ဖုန္းကိုခိုးၿပီး Selfie ဓာတ္ပံုေတြပါ ကိုယ္တိုင္႐ိုက္ယူခဲ့တဲ့ ေမ်ာက္ (႐ုပ္သံ)

ဖုန္းေတြဟာ လူေတြအတြက္မ႐ွိမျဖစ္လိုအပ္တဲ့အျပင္ ၊ အသံုျပဳေနၾက ဖုန္းပါေပ်ာက္သြားခဲ့ရင္ အလုပ္ေတြပ်က္သြားတဲ့အထိ စိတ္ဒုကၡေရာက္ၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Johor ျပည္နယ္ Batu Pahat မွာေနထိုင္တဲ့ အသက္ 20 အရြယ္ Zackryds Rodzi အမည္႐ွိတဲ့ အမ်ိဳးသားဟာ မေမ်ွာ္လင့္ထားတဲ့အခ်ိန္မွာ ဖုန္းအခိုးခံလိုက္ရပါတယ္ ။ ၿပီးခဲ့တဲ့ စေနေန႔မနက္ခင္းက Zackryds ဟာ အိပ္ယာကေနထ ထခ်င္မွာ သူ႔ရဲ႕ဖုန္းေပ်ာက္သြားတာကို သတိထားမိခဲ့ပါတယ္ ။ သူခိုးေတြရဲ႕ ေျခရာလက္ရာေတြကိုမေတြ႔႐ွိခဲ့လို႔ Zackryds က ေတာ္ေတာ္ေလးစဥ္းစားရခက္ေနခဲ့ပါတယ္ ။ ထို႔ေနာက္ သူ၏ဖုန္းကိုေခၚလိုက္ခ်ိန္မွာေတာ့ အိမ္အနီးမွာ႐ွိတဲ့ သစ္ေတာထဲကေန ဖုန္းျမည္သံကိုၾကားခဲ့ပါေတာ့တယ္ ။ ဖုန္းျမည္သံအတိုင္း လိုက္သြားခဲ့ခ်ိန္မွာေတာ့ အုန္းရြက္အပံုေတြၾကားထဲမွာ ဖုန္းျပဳတ္က်ေနခဲ့တာကို ေတြ႔႐ွိခဲ့တာပါ ။

မနက္ခင္းအေစာကတည္းက Zackryds ရဲ႕ ဖခင္က အိမ္အနီးဝန္းက်င္မွာ ထူးထူးဆန္းဆန္းေမ်ာက္တစ္ေကာင္ေတြ႔႐ွိခဲ့ေသးေၾကာင္း Zackryds ကိုေျပာျပခဲ့ပါေသးတယ္ ။ ေမ်ာက္တစ္ေကာင္က ဖုန္းကိုခိုးသြားမယ္လို႔ Zackryds ကလည္း လံုးဝမေတြးထင္ထားခဲ့ပါဘူး ။ Zackryds ရဲ႕ ေမာင္ႏွမေတြကလည္း သူခိုးက ဖုန္းထဲမွာေျခရာလက္ရာေတာ့ ခ်န္ထားခဲ့အံုးမွာပဲ ဆိုၿပီး Zackryds ကို စေနာက္ခဲ့ၾကပါတယ္ ။ ထို႔ေနာက္ ဖုန္းဖြင့္ၾကည့္လိုက္ခ်ိန္မွာေတာ့ ဖခင္ျဖစ္သူမနက္ကေတြ႔ခဲ့တယ္လို႔ေျပာတဲ့ ေမ်ာက္ရဲ႕ဓာတ္ပံုေတြကို ဖုန္းထဲမွာေတြ႔႐ွိခဲ့ပါေတာ့တယ္ ။

အစပိုင္းမွာေတာ့ Zackryds ဟာ သူ၏ဖုန္းကို ျပန္ေတြ႔ခဲ့ေပမဲ့လည္း အနည္းငယ္ထိခိုက္ပ်က္စီးသြားလို႔ စိတ္ဆိုးေဒါသထြက္ေနခဲ့တာပါ ။ ေနာက္ေတာ့ ဖုန္းရဲ႕ Gallery ကိုဖြင့္ၾကည့္ခဲ့ခ်ိန္မွာေတာ့ အဆိုပါေမ်ာက္ရဲ႕ selfie ဓာတ္ပံုေတြေၾကာင့္ စိတ္မထိန္းႏိုင္ေတာ့ဘဲ ေအာ္ရယ္ခဲ့မိပါေတာ့တယ္ ။ အဆိုပါ video ကို Zackryds ဟာ Twitter ေပၚမွာ ေဝမ်ွခဲ့ၿပီးေနာက္ အေတာ္ေလးကိုေရပန္းစားသြားခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source: .boredpanda

Unicode

ဖုန်းတွေဟာ လူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အပြင် ၊ အသုံပြုနေကြ ဖုန်းပါပျောက်သွားခဲ့ရင် အလုပ်တွေပျက်သွားတဲ့အထိ စိတ်ဒုက္ခရောက်ကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Johor ပြည်နယ် Batu Pahat မှာနေထိုင်တဲ့ အသက် 20 အရွယ် Zackryds Rodzi အမည်ရှိတဲ့ အမျိုးသားဟာ မမျှော်လင့်ထားတဲ့အချိန်မှာ ဖုန်းအခိုးခံလိုက်ရပါတယ် ။ ပြီးခဲ့တဲ့ စနေနေ့မနက်ခင်းက Zackryds ဟာ အိပ်ယာကနေထ ထချင်မှာ သူ့ရဲ့ဖုန်းပျောက်သွားတာကို သတိထားမိခဲ့ပါတယ် ။ သူခိုးတွေရဲ့ ခြေရာလက်ရာတွေကိုမတွေ့ရှိခဲ့လို့ Zackryds က တော်တော်လေးစဉ်းစားရခက်နေခဲ့ပါတယ် ။ ထို့နောက် သူ၏ဖုန်းကိုခေါ်လိုက်ချိန်မှာတော့ အိမ်အနီးမှာရှိတဲ့ သစ်တောထဲကနေ ဖုန်းမြည်သံကိုကြားခဲ့ပါတော့တယ် ။ ဖုန်းမြည်သံအတိုင်း လိုက်သွားခဲ့ချိန်မှာတော့ အုန်းရွက်အပုံတွေကြားထဲမှာ ဖုန်းပြုတ်ကျနေခဲ့တာကို တွေ့ရှိခဲ့တာပါ ။

မနက်ခင်းအစောကတည်းက Zackryds ရဲ့ ဖခင်က အိမ်အနီးဝန်းကျင်မှာ ထူးထူးဆန်းဆန်းမျောက်တစ်ကောင်တွေ့ရှိခဲ့သေးကြောင်း Zackryds ကိုပြောပြခဲ့ပါသေးတယ် ။ မျောက်တစ်ကောင်က ဖုန်းကိုခိုးသွားမယ်လို့ Zackryds ကလည်း လုံးဝမတွေးထင်ထားခဲ့ပါဘူး ။ Zackryds ရဲ့ မောင်နှမတွေကလည်း သူခိုးက ဖုန်းထဲမှာခြေရာလက်ရာတော့ ချန်ထားခဲ့အုံးမှာပဲ ဆိုပြီး Zackryds ကို စနောက်ခဲ့ကြပါတယ် ။ ထို့နောက် ဖုန်းဖွင့်ကြည့်လိုက်ချိန်မှာတော့ ဖခင်ဖြစ်သူမနက်ကတွေ့ခဲ့တယ်လို့ပြောတဲ့ မျောက်ရဲ့ဓာတ်ပုံတွေကို ဖုန်းထဲမှာတွေ့ရှိခဲ့ပါတော့တယ် ။

အစပိုင်းမှာတော့ Zackryds ဟာ သူ၏ဖုန်းကို ပြန်တွေ့ခဲ့ပေမဲ့လည်း အနည်းငယ်ထိခိုက်ပျက်စီးသွားလို့ စိတ်ဆိုးဒေါသထွက်နေခဲ့တာပါ ။ နောက်တော့ ဖုန်းရဲ့ Gallery ကိုဖွင့်ကြည့်ခဲ့ချိန်မှာတော့ အဆိုပါမျောက်ရဲ့ selfie ဓာတ်ပုံတွေကြောင့် စိတ်မထိန်းနိုင်တော့ဘဲ အော်ရယ်ခဲ့မိပါတော့တယ် ။ အဆိုပါ video ကို Zackryds ဟာ Twitter ပေါ်မှာ ဝေမျှခဲ့ပြီးနောက် အတော်လေးကိုရေပန်းစားသွားခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဖုန္းကိုခိုးၿပီး Selfie ဓာတ္ပံုေတြပါ ကိုယ္တိုင္႐ိုက္ယူခဲ့တဲ့ ေမ်ာက္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*