ေလတိုက္ရံုေလးနဲ႔ ကားကေရႊ႔ၿပီးထြက္သြားလို႔ ကားပိုင္႐ွင္ ႐ူးမတတ္ျဖစ္ခဲ့ရတဲ့အျဖစ္ ( ႐ုပ္သံ)

တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ သူစီးလာခဲ့တဲ့ကားေပ်ာက္သြားလို႔ ႐ူးမတတ္ေအာင္ျဖစ္ခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ တ႐ုတ္ႏိုင္ငံ ၊ Qingdao ၿမိဳ႕မွာေနထိုင္တဲ့ Huang အမည္႐ွိတဲ့အမ်ိဳးသားဟာ သူ၏ကားကို ကားပါကင္ထိုးတဲ့ေနရာမွာရပ္ၿပီး စတိုးဆိုင္တစ္ခုတြင္းသို႔ဝင္ကာ မိနစ္ 20 ခန္႔ၾကာသည္အထိ ေစ်းဝင္သံုးေနခဲ့တာပါ ။ ထို႔ေနာက္ ကားဆီသို႔ျပန္ေရာက္လာတဲ့အခ်ိန္မွာေတာ့ သူ၏ကားကိုလံုးဝ႐ွာမေတြ႔ေတာ့ပါဘူး ။ Huang ကေတာ့ သူေစ်းမသံုးခင္ ကားကိုပါကင္ထိုးထားတာေသခ်ာေၾကာင္း ရဲအရာ႐ွိေတြထံတိုင္ၾကားခဲ့ပါတယ္ ။ ထို႔အျပင္ ကားထဲမွာ ေငြ 5,000 ယြမ္ထည့္ထားေသးေၾကာင္း သက္ေသအေနနဲ႔ေျပာဆိုခဲ့ပါတယ္ ။

ေပ်ာက္ဆံုးသြားတဲ့ကားကို႐ွာေဖြဖို႔ ရဲအရာ႐ွိေတြကလည္း ခ်က္ခ်င္း စတိုးဆိုင္အနီးအနားမွာ႐ွိတဲ့ CCTV ေတြကို စစ္ေဆးခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္မွာေတာ့ ကားေပ်ာက္ဆံုးသြားတဲ့အျဖစ္ဟာ သူခိုးေတြေၾကာင့္မဟုတ္ဘဲ ေလတိုက္ခိုက္တာအ႐ွိန္ျပင္းလြန္းလို႔ ကားေရႊ႔သြားခဲ့တာျဖစ္ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္ ။

Huang ဟာ ကားရဲ႕ ပါကင္ဘရိတ္ကိုအသံုးမျပဳခဲ့လို႔ ေလတိုက္ခိုက္ႏႈန္းျမင့္မားတဲ့အခ်ိန္မွာ ကားကေရႊ႔သြားခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ကံေကာင္းစြာနဲ႔ ကားမွာေတာ့ ထိခိုက္ပ်က္စီးမႈလံုးဝမ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ Video ထဲမွာေတာ့ ကားေရႊ႔သြားစဥ္ အျခားေသာလမ္းသြားလမ္းလာမ်ားက ကားကိုေ႐ွာင္းၿပီးေတာ့မွ သြားခဲ့ရေၾကာင္း ေတြ႔႐ွိရမွာပါ ။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူစီးလာခဲ့တဲ့ကားပျောက်သွားလို့ ရူးမတတ်အောင်ဖြစ်ခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံ ၊ Qingdao မြို့မှာနေထိုင်တဲ့ Huang အမည်ရှိတဲ့အမျိုးသားဟာ သူ၏ကားကို ကားပါကင်ထိုးတဲ့နေရာမှာရပ်ပြီး စတိုးဆိုင်တစ်ခုတွင်းသို့ဝင်ကာ မိနစ် 20 ခန့်ကြာသည်အထိ ဈေးဝင်သုံးနေခဲ့တာပါ ။ ထို့နောက် ကားဆီသို့ပြန်ရောက်လာတဲ့အချိန်မှာတော့ သူ၏ကားကိုလုံးဝရှာမတွေ့တော့ပါဘူး ။ Huang ကတော့ သူဈေးမသုံးခင် ကားကိုပါကင်ထိုးထားတာသေချာကြောင်း ရဲအရာရှိတွေထံတိုင်ကြားခဲ့ပါတယ် ။ ထို့အပြင် ကားထဲမှာ ငွေ 5,000 ယွမ်ထည့်ထားသေးကြောင်း သက်သေအနေနဲ့ပြောဆိုခဲ့ပါတယ် ။

ပျောက်ဆုံးသွားတဲ့ကားကိုရှာဖွေဖို့ ရဲအရာရှိတွေကလည်း ချက်ချင်း စတိုးဆိုင်အနီးအနားမှာရှိတဲ့ CCTV တွေကို စစ်ဆေးခဲ့ပါတော့တယ် ။ ထိုအချိန်မှာတော့ ကားပျောက်ဆုံးသွားတဲ့အဖြစ်ဟာ သူခိုးတွေကြောင့်မဟုတ်ဘဲ လေတိုက်ခိုက်တာအရှိန်ပြင်းလွန်းလို့ ကားရွှေ့သွားခဲ့တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ် ။

Huang ဟာ ကားရဲ့ ပါကင်ဘရိတ်ကိုအသုံးမပြုခဲ့လို့ လေတိုက်ခိုက်နှုန်းမြင့်မားတဲ့အချိန်မှာ ကားကရွှေ့သွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ကံကောင်းစွာနဲ့ ကားမှာတော့ ထိခိုက်ပျက်စီးမှုလုံးဝမရှိခဲ့ကြောင်း သိရှိရပါတယ် ။ Video ထဲမှာတော့ ကားရွှေ့သွားစဉ် အခြားသောလမ်းသွားလမ်းလာများက ကားကိုရှောင်းပြီးတော့မှ သွားခဲ့ရကြောင်း တွေ့ရှိရမှာပါ ။

Jasmine (Mckzone Daily)

Be the first to comment on "ေလတိုက္ရံုေလးနဲ႔ ကားကေရႊ႔ၿပီးထြက္သြားလို႔ ကားပိုင္႐ွင္ ႐ူးမတတ္ျဖစ္ခဲ့ရတဲ့အျဖစ္ ( ႐ုပ္သံ)"

Leave a comment

Your email address will not be published.


*