ငါးကန်ဆေးကြောသန့်စင်ပေးဖို့ အလုပ်သမားတစ်ဦးကိုငှါးရမ်းခဲ့ရာမှ ငါးတွေအကုန်သေဆုံးခဲ့ရတဲ့ အဖြစ်



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

@anthraxxxx အမည်နဲ့ Twitter အသုံးပြုသူ Muhd Ashnur အမည်ရှိတဲ့အမျိုးသားဟာ ငါးကန်ဆေးကြောသန့်စင်ပေးဖို့ အလုပ်သမားတစ်ဦးကိုငှါးရမ်းပြီးနောက် ငါးတွေအကုန်သေဆုံခဲ့ရတဲ့ အကြောင်းကို ဝေမျှခဲ့ပါတယ် ။ ‘ ငါဒီနေ့ အတော်လေးဒေါသထွက်မိတယ် ၊ ငါ့ရဲ့ ငါးကန်ကိုသန့်ရှင်းပေးဖို့ အလုပ်သမားတစ်ယောက်ငှါးရမ်းခဲ့တယ် ၊ သူလည်း ဆေးကြောပြီးရော ငါ့ရဲ့ငါးတွေ အကုန်သေ သွားတယ် ‘ ဆိုပြီး ရေးသားခဲ့ပါတယ် ။ ဘာလို့ ငါးကန်ကိုဆေးကြောပေးဖို့ အခြားလူတစ်ယောက်ကိုငှါးရမ်းမိတာ ဘာလို့မှားလည်းဆိုရင် အကြောင်းပြချက်ရှိပါတယ် ။ အဲတာကတော့ ငါးကန်ကိုရေလဲမယ်ဆိုရင် ကန်ထဲက 50% သောရေတွေကိုသာ ထုတ်ရမှာပါ ။ ကျန်တဲ့ ရေတစ်ဝက်ကိုတော့ ငါးကန်ထဲမှာ ပြန်ထားရှိရမှာပါ ။

ဘာလို့လည်းဆိုတော့ ရေတွေအကုန်လဲပစ်လိုက်ရင် ရေအပူချိန် ၊ PH ဒါမှမဟုတ် ရေရဲ့သိပ်သည်းဆတွေက ပြောင်းလဲသွားလို့ ရုတ်တရက်ငါးတွေက shock ရပြီး သေဆုံးကြရလို့ပါပဲ ။ ငါးတွေသေဆုံးရုံသာမက ကိုယ့်ရဲ့ငွေကြေးပမာဏတွေလည်း ဆုံးရှုံးသွားရလို့ပါ ။ ဒါကြောင့် ရေကန်ထဲမှရေတွေလဲလှယ်တဲ့အချိန် ငါးတွေသေဆုံးနိုင်တဲ့ အချက်တွေကို လူအတော်များများက comment မှာ အချက်အလက်တွေရေးပြပြီး အဆိုပါအမျိုးသားအတွက် နည်းလမ်းဝေမျှပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ငါးကန်ဆေးကြောသန့်စင်ပေးဖို့ အလုပ်သမားတစ်ဦးကိုငှါးရမ်းခဲ့ရာမှ ငါးတွေအကုန်သေဆုံးခဲ့ရတဲ့ အဖြစ်"

Leave a comment

Your email address will not be published.


*