုအရေးကြီးပါတယ် ။ “မှတ်စုစာအုပ်တွေ ၊ ရေးသားထားတဲ့စာသားတွေ ၊ ဒိုင်ယာရီတွေ ၊ ပန်းချီတွေဟာ သူတို့ရဲ့ကိုယ်ရေးကိုယ်တာပစ္စည်းတွေဖြစ်တဲ့အတွက် အရင်ဆုံခွင့်ပြုချက်တောင်ရမှာပါ ။ ဘာလို့လဲဆိုတော့ အဲဒါကသူတို့ရဲ့ကိုယ်ရေးကိုယ်သာအပိုင်း ဖြစ်သွားလို့ပါ ” ဆိုပြီး Syed ကရေးသားခဲ့ပါသေးတယ် ။ ထို့အပြင် ” ကျွန်တော် ဆရာမကို အနှောင့်အယှက်ပေးပြီး အဲ့အကြောင်းမေးခွန်းတွေမမေးတော့ပါဘူး ၊ ကျွန်တော်မှတ်မိတာကတော့ စင်္ကြံလမ်းမှာ အဆက်မပျက်ငိုကြွေးနေတဲ့ကလေးရဲ့မိခင်ပါဘဲ ” ဆိုပြီးပြောပြခဲ့ပါတယ် ။

ကလေးငယ်တွေဟာ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတဲ့သူတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ် ၊ သို့ပေမဲ့လည်း လူကြီးတွေကသူတို့ကို လေးစားထောက်ထားမှုမရှိပဲဆက်ဆံနေတာကိုတော့ မသိနားမလည်တဲ့သူတွေမဟုတ်ကြပါဘူး ။ ဒါကြောင့် သူတို့ရဲ့သီးသန့်ဘဝကိုလေးစားပါ ၊ ပြီးတော့ သူတို့ရဲ့ ပြောဆိုဖွင့်ဟမှုတွေကိုလည်း လေးစားသင့်ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ရည်းစားစာရေးလို့ဆိုပြီးဆရာမကအပြစ်ပေးခဲ့တဲ့အတွက် ကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့ 11နှစ်အရွယ်ကျောင်းသူ"

Leave a comment

Your email address will not be published.


*