ႏွိပ္စက္လြန္းတဲ့ခင္ပြန္းကိုလက္စားေခ်ဖို႔ အႁမြာသားႏွစ္ေယာက္ကိုသတ္ၿပီး ကိုယ့္ကိုသတ္ေသဖို႔ၾကံစည္ခဲ့တဲ့ အမ်ိဳးသမီ

အင္ဒိုနီး႐ွားႏိုင္ငံ ၊ Kupang ၿမိဳ႕က အသက္ 24ႏွစ္အရြယ္အမ်ိဳးသမီးဟာ သူမကိုအျမဲအႏိုင္က်င့္ႏွိပ္စက္ခဲ့တဲ့ခင္ပြန္းျဖစ္သူကို လက္စားေခ်ဖို႔ အႁမြာသားႏွစ္ေယာက္ကိုသတ္ကာ မိမိကိုယ္တိုင္လည္းသတ္ေသဖို႔ၾကံစည္ခဲ့ပါတယ္ ။ Dewi Regina Ano အမည္႐ွိတဲ့အဆိုပါအမ်ိဳးသမီးဟာ သူမ၏ဝမ္းဗိုက္ကို ကိုယ္တိုင္ဓားျဖင့္ထိုးခဲ့ၿပီး သူမ၏လည္မ်ိဳ ကိုလည္း ဓားရွည္ျဖင့္လွီးျဖတ္ခဲ့ေပမဲ့လည္း ေသကံမေရာက္ဘဲ သတိလစ္ေမ့ေမ်ာေစခဲ့တဲ့အထိသာဒဏ္ရာျပင္းျပင္းထန္ထန္ရ႐ွိေစခဲ့ပါတယ္ ။ ေသေတာ့မည့္လိုလိုျဖစ္ေနခဲ့တဲ့ Dewi ကို ဟိုတယ္ခန္းထဲမွာ႐ွိေနတဲ့ေသဆံုးသြားၿပီျဖစ္တဲ့ သားအႁမြာႏွစ္ေယာက္ေဘးအနားမွာေတြ႔႐ွိခဲ့တာပါ ။ Angga Masus ႏွင့္ Angkri Masus အမည္႐ွိတဲ့အႁမြာသားႏွစ္ေယာက္ဟာ ၿပီးခဲ့တဲ့စက္တင္ဘာလ 5ရက္ေန႔မွာ အဆိုပါအခင္းျဖစ္ပြားရာေနရာမွာပဲ ေသဆံုးသြားခဲ့ရပါတယ္ ။

အစပိုင္းမွာေတာ့ ရဲအရာ႐ွိမ်ားဟာ မိခင္ ႏွင့္ ကေလးႏွစ္ေယာက္ဟာ တစ္စံုတစ္ေယာက္၏တိုက္ခိုက္ျခင္းခံရသည္ဟု ထင္ခဲ့ေပမဲ့လည္း Dewi ေဆးရံုတက္ၿပီးရက္အနည္းငယ္အၾကာမွာေတာ့ သူမ၏သားႏွစ္ေယာက္ကိုသူမကိုယ္တိုင္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲအရာ႐ွိထံဝန္ခံထြက္ဆိုခဲ့ပါတယ္ ။ ရဲအရာ႐ွိေတြရဲ႕ေျပာဆိုခ်က္အရ. Dewi ဟာသူမကိုအျမဲမသိေက်းကြၽန္ျပဳၿပီး အႏိုင္က်င့္ႏွိပ္စက္ခဲ့တဲ့ခင္ပြန္းျဖစ္သူကို လက္စားေခ်ဖို႔္အတြက္ သားႏွစ္ေယာက္ကိုသတ္ပစ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ” သူမရဲ႕ခင္ပြန္းဟာ ဇနီးျဖစ္သူရဲ႕လိုအပ္ခ်က္ ဆႏၵေတြကိုတစ္ခါမွ မျဖည့္ဆည္းေပးသည့္အျပင္ သူတို႔၏သားႏွစ္ေယာက္ကိုလည္း လံုးဝဂ႐ုမစိုက္ခဲ့ေၾကာင္း ” ရဲအရာ႐ွိက ေျပာျပသြားခဲ့ပါတယ္ ။

ထို႔အျပင္ ခင္ပြန္းျဖစ္သူက သူမကိုေစ်းသံုးဖို႔အတြက္ ပိုက္ဆံမ်ားမေပးသည့္အျပင္ ၊ လတိုင္း အမ်ိဳးသမီးလစဥ္သံုးပစၥည္ဝယ္ဖို႔ကိုပါ မေပးခဲ့တဲ့အတြက္ Dewi ဟာအေတာ္ေလးကို အဆင္မေျပခဲ့ပဲ ဒုကၡေရာက္ခဲ့ရေၾကာင္းသိ႐ွိရပါတယ္ ။ရဲအရာ႐ွိေတြရဲ႕ေျပာဆိုခ်က္အရ Dewi ဟာသူမခင္ပြန္းအေပၚ မနာလိုမုန္းတီးစိတ္အလြန္ျပင္းထန္ခဲ့တဲ့အတြက္ သူမ၏ကေလးကို ကိုယ္တိုင္သတ္ပစ္ခဲ့မိျခင္းျဖစ္ပါတယ္ ။ Dewi ေမးခြန္းမ်ားေမးျမန္းၿပီး စစ္ေဆးေမးျမန္းတဲ့အခ်ိန္မွာေတာ့ သူမဟာလံုးဝမရပ္နားႏိုင္ေအာင္ငိုေႂကြးခဲ့ၿပီး သူမ၏အျပစ္အတြက္ အသနားေတာင္းခံခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံ ၊ Kupang မြို့က အသက် 24နှစ်အရွယ်အမျိုးသမီးဟာ သူမကိုအမြဲအနိုင်ကျင့်နှိပ်စက်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို လက်စားချေဖို့ အမြွာသားနှစ်ယောက်ကိုသတ်ကာ မိမိကိုယ်တိုင်လည်းသတ်သေဖို့ကြံစည်ခဲ့ပါတယ် ။ Dewi Regina Ano အမည်ရှိတဲ့အဆိုပါအမျိုးသမီးဟာ သူမ၏ဝမ်းဗိုက်ကို ကိုယ်တိုင်ဓားဖြင့်ထိုးခဲ့ပြီး သူမ၏လည်မျို ကိုလည်း ဓားရှည်ဖြင့်လှီးဖြတ်ခဲ့ပေမဲ့လည်း သေကံမရောက်ဘဲ သတိလစ်မေ့မျောစေခဲ့တဲ့အထိသာဒဏ်ရာပြင်းပြင်းထန်ထန်ရရှိစေခဲ့ပါတယ် ။ သေတော့မည့်လိုလိုဖြစ်နေခဲ့တဲ့ Dewi ကို ဟိုတယ်ခန်းထဲမှာရှိနေတဲ့သေဆုံးသွားပြီဖြစ်တဲ့ သားအမြွာနှစ်ယောက်ဘေးအနားမှာတွေ့ရှိခဲ့တာပါ ။ Angga Masus နှင့် Angkri Masus အမည်ရှိတဲ့အမြွာသားနှစ်ယောက်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ 5ရက်နေ့မှာ အဆိုပါအခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့ရပါတယ် ။

အစပိုင်းမှာတော့ ရဲအရာရှိများဟာ မိခင် နှင့် ကလေးနှစ်ယောက်ဟာ တစ်စုံတစ်ယောက်၏တိုက်ခိုက်ခြင်းခံရသည်ဟု ထင်ခဲ့ပေမဲ့လည်း Dewi ဆေးရုံတက်ပြီးရက်အနည်းငယ်အကြာမှာတော့ သူမ၏သားနှစ်ယောက်ကိုသူမကိုယ်တိုင်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိထံဝန်ခံထွက်ဆိုခဲ့ပါတယ် ။ ရဲအရာရှိတွေရဲ့ပြောဆိုချက်အရ. Dewi ဟာသူမကိုအမြဲမသိကျေးကျွန်ပြုပြီး အနိုင်ကျင့်နှိပ်စက်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို လက်စားချေဖို့်အတွက် သားနှစ်ယောက်ကိုသတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ” သူမရဲ့ခင်ပွန်းဟာ ဇနီးဖြစ်သူရဲ့လိုအပ်ချက် ဆန္ဒတွေကိုတစ်ခါမှ မဖြည့်ဆည်းပေးသည့်အပြင် သူတို့၏သားနှစ်ယောက်ကိုလည်း လုံးဝဂရုမစိုက်ခဲ့ကြောင်း ” ရဲအရာရှိက ပြောပြသွားခဲ့ပါတယ် ။

ထို့အပြင် ခင်ပွန်းဖြစ်သူက သူမကိုဈေးသုံးဖို့အတွက် ပိုက်ဆံများမပေးသည့်အပြင် ၊ လတိုင်း အမျိုးသမီးလစဉ်သုံးပစ္စည်ဝယ်ဖို့ကိုပါ မပေးခဲ့တဲ့အတွက် Dewi ဟာအတော်လေးကို အဆင်မပြေခဲ့ပဲ ဒုက္ခရောက်ခဲ့ရကြောင်းသိရှိရပါတယ် ။ရဲအရာရှိတွေရဲ့ပြောဆိုချက်အရ Dewi ဟာသူမခင်ပွန်းအပေါ် မနာလိုမုန်းတီးစိတ်အလွန်ပြင်းထန်ခဲ့တဲ့အတွက် သူမ၏ကလေးကို ကိုယ်တိုင်သတ်ပစ်ခဲ့မိခြင်းဖြစ်ပါတယ် ။ Dewi မေးခွန်းများမေးမြန်းပြီး စစ်ဆေးမေးမြန်းတဲ့အချိန်မှာတော့ သူမဟာလုံးဝမရပ်နားနိုင်အောင်ငိုကြွေးခဲ့ပြီး သူမ၏အပြစ်အတွက် အသနားတောင်းခံခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ႏွိပ္စက္လြန္းတဲ့ခင္ပြန္းကိုလက္စားေခ်ဖို႔ အႁမြာသားႏွစ္ေယာက္ကိုသတ္ၿပီး ကိုယ့္ကိုသတ္ေသဖို႔ၾကံစည္ခဲ့တဲ့ အမ်ိဳးသမီ"

Leave a comment

Your email address will not be published.


*