ကားဂိုဒေါင်ထက် ကားကပိုရှည်ထွက်နေလို့ ဖြတ်ထိုးဥာဏ်သုံးလိုက်တဲ့ ကားပိုင်ရှင်
Jasmine (Mckzone Daily)
Source: 小回忆 Little Memories
Unicode
တစ်ခါတစ်လေ online ပေါ်ကနေ ကိုယ်မှာယူခဲ့တဲ့ ဝတ်စုံက size တစ်မျိုး ၊ ရလာတဲ့အချိန်ကျရင် size ကတစ်မျိုး စတဲ့အလွဲမှားမှားမျိုးတွေကြုံမိကြမှာပါ ။ အဆိုပါလွဲမှားမှုမျိုးက ကြုံတွေ့နေကြဆိုတော့ ခံသာပေမဲ့လည်း ယခုအဖြစ်အပျက်ကတော့ အတော်လေးကိုဆိုးတယ်လို့ပြောရမှာပါပဲ ။ ကားဂိုဒေါင်ထက် ဝယ်ယူလာခဲ့တဲ့ကားဟာ ပိုရှည်ထွက်နေလို့ ကားဂိုဒေါင်ကိုလည်း ဖြတ်မရတဲ့အဆုံး ကားပိုင်ရှင်တော့ အတော်လေးခေါင်းမီးပူခဲ့မိမှာပါ ။
သို့ပေမဲ့လည်း ယခုအဖြစ်အပျက်ကတော့ ဖြတ်ထိုးဉာဏ်သာကောင်းရင် အရာအားလုံးအဆင်ပြေလက်ခံနိုင်တယ်ဆိုတာပါပဲ ။ အကြောင်းကတော့ ကားဂိုဒေါင်ကိုမဖြိုဖျက်ပဲ ဂိုဒေါင်ရဲ့တံခါးပေါက်ကို ကားရဲ့ဦးခေါင်းပိုင်းအတိုင်း တထေရာတည်းအကွက်ဖော်ပြီး ကားကိုဂိုဒေါင်ထဲရအောင်ထိုးထည့်ထားတာပါပဲ ။ ရုတ်တရက်ကြည့်လိုက်ရင်တော့ ကားကပဲ အုတ်တံတိုင်းကိုဝင်တိုက်ထားသလိုလိုပေါ့နော် ။ ဒါပေမဲ့ အရာအားလုံးအဆင်ပြေနေတော့လည်း ကြည့်ကောင်းဖို့ထက် အသုံးတည့်ဖို့လိုတယ်လို့ ပြောရမှာပါပဲလေ ။
Jasmine (Mckzone Daily)
Be the first to comment on "ကားဂိုဒေါင်ထက် ကားကပိုရှည်ထွက်နေလို့ ဖြတ်ထိုးဥာဏ်သုံးလိုက်တဲ့ ကားပိုင်ရှင်"
Leave a comment
Your email address will not be published.
*