ကာယဗလမောင်ပြိုင်ပွဲမှာအနိုင်ရရှိအောင် နေ့စဉ်နေ့တိုင်း ကြက်ဥအလုံးပေါင်း 70 ရဲ့ အကာတွေကိုသာ စားသောက်ခဲ့တဲ့အမျိုးသား
Jasmine (Mckzone Daily)
Source: nextshark
Unicode
တရုတ်နိုင်ငံမှ အသက် 22နှစ်အရွယ် ကောလိပ်ကျောင်းသားဟာ ပြင်းထန်တဲ့အားကစားတွေပြုလုပ်ပြီး နေ့စဉ်နေ့တိုင်း ကြက်ဥအလုံးပေါင်း 70 ရဲ့အကာတွေကိုသာ စားသောက်ခဲ့လို့ နောက်ဆုံးကာယဗလမောင်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ် ။ Hangzhou မြိူ့မှာနေထိုင်တဲ့ ZhangNu အမည်ရှိတဲ့အဆိုပါကောလိပ်ကျောင်းသားဟာ ကာယဗလမောင်တစ်ယောက်ဖြစ်လာအောင် 2နှစ်ခန့်ကြိုးစားလေ့ကျင့်ခဲ့ရတာပါ ။ အရင်ချိန်တုန်းက ဓာတ်ပုံတွေကိုပြန်ကြည့်ရင် အတော်လေးပိန်ခဲ့တာကို သတိထားမိကြမှာပါ ။ Hangzhou ရဲ့ပြောပြချက်အရ ‘ တစ်ရက်မှာ ကျွန်တော်အိပ်ယာပေါ်မှာထိုင်ပြီး ကျွန်တော့်ရဲ့ဝမ်းဗိုက်ကိုပြန်ကြည့်လိုက်တယ် ပြီးတော့ စပ်ကြောင်းလေးတွေ့ခဲ့တယ် ၊ အတော်လေးကို စိတ်ဝင်စားသွားခဲ့ပြီးနောက်မှာတော့ ကျွန်တော်ပြင်းထန်တဲ့ ဝမ်းဗိုက်ကစားနည်းတွေကို စပြီးလေ့ကျင့်ခဲ့ပါတော့တယ် ‘ ဆိုပြီးပြောပြခဲ့ပါတယ် ။
လေ့ကျင့်သင်ကြားနေတဲ့ တစ်လျှောက်လုံးမှာလည်း Zhang ဟာ ပြိုင်ပွဲမကျင်းပမီ တစ်လ လုံးလုံးကြက်ဥအလုံးပေါင်း 70 ရဲ့အကာတွေကိုသာ စားခဲ့လို့ သူ၏ ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နည်းလမ်းဟာ လူအတော်အများကိုအံ့သြတုန်လှုပ်စေခဲ့ပါတယ် ။ Zhang ကတော့ ကာယဗလမောင်တွေအတွက်ကတော့ ယခုလိုကြက်ဥတွေစားတာက ကြွက်သားတွေအတွက် ပရိုတိန်းဓာတ်ဖြည့်ပေးတာဖြစ်လို့ ၊ ကာယဗလမောင်တွေ ကြက်ဥတွေအလွန်အမင်းစားကြတာက သူ့အတွက်တော့ အထူးအဆန်းမဟုတ်တော့ကြောင်းလည်း ဖြေကြားခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "ကာယဗလမောင်ပြိုင်ပွဲမှာအနိုင်ရရှိအောင် နေ့စဉ်နေ့တိုင်း ကြက်ဥအလုံးပေါင်း 70 ရဲ့ အကာတွေကိုသာ စားသောက်ခဲ့တဲ့အမျိုးသား"
Leave a comment
Your email address will not be published.
*