အဘိုးဖြစ်သူကို ကယ်တင်ဖို့အတွက် မီးလောင်နေတဲ့အိမ်ထဲသို့ပြေးဝင်ခဲ့တဲ့ 6နှစ်အရွယ်ကလေး

အားလုံသိကြသလိုပဲ ကလေးငယ်တွေဟာ သူတို့ရဲ့ခံစားချက်တွေကို ရိုးရိုးသားသားဖွင့်ဆိုပြသလေ့ရှိပါတယ် ။ အရာတစ်ခုခုကိုလုပ်ဆောင်ဖို့ လူကြီးတွေကစဉ်းစားတွေးတောနေတတ်ပေမဲ့လည်း ကလေးငယ်တွေဟာ စဉ်းစားခြင်းမျိုးမရှိဘဲ သူတို့လေးတွေရဲ့စိတ်ဆန္ဒအတိုင်းချက်ချင်းလုပ်ဆောင်လေ့ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း ကလေးငယ်တစ်ယောက်ဟာ မီးလောင်ကျွမ်းနေတဲ့နေအိမ်ထဲမှာ ပိတ်မိနေတဲ့အဘိုးဖြစ်သူကိုကယ်တင်ဖို့အတွက် ကြိုးစားရင်း အသက်သေဆုံးသွားခဲ့ရပါတယ် ။ ရုရှားနိုင်ငံအနောက်ဖက် Karella ဒေသမှာနေထိုင်တဲ့ အသက် 6နှစ်အရွယ်ရှိ Salva Yushkov အမည်ရှိတဲ့ ကလေးငယ်လေးဟာ ပြင်းပြင်းထန်ထန်မီးတောက်လောင်ကျွမ်းနေတဲ့နေရာကနေ အဘိုးဖြစ်သူကိုဆွဲထုတ်ဖို့ ကြိုးစားရင်ကနေသေဆုံးသွားခဲ့ရတာပါ ။ အဆိုပါမီးလောင်ကျွမ်းမှုဟာ August 31ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဘိုးဖြစ်သူဟာ ဥယျာဉ်ထဲမှာရှိတဲ့ မိသားစုပိုင်ချွေးပေါင်းအိမ်ထဲမှာရှိတဲ့ မီးပြင်းဖို၏ဆန့်ကျင်ဖက်အနားမှာ အိပ်မောကျနေခဲ့တာဖြစ်ပြီး ၊ ချွေးပေါင်းအိမ် မီးလောင်ကျွမ်းနေတာကို သိတာနှင့်ချက်ချင်းပဲ ကလေးငယ်ဟာမီးထဲသို့ပြေးဝင်ပြီး အဘိုးဖြစ်သူကိုသွားဆွဲထုတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး ။

မီးလောင်ကျွမ်းနေတဲ့ချွေးပေါင်းအိမ်ကနေ ပြန်ပြေးထွက်လာခဲ့တဲ့ Salva လေးဟာ မီးဖိုချောင်ထဲမှာဟင်းချက်ပြုတ်နေတဲ့သူ၏ မိခင်ကိုအော်ခေါ်ခဲ့ပါတယ် ။ သို့သော် မီးလောင်ကျွမ်းမှုဟာ အရှိန်ပြင်းလွန်းတဲ့အတွက် မိခင်ဖြစ်သူမှာ မီးကိုမငြိမ်သက်နိုင်ခဲ့၍ အဘိုးဖြစ်သူမှာမီးတောက်များအကြား သေဆုံးသွားခဲ့ရပါတယ် ။ ထို့အပြင် ကယ်တင်ဖို့ကြိုးစားခဲ့တဲ့ Salva လေးမှာလည်း သူ၏ခန္ဓာကိုယ်ရဲ့ 90% မှာမီးလောင်ကျွမ်းသွားခဲ့ရပြီး မီးလောင်သည့်ဒဏ်ရာအများအပြားရရှိခဲ့ပါတယ် ။ Salva ကိုကုသပေးခဲ့တဲ့ဆရာဝန်ကတော့ ကလေးငယ်၏အခြေအနေမှာ အတော်လေးစိုးရိမ်ရကြောင်း ပြောဆိုခဲ့ပါတယ် ။

ကံဆိုးစွာနဲ့ပဲ ကလေးငယ်၏အခြေအနေမှာ ပြန်ကောင်းမလာခဲ့ပဲ ကိုမာဖြစ်ကာ 10ရက်လောက်သတိလစ်မေ့မျောနေခဲ့ပါတယ် ။ အဆိုပါဒဏ်ရာတွေနဲ့ပဲ ကလေးငယ်ဟာ အသက်သေဆုံးသွားခဲ့ရပါတယ် ။ Salva ဟာ Russian Investigation Committee ခေါင်းဆောင်မှ ပေးအပ်ချီးမြင့်တဲ့ ရုရှားနိုင်ငံနဲ့ရဲရင့်သတ္တိပြည့်ဝသူဆုတံဆိပ်ကို ချီးမြင့်ပေးအပ်ခြင်းလည်းခံခဲ့ရပါတယ် ။ အဆိုပါဆုတံဆိပ်မျိုးဟာ ကိုယ့်အသက်ကိုမငှဲ့ပဲ အခြားသူတွေရဲ့အသက်ကို ရဲရဲရင့်ရင့်ကယ်တင်ပေးခဲ့ကြတဲ့သူများကိုသာ ပေးအပ်ချီးမြင့်သည့်ဆုတံဆိပ်မျိုးဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "အဘိုးဖြစ်သူကို ကယ်တင်ဖို့အတွက် မီးလောင်နေတဲ့အိမ်ထဲသို့ပြေးဝင်ခဲ့တဲ့ 6နှစ်အရွယ်ကလေး"

Leave a comment

Your email address will not be published.


*