2ႏွစ္သားအရြယ္ကတည္းက ေပ်ာက္ဆံုးသြားတဲ့သားငယ္ေလးကို 38 ႏွစ္ၾကာမွျပန္ဆံုစည္းႏိုင္ခဲ့တဲ့ မိဘေတြရဲ႕အျဖစ္

Jin Shui အမည္႐ွိတဲ့အမ်ိဳးသားဟာ 2ႏွစ္သားအရြယ္တုန္းက တ႐ုတ္ႏိုင္ငံ ၊ Shaanxi ျပည္နယ္မွာ႐ွိတဲ့ ရြာငယ္ေလးတစ္ရြာကေန ခိုးယူျခင္းခံခဲ့ရပါတယ္ ။ 1982 ခုႏွစ္ May 12 ရက္ေန႔က Jin Shui ရဲ႕မိခင္ျဖစ္သူဟာ အိပ္ယာကေနႏိုးထၿပီးေနာက္မွာေတာ့ သားျဖစ္သူေပ်ာက္ဆံုးသြားမွန္းကို သတိထားမိခဲ့ပါေတာ့တယ္ ။ အဆိုပါညက ဖခင္ျဖစ္သူ Su Bingde က ေဆြးမ်ိဳးအိမ္သို႔သြားေရာက္လည္ပတ္ခဲ့ၿပီး ေနအိမ္သို႔ျပန္မအိပ္ခဲ့ပါဘူး ။ မိခင္ျဖစ္သူ Huang Renxiu ကလည္း ခင္ပြန္းျပန္လာမည္အထင္နဲ႔ ညဖက္တံခါးဖြင္ၿပီး အိပ္ေမာက်ခဲ့တာပါ ။ ထို႔ေၾကာင့္ ျပန္ေပးဆြဲသူေတြက အခြင့္အေရးရသြားခဲ့ၿပီး ကေလးကိုခိုးယူသြားခဲ့တာျဖစ္ပါတယ္ ။ ေနာက္တစ္ရက္မွာေတာ့ မိဘႏွစ္ပါးလံုး ကေလးငယ္ကိုအသည္းအသန္႐ွာေဖြခဲ့ၾကၿပီး ၊ ႏွစ္ေပါင္းအနည္းငယ္ၾကာသည္အထိ ႐ွာေဖြမႈကိုမရပ္နားခဲ့ပါဘူး ။

မိခင္ျဖစ္သူမွာလည္း သားစိတ္ေၾကာင့္ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးေတြ ထိခိုက္လာခဲ့ပါေတာ့တယ္ ။ ေနာက္ဆံုးမွ စိတ္ဒဏ္ရာရၿပီး အဆိုပါရြာကေန မိဘႏွစ္ပါးလံုးကထြက္ခြာလာခဲ့ပါေတာ့တယ္ ။ Su ႏွင့္ Huang ဟာ အသက္ 70 ဝန္းက်င္ေရာက္ခဲ့ခ်ိန္မွ DNA စစ္ေဆးခ်က္ေတြေၾကာင့္ သားျဖစ္သူကို႐ွာေတြ႔ခဲ့ၿပီျဖစ္ေၾကာင္း ရဲအရာ႐ွိေတြထံမွ ၿပီးခဲ့တဲ့ အဂၤါေန႔က အေၾကာင္းၾကားျခင္းခံခဲ့ရပါတယ္ ။ ဖခင္ျဖစ္သူ သားကို႐ွာေဖြတာမ်ိဳးရပ္တန္႔လိုက္ေတာ့မည့္အခ်ိန္ ၊ ကိုယ့္ရဲ႕ အသုဘပြဲအတြက္ ေငြစုထားေတာ့မယ္လို႔ ဆံုးျဖတ္ထားတဲ့အခ်ိန္မွာ ယခုလိုသားျဖစ္သူနဲ႔ ဆံုစည္းႏိုင္ခဲ့တာပါ ။ သားျဖစ္သူမွာေတာ့ အသက္ 40 အရြယ္ ၊ Li Guolin အမည္႐ွိတဲ့ ကေလးႏွစ္ေယာက္ရဲ႕ဖခင္ျဖစ္ေနခဲ့ပါၿပီ ။

သားျဖစ္သူကိုျပန္ဆံုစည္းႏိုင္ခဲ့ခ်ိန္မွာေတာ့ မိဘႏွစ္ပါးလံုးက သားကိုတင္းၾကပ္စြာေပြ႔ဖက္ထားၿပီး ေအာ္ဟစ္ငိုေႂကြးခဲ့ပါေတာ့တယ္ ။ မိခင္ျဖစ္သူမွာေတာ့ ‘ ဒီလိုေန႔ေရာက္လာဖို႔ ကြၽန္မ 38 ႏွစ္ေလာက္ေစာင့္ခဲ့ရတယ္ ၊ ေျမးေလးေတြနဲ႔ ေတြ႔ဆံုခြင့္ရမယ္လို႔ မထင္ထားဘူး ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ ထို႔ေနာက္ သားအမိ 3ေယာက္လံုး ေမြးရပ္ေျမျဖစ္တဲ့ရြာေလးဆီသို႔ျပန္သြားခဲ့ၿပီး သားျဖစ္သူနဲ႔ျပန္ဆံုေတြ႔ႏိုင္ခဲ့တဲ့ အထိမ္အမွတ္အေနနဲ႔ ေပ်ာ္ပြဲရႊင္ပြဲျပဳလုပ္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: /nextshark

Unicode

Jin Shui အမည်ရှိတဲ့အမျိုးသားဟာ 2နှစ်သားအရွယ်တုန်းက တရုတ်နိုင်ငံ ၊ Shaanxi ပြည်နယ်မှာရှိတဲ့ ရွာငယ်လေးတစ်ရွာကနေ ခိုးယူခြင်းခံခဲ့ရပါတယ် ။ 1982 ခုနှစ် May 12 ရက်နေ့က Jin Shui ရဲ့မိခင်ဖြစ်သူဟာ အိပ်ယာကနေနိုးထပြီးနောက်မှာတော့ သားဖြစ်သူပျောက်ဆုံးသွားမှန်းကို သတိထားမိခဲ့ပါတော့တယ် ။ အဆိုပါညက ဖခင်ဖြစ်သူ Su Bingde က ဆွေးမျိုးအိမ်သို့သွားရောက်လည်ပတ်ခဲ့ပြီး နေအိမ်သို့ပြန်မအိပ်ခဲ့ပါဘူး ။ မိခင်ဖြစ်သူ Huang Renxiu ကလည်း ခင်ပွန်းပြန်လာမည်အထင်နဲ့ ညဖက်တံခါးဖွင်ပြီး အိပ်မောကျခဲ့တာပါ ။ ထို့ကြောင့် ပြန်ပေးဆွဲသူတွေက အခွင့်အရေးရသွားခဲ့ပြီး ကလေးကိုခိုးယူသွားခဲ့တာဖြစ်ပါတယ် ။ နောက်တစ်ရက်မှာတော့ မိဘနှစ်ပါးလုံး ကလေးငယ်ကိုအသည်းအသန်ရှာဖွေခဲ့ကြပြီး ၊ နှစ်ပေါင်းအနည်းငယ်ကြာသည်အထိ ရှာဖွေမှုကိုမရပ်နားခဲ့ပါဘူး ။

မိခင်ဖြစ်သူမှာလည်း သားစိတ်ကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေ ထိခိုက်လာခဲ့ပါတော့တယ် ။ နောက်ဆုံးမှ စိတ်ဒဏ်ရာရပြီး အဆိုပါရွာကနေ မိဘနှစ်ပါးလုံးကထွက်ခွာလာခဲ့ပါတော့တယ် ။ Su နှင့် Huang ဟာ အသက် 70 ဝန်းကျင်ရောက်ခဲ့ချိန်မှ DNA စစ်ဆေးချက်တွေကြောင့် သားဖြစ်သူကိုရှာတွေ့ခဲ့ပြီဖြစ်ကြောင်း ရဲအရာရှိတွေထံမှ ပြီးခဲ့တဲ့ အင်္ဂါနေ့က အကြောင်းကြားခြင်းခံခဲ့ရပါတယ် ။ ဖခင်ဖြစ်သူ သားကိုရှာဖွေတာမျိုးရပ်တန့်လိုက်တော့မည့်အချိန် ၊ ကိုယ့်ရဲ့ အသုဘပွဲအတွက် ငွေစုထားတော့မယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်မှာ ယခုလိုသားဖြစ်သူနဲ့ ဆုံစည်းနိုင်ခဲ့တာပါ ။ သားဖြစ်သူမှာတော့ အသက် 40 အရွယ် ၊ Li Guolin အမည်ရှိတဲ့ ကလေးနှစ်ယောက်ရဲ့ဖခင်ဖြစ်နေခဲ့ပါပြီ ။

သားဖြစ်သူကိုပြန်ဆုံစည်းနိုင်ခဲ့ချိန်မှာတော့ မိဘနှစ်ပါးလုံးက သားကိုတင်းကြပ်စွာပွေ့ဖက်ထားပြီး အော်ဟစ်ငိုကြွေးခဲ့ပါတော့တယ် ။ မိခင်ဖြစ်သူမှာတော့ ‘ ဒီလိုနေ့ရောက်လာဖို့ ကျွန်မ 38 နှစ်လောက်စောင့်ခဲ့ရတယ် ၊ မြေးလေးတွေနဲ့ တွေ့ဆုံခွင့်ရမယ်လို့ မထင်ထားဘူး ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ ထို့နောက် သားအမိ 3ယောက်လုံး မွေးရပ်မြေဖြစ်တဲ့ရွာလေးဆီသို့ပြန်သွားခဲ့ပြီး သားဖြစ်သူနဲ့ပြန်ဆုံတွေ့နိုင်ခဲ့တဲ့ အထိမ်အမှတ်အနေနဲ့ ပျော်ပွဲရွှင်ပွဲပြုလုပ်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "2ႏွစ္သားအရြယ္ကတည္းက ေပ်ာက္ဆံုးသြားတဲ့သားငယ္ေလးကို 38 ႏွစ္ၾကာမွျပန္ဆံုစည္းႏိုင္ခဲ့တဲ့ မိဘေတြရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*