2 နှစ်ကျော်ကြာသည်အထိ သခင့်အုတ်ဂူကို နေ့စဉ်မပျက် သွားရောက်လည်ပတ်နေပြီး အမြဲပူဆွေးဝမ်းနည်းနေတဲ့ ကြောင်လေး



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူအတော်များများက အိမ်မွေးတိရစ္ဆာန်တွေမှာဆိုရင် ခွေးလေးတွေကမှ သစ္စာအရှိဆုံး ၊ သခင့်အပေါ် အသိတတ်ဆုံးလို့ တွေးထင်နေကြတာပါ ။ သို့ပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ ကြောင်လေးကတော့ အခြားကြောင်တွေလိုမဟုတ်ဘဲ သခင့်အပေါ်သစ္စာရှိလွန်းပြီး ၊ အချစ်ကြီးတဲ့ ကြောင်လေးလို့ပြောရမှာပါပဲ ။ Hazylnn Nozi အမည်ရှိတဲ့ မိန်းကလေးက သူမရဲ့ဆုံးပါးသွားပြီဖြစ်တဲ့ ဖခင် နှင့် ကြောင်လေး Nana တို့အကြား သံယောဇဉ်ကြီးမားလွန်းပုံကို ဝေမျှပေးခဲ့ပါတယ် ။ ကြောင်လေး Nana က သခင်ဖြစ်သူသေဆုံးသွားခဲ့တာ 2 နှစ်ကျော်ကြာနေပြီဖြစ်ပေမဲ့လည်း နေ့စဉ်သခင့်ရဲ့အုတ်ဂူကိုသွားရောက်လည်ပတ်နေဆဲပါပဲ ။

Hazylnn ရဲ့ ဖခင်ဖြစ်သူက သူမတို့နေအိမ်ရဲ့အနောက်ဖက်မှာ ရှိနေတဲ့သုသာန်နားမှာ ဖြစ်ပါတယ် ။ Nana က သူ့သခင်ရဲ့အုတ်ဂူကိုအမြဲသွားလည်နေကြောင်း မိသားစုဝင်တွေက သိရှိပြီးသားပါ ။ ဘာလို့လည်းဆိုတော့ ကြောင်လေး Nana က မနက်မိုးလင်းလို့ အစာတောင်းတဲ့အချိန်တိုင်း သူ့ရဲ့ခြေထောက်ကအမြဲစိုစွတ်နေပြီးပေနေခဲ့လို့ပါပဲ ။ ဒါကြောင့် တိရစ္ဆာန်လေးတွေက သူတို့ကိုကောင်မွန်စွာကျွေးမွေးစောင့်ရှောက်တဲ့သူဆိုရင် သေရင်တောင် မမေ့ဘဲ သံယောဇဉ်သစ္စာတွေရှိနေသေးတယ်ဆိုတာကို ကြောင်လေး Nana က သက်သေပြလိုက်တာပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "2 နှစ်ကျော်ကြာသည်အထိ သခင့်အုတ်ဂူကို နေ့စဉ်မပျက် သွားရောက်လည်ပတ်နေပြီး အမြဲပူဆွေးဝမ်းနည်းနေတဲ့ ကြောင်လေး"

Leave a comment

Your email address will not be published.


*