လိုက်လျောညီထွေအောင်နေတတ်လွန်းလို့ ခွေးလေးတွေရဲ့ အချစ်တော်ဖြစ်နေတဲ့ ကြောင်လေး


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ဂျပန်လူမျိုးစုံတွဲတစ်တွဲဟာ ၎င်းတို့ဆီမှာ Shibas အမျိုးအစားခွေးလေးတွေရှိနေပေမဲ့ ဇနီးဖြစ်သူက ကြောင်ကလေးတစ်ကောင်မွေးစားချင်နေခဲ့တာပါ ။ သို့ပေမဲ့လည်း ခင်ပွန်းဖြစ်သူကတော့ ကြောင်ကလေးတွေကိုချစ်တတ်တဲ့သူ မဟုတ်လို့ ကြောင်မွေးဖို့အမြဲငြင်းပယ်နေသူပါ ။ တစ်ရက်မှာတော့ အဆိုပါစုံတွဲဟာ မီခိုးရောင် နှင့် နားရွက်ထောင်ထောင်လေးနဲ့ကြောင်ကလေးကို တွေ့ရှိသွားခဲ့ပြီး ၊ အိမ်က ခွေးကလေးတွေနဲ့လိုက်လျောညီထွေစွာနေနိုင်မဲ့ American Shorthair ကြောင်အမျိုးအစားကို မွေးစားခဲ့ပါတော့တယ် ။ ကြောင်ကလေးကို Kiki လို့အမည်ပေးခဲ့ပြီး ၊ ကြောင်ကလေးကလည်း အိမ်ကခွေးကလေးတွေနဲ့ တကယ့်ညီအစ်ကိုတွေလို ဆက်ဆံပေါင်းသင်းခဲ့ပါတယ် ။ ပြီးခဲ့တဲ့လပိုင်းလောက်က Kiki ကိုခွေးလေးတွေရဲ့ပါတီပွဲတစ်ခုသို့ခေါ်သွားစဉ် အိမ်ကခွေးကလေးတွေက Kiki ကို ကာကွယ်နေရင်း အခြားခွေးတွေကို ဟောင်နေခဲ့ပါတော့တယ် ။ Kiki လေးကလည်းအလိုက်သိလွန်းပြီး စားသောက်ချိန် ၊ ဆော့ကစားချိန် နှင့် အိပ်စက်ချိန်တွေတိုင်း ခွေးကလေးတွေနှင့်အတူအမြဲရှိနေလို့ ခွေးလေးတွေရဲ့အချစ်တွေအကုန်စုပုံပြီး ရရှိထားတဲ့ ကံအကောင်းဆုံးကြောင်လေးတစ်ကောင်ဖြစ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လိုက်လျောညီထွေအောင်နေတတ်လွန်းလို့ ခွေးလေးတွေရဲ့ အချစ်တော်ဖြစ်နေတဲ့ ကြောင်လေး"

Leave a comment

Your email address will not be published.


*