ရင်သားခွဲစိတ်ပြုပြင်ခဲ့မိလို့ ပြုတ်ထွက်တဲ့အထိ ဒုက္ခကြုံခဲ့ရတဲ့ အမျိုးသမီး

မကြာသေးခင်က ထိုင်းနိုင်ငံမှအသက် 29နှစ်အရွယ်အမျိုးသမီးဟာ သူမရင်သားအနည်းငယ်လျှော့ကျသွားအောင်ခွဲစိတ်ပြုပြင်ဖို့ 7,0000 baht (မြန်မာငွေ 35သိန်းကျော်) အကုန်ကျခံခဲ့ပေမဲ့လည်း ခွဲစိတ်ပြီးနောက်မှာတော့သူမ၏ နို့သီးခေါင်များဟာ ပြုတ်ထွက်သွားခဲ့တဲ့အဖြစ်အပျက်မျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ အဆိုပါအမျိုးသမီးဟာ ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် သူမရဲ့ရင်သားကို 380cc ကနေ 275cc အထိသို့လျော့ကျချင်ခဲ့ပါတယ် ။ ပုံမှန်ဆိုရင် ခွဲစိတ်တဲ့ကုန်ကျစရိတ်က 79,000 baht (မြန်မာငွေ သိန်း40 ဝန်းကျင်) ရှိပေမဲ့လည်း သူမကိုငွေအမောင့်စေ့စပ်ညှိနှိုင်းပေးခဲ့ပြီး 70,000 baht သာဈေးနှုန်းကျခံစေခဲ့ပါတယ် ။ ခွဲစိတ်ပြုပြင်ပြီးတဲ့အချိန်မှာတော့ ခွဲစိတ်မှုကသူမထင်ထားတာထက် လျင်လျင်မြန်မြန်ပြီးဆုံးသွားခဲ့တဲ့အတွက် အဆိုပါအမျိုးသမီးဟာ သံသယတော့ဖြစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း ၎င်းဆေးခန်းဟာယုံကြည်စိတ်ချရတဲ့ဆေးခန်းဖြစ်နေခဲ့တဲ့အတွက် သူမဘာကိုမှ သံသယဖြစ်မနေတော့ပဲ နောက်ပိုင်းမှလာပြီးစစ်ဆေးမှုခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ပဲ အဆင်မပြေခဲ့ပါဘူး ။ ခွဲစိတ်ပြုပြင်မှုခံယူပြီးရက်အနည်းငယ်မှာတော့ သူမရဲ့နို့သီးခေါင်းထိပ်နားမှာ မဲနေတဲ့ဒဏ်ရာလေးကိုတွေ့ရှိခဲ့ပြီး သူမရဲ့နို့သီးခေါင်းပုပ်သိုးသွားခြင်းဖြစ်သည်ဟု သံသယဖြစ်ခဲ့ပါတယ် ။ ဆရာဝန်ကတော့ ဘားမှမဖြစ်ဘူးဆိုပြီးအခိုင်အမာပြောဆိုခဲ့ပေမဲ့လည်း ဒဏ်ရာဟာအတော်လေးကိုမာကျောလာခဲ့ပြီး အတော်နာကျင်ခဲ့ရပါတယ် ။

သူမ ဆေးခန်းသို့ပြန်သွားပြခဲ့တဲ့အချိန်မှာတော့ ဆရာဝန်ကသူမ၏အခြေအနေဟာ နောက်ထပ် ခွဲစိတ်ကုသမှုပြုလုပ်ဖို့လိုအပ်နေကြောင်း ဆုံးဖြတ်ခဲ့ပါတယ် ။ ထို့နောက် သူမကိုခွဲစိတ်ကုတင်ပေါ်မှာလှဲလျောင်းစေခဲ့ပြီး သူမ၏မျက်လုံးကိုပုဝါဖြင့်ဖုံးအုပ်ထားခဲ့ပါတယ် ။ ဆရာဝန်ကသူမကိုမေ့ဆေးထိုးပေခဲ့ပြီးနောက် သူမ၏ဒဏ်ရာကိုဖြတ်ထုတ်ပစ်လိုက်သလို သူမခံစားခဲ့ရပါတယ် ။ နောက်ဆုံးကြည့်ခွင့်ရခဲ့တဲ့အချိန်ရောက်မှ သူမ၏ညာဖက်နို့သီးမှာ ဖြတ်ထုတ်ခံလိုက်ရလို့မရှိတော့ဘဲ ၊ ဘယ်ဖက်နို့သီးမှာလည်း အနည်းငယ်ပြူးထွက်နေခဲ့ပါတယ် ။ သူမ၏ခန္ဓာကိုယ်ကို ရက်ရက်စက်စက် အကြမ်းဖက်ခြင်းကိုခံခဲ့ရတဲ့အတွက် အဆိုပါအမျိုးသမီးက ဆရာဝန်၏လက်ထောက်ကို 500,000 baht (မြန်မာငွေ သိန်းပေါင်း 250 ကျော်) လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ပါတော့တယ် ။

သို့ပေမဲ့လည်း ဆေးခန်းမှတာဝန်ရှိသူများက အဆိုပါကိစ္စရပ်အတွက်တာဝန်ယူဖို့ကိုငြင်းပယ်ခဲ့သည့်အပြင် တောင်ပန်စကားပြောဆိုဖို့ကိုလည်းငြင်းပယ်ခဲ့ပြီး သူမ၏မကျေမနပ်ပြောဆိုမှုများကိုလည်း အပြစ်တင်ဝေဖန်ခဲ့ကာ တိုင်တန်းမှုပြုလုပ်ဖို့အတွက်လည်း စိန်ခေါ်ခဲ့ပါသေးတယ် ။ ထို့ကြောင့် အဆိုပါအမျိုးသမီးဟာအခြားဆေးခန်းသို့ပြန်သွားပြုပြီး သူမ၏ရင်သားကိုပြန်လည်ပြုပြင်ခဲ့ရာ 300,000 baht (မြန်မာငွေ သိန်း 150ခန့်) ပြန်လည်ကုန်ကျခဲ့ကြောင်းသိရှိရပါတယ် ။ လက်ရှိမှာတော့ အဆိုပါအမျိုးသမီးဟာသူမ၏ရှေ့နေများဖြင့် အဆိုပါဆေးခန်းကို ရဲစခန်းတွင်တိုင်ကြားပြီးအမှုဖွင့်ထားလျက်ရှိကြောင်းသိရှိရပါတယ် ။ အဆိုပါဆေးခန်းမှာလည်း သူတို့၏တာဝန်မယူသည့်လုပ်ရပ်များအတွက် အပြစ်ပေးခံရဖို့ လူအများကမျှော်လင့်လျက်ရှိနေကြပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ရင်သားခွဲစိတ်ပြုပြင်ခဲ့မိလို့ ပြုတ်ထွက်တဲ့အထိ ဒုက္ခကြုံခဲ့ရတဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*