မသန္မစြမ္းအိမ္နီးခ်င္းအမ်ိဳးသားကို ႏွစ္ေပါင္း 30 ​ေက်ာ္ခန္႔ ျပဳစုေစာင့္ေ႐ွာက္ေပးခဲ့တဲ့ မုဆိုးမရဲ႕အျဖစ္

တရုတ္နိုင္ငံမွာ ​ေနထိုင္တဲ့Wu Yuxia အမည္႐ွိတဲ့မုဆိုးမတစ္ဦးဟာ သူမေနအိမ္အနီးမွာ႐ွိတဲ့ မသန္မစြမ္းအမ်ိဳးသားကို ဆယ္စုႏွစ္ေပါင္း 3စုၾကာသည္အထိ ေစာင့္ေ႐ွာက္ခဲ့ပါတယ္ ။ Lu အမည္႐ွိတဲ့ အသက္ 56 ႏွစ္အရြယ္ အိပ္ယာထဲအျမဲလဲေနရတဲ့အမ်ိဳးသားဟာ အသက္ 6ႏွစ္သားအရြယ္မွာ မိခင္ကိုဆံုး႐ႈံးခဲ့ရၿပီး ၊ အသက္ 10 ႏွစ္သားအရြယ္မွာ ဖခင္ကိုဆံုး႐ႈံးခဲ့ရသူျဖစ္ပါတယ္ ။ ထို႔အျပင္ ဆယ္ေက်ာ္သက္အရြယ္ကတည္းကျပင္းထန္တဲ့ေရာဂါေဝဒနာကိုခံစားခဲ့ရလို႔ မ်က္စိကြယ္သြားခဲ့တဲ့အျပင္ ၊ နားပင္းသြားခဲ့ေသးေၾကာင္း သိ႐ွိရပါတယ္ ။ Liu ဟာ မိသားစုႀကီးတစ္ခုကေနဆင္းသက္လာခဲ့ေပမဲ့လည္း အစ္ကိုႀကီးျဖစ္သူ ေသဆံုးသြားၿပီးေနာက္ ၊ အစ္မျဖစ္သူေတြကလည္း အိမ္ေထာင္က်သြားၿပီး ကိုယ့္အိုးကိုယ့္အိမ္ထူေထာင္သြားခဲ့ၾကလို႔ Liu ကို ဘယ္သူကမွ ဂ႐ုမစိုက္ႏိုင္ခဲ့ၾကပါဘူး ။

အကူအညီလိုအပ္ေနတဲ့ Liu ကို မ်က္ကြယ္မျပဳႏိုင္တဲ့အဆံုး Wu က တာဝန္ယူေပးဖို႔ဆံုးျဖတ္ခဲ့ပါတယ္ ။ ႏွစ္ေပါင္း 20 ဝန္းက်င္က Wu ဟာ Liu ရဲ႕ေနအိမ္သို႔ သြာလိုက္ ၊ ျပန္လိုက္ နဲ႔ဂ႐ုစိုက္ေပးေနခဲ့ရတာပါ ။ လြန္ခဲ့တဲ့ 10ႏွစ္ခန္႔ကမွ Wu ရဲ႕ခင္ပြန္းဟာ Liu အတြက္ ေနထိုင္ဖို႔ အခန္းငယ္ေလးျပင္ဆင္ေပးခဲ့တာပါ ။ Wu ရဲ႕အလုပ္က Liu ကို သီးသန္႔ျပဳစုဖို႔မဟုတ္ဘဲ တစ္ခ်ိန္တည္းမွာ သူမရဲ႕ကေလး 3ေယာက္ ႏွင့္ အဘိုးအဘြားေတြကိုပါ ျပဳစုေပးေနခဲ့ရတာပါ ။ ကံဆိုးစြာနဲ႔ပဲ မိသားစုတစ္ခုလံုးကို႐ွာေဖြေကြၽးေမြးေပးေနတဲ့ ခင္ပြန္းျဖစ္သူေသဆံုးသြားခဲ့ခ်ိန္မွာေတာ့ အပိုဝင္ေငြရေအာင္ Wu ဟာ တစ္လကို 5ရက္ခန္႔အျပင္မွာ အလုပ္ထြက္လုပ္ခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း Liu ကို ေကြၽးေမြးေစာင့္ေ႐ွာက္ေပးေနရလို႔ Wu ဟာ ေနာင္တရ႐ွိခဲ့တာမ်ိဳး လံုးဝမ႐ွိခဲ့ပါဘူး ။

ၿပီးခဲ့တဲ့ႏွစ္မွ အဆိုပါအျဖစ္အပ်က္ကို အစိုးရကသိ႐ွိသြားခဲ့ၿပီး Liu အတြက္ေထာက္ပံ့ေၾကးေတြ ေပးအပ္ခဲ့ပါတယ္ ။ အဆိုပါေထာက္ပံ့ေၾကးေတြေၾကာင့္ Wu ဟာ အျပင္ထြက္ၿပီးအလုပ္မလုပ္ရေတာ့ပဲ Liu ကိုသက္သက္သာသာ ၾကည့္႐ႈႏိုင္ခဲ့တာပါ ။ ရြာသူႀကီးက Wu ကိုေနာက္ပိုင္း Liu ကို တာဝန္ေစာင့္ေ႐ွာက္ေပးဖို႔မလိုေၾကာင္း ၊ အစိုးရဖက္က ၾကည့္႐ႈေစာင့္ေ႐ွာက္ေပးသူ ငွါးရမ္းေပးမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ႏွစ္ေပါင္း 30 ေက်ာ္ေလာက္ ေစာင့္ေ႐ွာက္ေပးလာတဲ့ Wu ေလာက္ေတာ့ ဘယ္သူကမွလိုက္လို႔မီႏိုင္မွာမဟုတ္ပါဘူး ။

Jasmine (Mckzone Daily)

Source: /nextshark.

Unicode

တရုတ်နိုင်ငံမှာ နေထိုင်တဲ့Wu Yuxia အမည်ရှိတဲ့မုဆိုးမတစ်ဦးဟာ သူမနေအိမ်အနီးမှာရှိတဲ့ မသန်မစွမ်းအမျိုးသားကို ဆယ်စုနှစ်ပေါင်း 3စုကြာသည်အထိ စောင့်ရှောက်ခဲ့ပါတယ် ။ Lu အမည်ရှိတဲ့ အသက် 56 နှစ်အရွယ် အိပ်ယာထဲအမြဲလဲနေရတဲ့အမျိုးသားဟာ အသက် 6နှစ်သားအရွယ်မှာ မိခင်ကိုဆုံးရှုံးခဲ့ရပြီး ၊ အသက် 10 နှစ်သားအရွယ်မှာ ဖခင်ကိုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ် ။ ထို့အပြင် ဆယ်ကျော်သက်အရွယ်ကတည်းကပြင်းထန်တဲ့ရောဂါဝေဒနာကိုခံစားခဲ့ရလို့ မျက်စိကွယ်သွားခဲ့တဲ့အပြင် ၊ နားပင်းသွားခဲ့သေးကြောင်း သိရှိရပါတယ် ။ Liu ဟာ မိသားစုကြီးတစ်ခုကနေဆင်းသက်လာခဲ့ပေမဲ့လည်း အစ်ကိုကြီးဖြစ်သူ သေဆုံးသွားပြီးနောက် ၊ အစ်မဖြစ်သူတွေကလည်း အိမ်ထောင်ကျသွားပြီး ကိုယ့်အိုးကိုယ့်အိမ်ထူထောင်သွားခဲ့ကြလို့ Liu ကို ဘယ်သူကမှ ဂရုမစိုက်နိုင်ခဲ့ကြပါဘူး ။

အကူအညီလိုအပ်နေတဲ့ Liu ကို မျက်ကွယ်မပြုနိုင်တဲ့အဆုံး Wu က တာဝန်ယူပေးဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ နှစ်ပေါင်း 20 ဝန်းကျင်က Wu ဟာ Liu ရဲ့နေအိမ်သို့ သွာလိုက် ၊ ပြန်လိုက် နဲ့ဂရုစိုက်ပေးနေခဲ့ရတာပါ ။ လွန်ခဲ့တဲ့ 10နှစ်ခန့်ကမှ Wu ရဲ့ခင်ပွန်းဟာ Liu အတွက် နေထိုင်ဖို့ အခန်းငယ်လေးပြင်ဆင်ပေးခဲ့တာပါ ။ Wu ရဲ့အလုပ်က Liu ကို သီးသန့်ပြုစုဖို့မဟုတ်ဘဲ တစ်ချိန်တည်းမှာ သူမရဲ့ကလေး 3ယောက် နှင့် အဘိုးအဘွားတွေကိုပါ ပြုစုပေးနေခဲ့ရတာပါ ။ ကံဆိုးစွာနဲ့ပဲ မိသားစုတစ်ခုလုံးကိုရှာဖွေကျွေးမွေးပေးနေတဲ့ ခင်ပွန်းဖြစ်သူသေဆုံးသွားခဲ့ချိန်မှာတော့ အပိုဝင်ငွေရအောင် Wu ဟာ တစ်လကို 5ရက်ခန့်အပြင်မှာ အလုပ်ထွက်လုပ်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း Liu ကို ကျွေးမွေးစောင့်ရှောက်ပေးနေရလို့ Wu ဟာ နောင်တရရှိခဲ့တာမျိုး လုံးဝမရှိခဲ့ပါဘူး ။

ပြီးခဲ့တဲ့နှစ်မှ အဆိုပါအဖြစ်အပျက်ကို အစိုးရကသိရှိသွားခဲ့ပြီး Liu အတွက်ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပါတယ် ။ အဆိုပါထောက်ပံ့ကြေးတွေကြောင့် Wu ဟာ အပြင်ထွက်ပြီးအလုပ်မလုပ်ရတော့ပဲ Liu ကိုသက်သက်သာသာ ကြည့်ရှုနိုင်ခဲ့တာပါ ။ ရွာသူကြီးက Wu ကိုနောက်ပိုင်း Liu ကို တာဝန်စောင့်ရှောက်ပေးဖို့မလိုကြောင်း ၊ အစိုးရဖက်က ကြည့်ရှုစောင့်ရှောက်ပေးသူ ငှါးရမ်းပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း နှစ်ပေါင်း 30 ကျော်လောက် စောင့်ရှောက်ပေးလာတဲ့ Wu လောက်တော့ ဘယ်သူကမှလိုက်လို့မီနိုင်မှာမဟုတ်ပါဘူး ။

Jasmine (Mckzone Daily)

Be the first to comment on "မသန္မစြမ္းအိမ္နီးခ်င္းအမ်ိဳးသားကို ႏွစ္ေပါင္း 30 ​ေက်ာ္ခန္႔ ျပဳစုေစာင့္ေ႐ွာက္ေပးခဲ့တဲ့ မုဆိုးမရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*