အိမ်ထဲမှာ လူတွေရှိနေတာတောင်ဂရုမစိုက်ဘဲ 3အိမ်ဆက်တိုက်ဓားပြတိုက်ခဲ့ကြသူများ

မအောင်မြင်သေးရင် ထပ်ခါတလဲလဲကြိုးစားကြရမယ်ဆိုပေမဲ့လည်း ဒီလိုပြစ်မှုကျူးလွန်တဲ့နေရာမှာတော့ အဲ့လိုစိတ်မျိုးမထားသင့်ဘူးလို့ထင်ပါတယ် ။ မလေးရှားနိုင်ငံ Taman Sri Gombak area မှာ တစ်ညတည်းမှာပဲ 3ကြိမ်ဆက်တိုက် အမျိုးသား 2ယောက်ဟာ ဓားပြတိုက်ခဲ့ပါတယ် ။ ၎င်း Video ကိုတော့ Twitter အသုံပြုသူတစ်ယောက်ဖြစ်တဲ့ @999Malaysia ကဝေမျှခဲ့တာဖြစ်ပါတယ် ။ Video ထဲမှာတော့ ဓားကိုင်ဆောင်ထားသောအမျိုးသားနှစ်ယောက်ဟာ ပိုက်ဆံရဖို့ထင်ရာစိုင်းနေခဲ့ကြပြီး လူနေရပ်ကွက်တွေထဲမှာရှိတဲ့နေအိမ်များထဲတွင် လူများရှိနေပေမဲ့လည်း အတင်းဓားပြတိုက်ဖို့ကြိုးစားနေကြသည်ကို အံ့သြထိတ်လန့်ဖွယ်ကောင်းအောင် တွေ့ရှိခဲ့ရပါတယ် ။ ပထမဆုံးပြစ်မှုကျူးလွန်ခဲ့တဲ့နေရာကတော့ အဆိုပါဓားပြ 2ဦးဟာ အိမ်ချင်းဆက်ထားသောတိုက်ခန်းတစ်ခုအတွင်းသို့ ဝင်ရောက်နိုင်ဖို့ကြိုးစားခဲ့ပါတယ် ။သို့ပေမဲ့လည်း အဆိုပါနေအိမ်မှာသော့ခတ်ထားသဖြင့် တံခါးပွင့်ထွက်သွားအောင် ခြေထောက်ဖြင့်အကြိမ်ကြိမ်ပြေးစောင့်ကန်ပြီး တံခါးမှာရှိနေတဲ့မှန်များကိုလည်းရိုက်ခွဲကာ ဓားဖြင့်လည်းအကြိမ်ကြိမ်ရိုက်ချိုးဖို့ကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း တံခါးမှာလုံးဝခတ်ထားသဖြင့် နောက်ဆုံးအိမ်ထဲသို့ဝင်လို့မရမှန်းသိတဲ့အချိန်မှ လက်လျော့ကာ အဆိုပါနေအိမ်ကနေဆုတ်ခွာသွားခဲ့ပါတယ် ။ Video ထဲမှာတော့ အမျိုးသမီးတစ်ယောက်က ၎င်းဓားပြများဟာ ခေါင်းမာလွန်းပြီး မရမကကြိုးစားနေခဲ့တဲ့အတွက် မူးယစ်ဆေးသုံးစွဲထားနိုင်ကြောင်း သုံးသပ်ခဲ့ပါသေးတယ် ။

ထို့နောက် အဆိုပါရပ်ကွက်တွင်နေထိုင်သူတစ်ဦးက သူ၏နေအိမ်အတွင်းသို့ဝင်ရောက်သွားခဲ့တဲ့အချိန်မှာ ဓားပြ 2ဦးဟာ ၎င်းအမျိုးသား၏နေအိမ်ကိုနောက်ထပ်ဓားပြတိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ သို့ပေမဲလည်း အဆိုပါရပ်ကွက်သားတစ်ဦးက တံခါးကိုအလျင်အမြန်ခတ်ပစ်နိုင်ခဲ့တဲ့အတွက် ဓားပြရန်ကလွတ်မြောက်သွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဓားပြ 2ဦးက တံခါးကိုစောင့်ကန်ပြီးပွင့်အောင်ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး ။

ပိုက်ဆံမရရင် မပြန်ဘူးလို့ဆုံးဖြတ်ထားပုံရတဲ့ ဓားပြ2ဦးဟာ နောက်ဆုံးအနီးအနားမှာရှိနေတဲ့စားသောက်ဆိုင်တစ်ခုထဲသို့ ဝင်သွားခဲ့ပြီး Casher ကိုဓားနှင့်ထောက်ပြီး ခြိမ်းခြောက်ဓားပြတိုက်ခဲ့ပါတော့တယ် ။ အငိုက်ဖမ်းဝင်ရောက်ခဲ့တဲ့ ဓားပြ 2ဦးကို အဆိုပါအချိန်တွင်တားမြစ်ခဲ့ကြသူများလည်းမရှိသည့်အတွက် ပိုက်ဆံများအလွယ်တကူရယူသွားခဲ့ကြပါတယ် ။ အဆိုပါ ဓားပြ2ယောက်လုံးဟာထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး ရဲအရာရှိများကတော့ လိုက်လံရှာဖွေဖမ်းဆီးနေကြပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "အိမ်ထဲမှာ လူတွေရှိနေတာတောင်ဂရုမစိုက်ဘဲ 3အိမ်ဆက်တိုက်ဓားပြတိုက်ခဲ့ကြသူများ"

Leave a comment

Your email address will not be published.


*