ဖိနပ္ေတြစုေဆာင္းရတာႀကိဳက္လြန္းလို႔ ၿမိဳ႕ထဲ ဖိနပ္ေတြလိုက္ခိုးေနခဲ့တဲ့ ေျမေခြး

ႀကိဳက္ႏွစ္သက္တဲ့ပစၥည္းေတြစုေဆာင္းရတာဟာ အခ်ိဳ႕ေသာလူေတြအတြက္က ဝါသနာပါရာအလုပ္တစ္ခုပါပဲ ။ အခ်ိဳ႕ဆိုရင္ အ႐ုပ္ေလးေတြ ၊ ေ႐ွးေဟာင္ပစၥည္းေလးေတြ ၊ ဖိနပ္ေတြ စုေဆာင္းရတာကိုအေတာ္ေလးႀကိဳက္လြန္းလွပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ဂ်ာမနီႏိုင္ငံ ၊ Berlin ၿမိဳ႕ဆင္ေျခဖံုးရပ္ကြက္မွာ႐ွိတဲ့ ေျမေခြးတစ္ေကာင္ဟာဆိုရင္ ရပ္ကြက္အႏွံ႔ဖိနပ္ေတြလိုက္ခိုးေနလို႔ ေဒသခံေတြအေတာ္မ်ားမ်ား ဒုကၡေရာက္ေနရပါတယ္ ။ Christian Meyer အမည္႐ွိတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ အဆိုပါေျမေခြးသူခိုးကို ေနာက္ဆံုးမွာေတာ့ လက္ပူးလက္ၾကပ္ဖမ္းမိခဲ့ပါတယ္ ။ အဆိုပါေျမေခြးက အျပာေရာင္ဖိနပ္တစ္ရံကို ကိုက္ၿပီခိုးလာခဲ့ပံုပါ ။

ေျမေခြးေနာက္ ေျခရာခံလိုက္သြားခဲ့ခ်ိန္မွာေတာ့ ရာႏွင့္ခ်ီတဲ့ဖိနပ္ေတြကို ေတြ႔႐ွိခဲ့ပါတယ္ ။ ကံဆိုးစြာနဲ႔ Christian Meyer ရဲ႕ဖိနပ္ေတြေတာ့ မေတြ႔ခဲ့ပါဘူး ။ အခ်ိဳ႕ေသာ ေဒသခံေတြဆိုရင္ ဒုကၡေရာက္လြန္းလို႔ ၎တို႔ရဲ႕ဖိနပ္ေတြကို လမ္းမွာေၾကာ္ျငာလက္ကမ္းစာရြက္ကပ္ၿပီး ႐ွာေဖြေနရလ်က္႐ွိပါတယ္ ။

လက္ကမ္းစာရြက္ထဲမွာေတာ့ ‘ ကြၽန္ေတာ့္ရဲ႕ ဖိနပ္ကို ဘယ္သူေတြ႔ေသးလဲ ၊ ၿပီးခဲ့တဲ့ရက္က ေျမေခြးကြၽန္ေတာ့္ရဲ႕ ဖိနပ္တစ္ရံကိုခိုးသြားတယ္ ၊ အျခားသူေတြရဲ႕ဖိနပ္ကို လမ္းေပၚမွာျပန္ေတြ႔ခဲ့ေပမဲ့ ကြၽန္ေတာ့္ဖိနပ္က ေပ်ာက္ေနဆဲပါပဲ ၊ ဖိနပ္ကိုေတြ႔ရင္ ကြၽန္ေတာ့္ကို ဆက္သြယ္ေပးပါ ၊ ေက်းဇူးတင္ပါတယ္ ‘ ဆိုၿပီး ေရးသားထားတာပါ ။ ေျမေခြးေလးက လက္ပူလက္ၾကပ္မိတာေတာင္ ေၾကာက္ရြံပံုမေပၚလို႔ ဖိနပ္ေတြထပ္ခိုးမယ့္ အလားအလာ႐ွိေနပါတယ္ ။

Jasmine (Mckzone Daily)

Source: .boredpanda.

Unicode

ကြိုက်နှစ်သက်တဲ့ပစ္စည်းတွေစုဆောင်းရတာဟာ အချို့သောလူတွေအတွက်က ဝါသနာပါရာအလုပ်တစ်ခုပါပဲ ။ အချို့ဆိုရင် အရုပ်လေးတွေ ၊ ရှေးဟောင်ပစ္စည်းလေးတွေ ၊ ဖိနပ်တွေ စုဆောင်းရတာကိုအတော်လေးကြိုက်လွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း ဂျာမနီနိုင်ငံ ၊ Berlin မြို့ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ မြေခွေးတစ်ကောင်ဟာဆိုရင် ရပ်ကွက်အနှံ့ဖိနပ်တွေလိုက်ခိုးနေလို့ ဒေသခံတွေအတော်များများ ဒုက္ခရောက်နေရပါတယ် ။ Christian Meyer အမည်ရှိတဲ့ အမျိုးသားတစ်ယောက်ဟာ အဆိုပါမြေခွေးသူခိုးကို နောက်ဆုံးမှာတော့ လက်ပူးလက်ကြပ်ဖမ်းမိခဲ့ပါတယ် ။ အဆိုပါမြေခွေးက အပြာရောင်ဖိနပ်တစ်ရံကို ကိုက်ပြီခိုးလာခဲ့ပုံပါ ။

မြေခွေးနောက် ခြေရာခံလိုက်သွားခဲ့ချိန်မှာတော့ ရာနှင့်ချီတဲ့ဖိနပ်တွေကို တွေ့ရှိခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ Christian Meyer ရဲ့ဖိနပ်တွေတော့ မတွေ့ခဲ့ပါဘူး ။ အချို့သော ဒေသခံတွေဆိုရင် ဒုက္ခရောက်လွန်းလို့ ၎င်းတို့ရဲ့ဖိနပ်တွေကို လမ်းမှာကြော်ငြာလက်ကမ်းစာရွက်ကပ်ပြီး ရှာဖွေနေရလျက်ရှိပါတယ် ။

လက်ကမ်းစာရွက်ထဲမှာတော့ ‘ ကျွန်တော့်ရဲ့ ဖိနပ်ကို ဘယ်သူတွေ့သေးလဲ ၊ ပြီးခဲ့တဲ့ရက်က မြေခွေးကျွန်တော့်ရဲ့ ဖိနပ်တစ်ရံကိုခိုးသွားတယ် ၊ အခြားသူတွေရဲ့ဖိနပ်ကို လမ်းပေါ်မှာပြန်တွေ့ခဲ့ပေမဲ့ ကျွန်တော့်ဖိနပ်က ပျောက်နေဆဲပါပဲ ၊ ဖိနပ်ကိုတွေ့ရင် ကျွန်တော့်ကို ဆက်သွယ်ပေးပါ ၊ ကျေးဇူးတင်ပါတယ် ‘ ဆိုပြီး ရေးသားထားတာပါ ။ မြေခွေးလေးက လက်ပူလက်ကြပ်မိတာတောင် ကြောက်ရွံပုံမပေါ်လို့ ဖိနပ်တွေထပ်ခိုးမယ့် အလားအလာရှိနေပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဖိနပ္ေတြစုေဆာင္းရတာႀကိဳက္လြန္းလို႔ ၿမိဳ႕ထဲ ဖိနပ္ေတြလိုက္ခိုးေနခဲ့တဲ့ ေျမေခြး"

Leave a comment

Your email address will not be published.


*