သခင္ျဖစ္သူေကြၽးခဲ့တဲ့ င႐ုတ္သီးစပ္လြန္းတဲ့အစားအစာကို ငိုၿပီးစားေနခဲ့ရတဲ့ ေခြးေလးရဲ႕အျဖစ္

တစ္ခါတစ္ေလမွာေတာ့ လူေတြဟာမလုပ္သင့္တဲ့လုပ္ရပ္မ်ိဳးကို စေနာက္တဲ့သေဘာမ်ိဳးနဲ႔လုပ္တတ္ၾကပါတယ္ ။ အခုဆိုရင္ လူအခ်ိဳ႕က တစ္စံုတစ္ေယာက္ကိုနာက်င္ခံစားရမဲ့ လုပ္ရပ္မ်ိဳးကို TikTok video ႐ိုက္ၿပီး ေဝမ်ွခဲ့ၾကပါတယ္ ။ တ႐ုတ္ႏိုင္ငံက TikTok မွာအေတာ္ေလးေရပန္းစား​ေနတဲ့ အရာကေတာ့ ၎တို႔ရဲ႕အိမ္ေမြးတိရစာၦန္ေတြကို အေတာ္ေလးစပ္တဲ့ အစားအေသာက္ေတြေကြၽးေမြးၾကတာပါပဲ ။ ဒီတစ္ေခါက္မွာလည္း German Shepherd အမ်ိဳးအစားေခြးေလးတစ္ေကာင္ကို သခင္ျဖစ္သူက အရမ္းစပ္တဲ့ Spicy Chili ၾကက္ေၾကာ္ ေကြၽးခဲ့ပါတယ္ ။

Video ထဲမွာေတာ့ ေခြးေလးဟာအေတာ္ေလးစပ္ေနခဲ့ၿပီး မ်က္ရည္ေတြေတာက္ေတာက္က်ေနေပမဲ့ အဆိုပါၾကက္ေၾကာ္ကို ဆက္ၿပီးစားေနခဲ့တာပါ ။ အဆိုပါလုပ္ရပ္မ်ိဳးက တ႐ုတ္အစိုးရက အစားအေသာက္အေလအလြင့္မ႐ွိေအာင္ Campaign လုပ္ၾကရင္း လူေတြက၎တို႔ရဲ႕အစားအေသာက္အႂကြင္းအက်န္​ေတြကို ယခုလိုအိမ္ေမြးတိရစာၦန္ေလးေတြကို ေကြၽးေမြးလာၾကတာျဖစ္ပါတယ္ ။

ေခြးေလးေတြကို ေခ်ာကလက္ေကြၽးရင္ ၎တို႔ရဲ႕က်န္းမာေရးကိုထိခိုက္ပ်က္စီးေစသလို ၊ ယခုလိုအစပ္လြန္တဲ့ အစားအေသာက္ေကြၽးရင္လည္း က်န္းမာေရးေတြထိခိုက္လာႏိုင္ပါတယ္ ။ ဒါေၾကာင့္ အျပစ္မဲ့တဲ့တိရစာၦန္ေလးေတြကို အေပ်ာ္သေဘာအေနနဲ႔ စေနာက္တဲ့အျပဳအမႈမ်ိဳး မလုပ္သင့္ပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ခါတစ်လေမှာတော့ လူတွေဟာမလုပ်သင့်တဲ့လုပ်ရပ်မျိုးကို စနောက်တဲ့သဘောမျိုးနဲ့လုပ်တတ်ကြပါတယ် ။ အခုဆိုရင် လူအချို့က တစ်စုံတစ်ယောက်ကိုနာကျင်ခံစားရမဲ့ လုပ်ရပ်မျိုးကို TikTok video ရိုက်ပြီး ဝေမျှခဲ့ကြပါတယ် ။ တရုတ်နိုင်ငံက TikTok မှာအတော်လေးရေပန်းစားနေတဲ့ အရာကတော့ ၎င်းတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကို အတော်လေးစပ်တဲ့ အစားအသောက်တွေကျွေးမွေးကြတာပါပဲ ။ ဒီတစ်ခေါက်မှာလည်း German Shepherd အမျိုးအစားခွေးလေးတစ်ကောင်ကို သခင်ဖြစ်သူက အရမ်းစပ်တဲ့ Spicy Chili ကြက်ကြော် ကျွေးခဲ့ပါတယ် ။

Video ထဲမှာတော့ ခွေးလေးဟာအတော်လေးစပ်နေခဲ့ပြီး မျက်ရည်တွေတောက်တောက်ကျနေပေမဲ့ အဆိုပါကြက်ကြော်ကို ဆက်ပြီးစားနေခဲ့တာပါ ။ အဆိုပါလုပ်ရပ်မျိုးက တရုတ်အစိုးရက အစားအသောက်အလေအလွင့်မရှိအောင် Campaign လုပ်ကြရင်း လူတွေက၎င်းတို့ရဲ့အစားအသောက်အကြွင်းအကျန်တွေကို ယခုလိုအိမ်မွေးတိရစ္ဆာန်လေးတွေကို ကျွေးမွေးလာကြတာဖြစ်ပါတယ် ။

ခွေးလေးတွေကို ချောကလက်ကျွေးရင် ၎င်းတို့ရဲ့ကျန်းမာရေးကိုထိခိုက်ပျက်စီးစေသလို ၊ ယခုလိုအစပ်လွန်တဲ့ အစားအသောက်ကျွေးရင်လည်း ကျန်းမာရေးတွေထိခိုက်လာနိုင်ပါတယ် ။ ဒါကြောင့် အပြစ်မဲ့တဲ့တိရစ္ဆာန်လေးတွေကို အပျော်သဘောအနေနဲ့ စနောက်တဲ့အပြုအမှုမျိုး မလုပ်သင့်ပါဘူး ။

Jasmine (Mckzone Daily)

Be the first to comment on "သခင္ျဖစ္သူေကြၽးခဲ့တဲ့ င႐ုတ္သီးစပ္လြန္းတဲ့အစားအစာကို ငိုၿပီးစားေနခဲ့ရတဲ့ ေခြးေလးရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*