အဖ်က္ပိုးေကာင္ေတြကို ဝါးမ်ိဳပစ္ဖို႔ လယ္ခင္းထဲသို႔ ဘဲေကာင္ေရေပါင္း 10,000 ေက်ာ္ေစလႊတ္ခဲ့တဲ့ (႐ုပ္သံ)

မၾကာေသးခင္က ထိုင္းႏိုင္ငံ ၊ Nakhom Pathom ၿမိဳ႕အနီး လယ္ခင္းထဲသို႔ ဘဲအေကာင္ေရေပါင္း 10,000 ေစလႊတ္ခဲ့တဲ့ video ဟာ အေတာ္ေလးကိုၾကည့္႐ႈသူမ်ားခဲ့ပါတယ္ ။ ဒါကေတာ့ ထိုင္းဘာသာျဖင့္ ped lai thoong လို႔ေခၚတဲ့ ေ႐ွ႕႐ိုးရာနည္းလမ္းတစ္မ်ိဳးျဖစ္ပါတယ္ ။ စပါးေတြရိတ္သိမ္းၿပီးခ်ိန္ေတြဆိုရင္ လယ္ခ႐ုေတြႏွင့္ အျခားေသာ အဖ်က္ပိုးမႊားအေကာင္ေတြကို ဖယ္႐ွား႐ွင္းလင္းဖို႔ လိုအပ္ေနပါေသးတယ္ ။ ထို႔ေၾကာင့္ ပိုးမႊားေတြကိုဖယ္႐ွား႐ွင္းလင္းဖို႔ ဘဲအေကာင္ေရေပါင္း 10,000 ကို ယခုလို လယ္ကြင္းအတြင္းသို႔ေစလႊတ္ခဲ့ရတာျဖစ္ပါတယ္ ။

ဘဲေမြးျမဴေရးပိုင္႐ွင္း အသက္ 34 ႏွစ္အရြယ္ Apiwat Chalermklin ရဲ႕ေျပာျပခ်က္အရ ” အက်ိဳးေက်းဇူးကေတာ့ ဘဲေတြကိုအစာေကြၽးရတာ သက္သာတာပါပဲ ။ ၿပီးေတာ့ ဘဲေတြက အျခားေသာပိုးေကာင္ေတြကို ဝါးမ်ိဳစားေသာက္ခဲ့တဲ့အတြက္ လယ္သမားေတြကလည္း လယ္ခင္းထဲကို ဓာတုဓာတ္ေျမၾသဇာေတြ သိပ္ၿပီးမထည့္ရေတာ့လို႔ ႏွစ္ဦးႏွစ္ဖက္ အက်ိဳး႐ွိပါတယ္ ” ဆိုၿပီးေျပာျပခဲ့ပါတယ္ ။ ဘဲေတြကလည္း လယ္သမားေတြစိတ္တိုင္းက်ေလာက္တဲ့အထိ သူတို႔ရဲ႕အလုပ္ကိုအေကာင္းဆံုးလုပ္ေပးခဲ့ၾကပါတယ္ ။

လယ္ပိုင္႐ွင္ကလည္း ” ဘဲေတြက ခ႐ုေတြ နဲ႔ လယ္ကြင္းထဲမွာ ႂကြင္းက်န္ရစ္ေနတဲ့ စပါးအက်န္ေတြကို အကုန္စားပစ္ခဲ့ၾကပါတယ္ ၊ ဘဲေတြက ေျမျပင္ေပၚက စပါး႐ိုးျပတ္ေတြကိုပါ ျပားသြားေအာင္းနင္းပစ္ခဲ့ၾကလို႔ လယ္ထြန္ယက္တဲ့အခ်ိန္ပိုၿပီး လြယ္ကူေစပါတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ အဆိုပါနည္းလမ္းေတြကို ထိုင္းႏိုင္ငံ႐ွိျပည္နယ္အေတာ္မ်ားမ်ား အသံုးျပဳေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

မကြာသေးခင်က ထိုင်းနိုင်ငံ ၊ Nakhom Pathom မြို့အနီး လယ်ခင်းထဲသို့ ဘဲအကောင်ရေပေါင်း 10,000 စေလွှတ်ခဲ့တဲ့ video ဟာ အတော်လေးကိုကြည့်ရှုသူများခဲ့ပါတယ် ။ ဒါကတော့ ထိုင်းဘာသာဖြင့် ped lai thoong လို့ခေါ်တဲ့ ရှေ့ရိုးရာနည်းလမ်းတစ်မျိုးဖြစ်ပါတယ် ။ စပါးတွေရိတ်သိမ်းပြီးချိန်တွေဆိုရင် လယ်ခရုတွေနှင့် အခြားသော အဖျက်ပိုးမွှားအကောင်တွေကို ဖယ်ရှားရှင်းလင်းဖို့ လိုအပ်နေပါသေးတယ် ။ ထို့ကြောင့် ပိုးမွှားတွေကိုဖယ်ရှားရှင်းလင်းဖို့ ဘဲအကောင်ရေပေါင်း 10,000 ကို ယခုလို လယ်ကွင်းအတွင်းသို့စေလွှတ်ခဲ့ရတာဖြစ်ပါတယ် ။

ဘဲမွေးမြူရေးပိုင်ရှင်း အသက် 34 နှစ်အရွယ် Apiwat Chalermklin ရဲ့ပြောပြချက်အရ ” အကျိုးကျေးဇူးကတော့ ဘဲတွေကိုအစာကျွေးရတာ သက်သာတာပါပဲ ။ ပြီးတော့ ဘဲတွေက အခြားသောပိုးကောင်တွေကို ဝါးမျိုစားသောက်ခဲ့တဲ့အတွက် လယ်သမားတွေကလည်း လယ်ခင်းထဲကို ဓာတုဓာတ်မြေသြဇာတွေ သိပ်ပြီးမထည့်ရတော့လို့ နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ် ” ဆိုပြီးပြောပြခဲ့ပါတယ် ။ ဘဲတွေကလည်း လယ်သမားတွေစိတ်တိုင်းကျလောက်တဲ့အထိ သူတို့ရဲ့အလုပ်ကိုအကောင်းဆုံးလုပ်ပေးခဲ့ကြပါတယ် ။

လယ်ပိုင်ရှင်ကလည်း ” ဘဲတွေက ခရုတွေ နဲ့ လယ်ကွင်းထဲမှာ ကြွင်းကျန်ရစ်နေတဲ့ စပါးအကျန်တွေကို အကုန်စားပစ်ခဲ့ကြပါတယ် ၊ ဘဲတွေက မြေပြင်ပေါ်က စပါးရိုးပြတ်တွေကိုပါ ပြားသွားအောင်းနင်းပစ်ခဲ့ကြလို့ လယ်ထွန်ယက်တဲ့အချိန်ပိုပြီး လွယ်ကူစေပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။ အဆိုပါနည်းလမ်းတွေကို ထိုင်းနိုင်ငံရှိပြည်နယ်အတော်များများ အသုံးပြုနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အဖ်က္ပိုးေကာင္ေတြကို ဝါးမ်ိဳပစ္ဖို႔ လယ္ခင္းထဲသို႔ ဘဲေကာင္ေရေပါင္း 10,000 ေက်ာ္ေစလႊတ္ခဲ့တဲ့ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*