နွေးလို့ဆိုပြီး ကြက်မကြီးရဲ့အိပ်ယာမှသွားအိပ်မိလို့ မသင်္ကာအကြည့်နဲ့ကြည့်ခံလိုက်ရတဲ့ ကြောင်လေး



Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

ကြောင်လေးတွေ နဲ့ ကြက်တွေက ဘယ်လိုမှ မိတ်ဆွေတွေမဖြစ်နိုင်ပါဘူး ။ အချို့တောရွာက ကြောင်လေးတွေဆိုရင် ညဖက် ကြက်ပေါက်စလေးတွေကို သွားပြီးခိုးယူစားသောက်ကြလေ့ရှိလို့ပါပဲ ။ ဒီတစ်ခေါက်မှာဖော်ပြမဲ့ ကြောင်လေးကတော့ အဆော့သန်တယ်လို့ပြောရမှာပါ ။အကြောင်းကတော့ ကြက်မကြီးရဲ့အသိုက်ကို အတော်လေးနွေးထွေးပုံရလို့ ကြက်ဥတွေကြား ကြောင်လေးတစ်ကောင်ဟာ ဝင်အိပ်နေခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း မကြာခင်မှာအစာရှာပြီးပြန်လာတဲ့ ကြက်မကြီးနဲ့တည့်တိုးတွေ့ခဲ့ချိန်မှာတော့ ကြောင်လေးဟာအတော်လေးအံ့သြထိတ်လန့်သွားခဲ့ပုံပါ ။ ကြောင်လေးရဲ့ပုံစံက မကြာခဏကြက်မကြီးရဲ့နေရာမှာ အမြဲသွားအိပ်နေပုံရပါတယ် ။

ကြက်မကြီးမှာတော့ မိခင်ဖြစ်တဲ့အလျောက် သူ့ရဲ့ဥတွေကို ကာကွယ်ရမှာပါ ။ ကြက်မကြီးကတော့ ကြောင်လေးက သူ့ရဲ့ဥတွေလာခိုးစားတယ်လို့ ထင်နေပုံရပါတယ် ။ အဆိုပါအဖြစ်အပျက်လေးကို အမိအရဓာတ်ပုံရိုက်ထားတဲ့ တိရစ္ဆာန်လေးတွေရဲ့ပိုင်ရှင်ကတော့ အတော်လေးရယ်မောခဲ့ရမှာပါ ။ ဒီဓာတ်ပုံလေးတွေက တိရစ္ဆာန်ချစ်မြတ်နိုးကြတဲ့သူတွေအတွက်တော့ အကြိုက်တွေ့ကြမဲ့ပုံလေးပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "နွေးလို့ဆိုပြီး ကြက်မကြီးရဲ့အိပ်ယာမှသွားအိပ်မိလို့ မသင်္ကာအကြည့်နဲ့ကြည့်ခံလိုက်ရတဲ့ ကြောင်လေး"

Leave a comment

Your email address will not be published.


*