ခိုးယူသူေတြ႐ွိေနတာေတာင္ လက္မေလ်ွာ့ဘဲအျပံဳးမပ်က္ ေပါင္မုန္႔ေတြဆက္ေရာင္းေနတဲ့ မ်က္မျမင္အဘြားအို

လူေတြမၾကာခဏေျပာေလ့႐ွိတဲ့စကားကေတာ့ အလုပ္ကိုအပတ္တကုတ္ႀကိဳးစားၿပီးလုပ္မယ္ဆိုရင္ ဘဝမွာေအာင္ျမင္မႈေတြမ်ားစြာရ႐ွိႏိုင္တယ္ဆိုေပမဲ့လည္း ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကအဘြားအိုတစ္ေယာက္ကေတာ့ ဘဝမွာအ႐ိုးသားဆံုးေနထိုင္ျပီးၾကိဳးစားျခင္းက အရာအားလံုးကိုေအာင္ျမင္ႏိုင္တယ္လို႔ျပလိုက္တဲ့အတိုင္ပါပဲ ။ Aunt Nid အမည္႐ွိတဲ့ အသက္ 71ႏွစ္အရြယ္ မ်က္မျမင္အဘြားအိုဟာ သူမမ်က္ႏွာေပၚကအျပံဳေလးတစ္ခုနဲ႔ သူမဘဝအတြက္အေကာင္းဆံုးတိုက္ပြဲဝင္ေနသူပါ ။ Aunt Nid ရဲ႕ဘဝအေၾကာင္းကိုၾကားရင္ေတာ့ လူတိုင္းလိုလိုဘဝတည္ေဆာက္ဖို႔အတြက္ အေကာင္းဆံုးခြန္အားေတြရ႐ွိႏိုင္ေလာက္မွာပါ ။ အဘြားအိုဟာ မ်က္စိမျမင္သည့္အျပင္ အလုပ္ႀကိဳးစားၿပီး တစ္ေယာက္တည္းေနထိုင္ေနသူလည္းျဖစ္ပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ သူမမွာမိသားစုဝင္ေတြလည္းမ႐ွိသည့္အျပင္ သူငယ္ခ်င္းဆိုတာလည္းမ႐ွိလို႔ပါ ။ ထို႔အျပင္ သူမ၏ေဆြမ်ိဳးမ်ားဟာလည္း သူမ၏မိခင္ဆံုးပါးသြားကတည္ကသူမႏွင့္ သီးသန္႔ခြဲေနသြားခဲ့ၾကလို႔ျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း သူမဟာဘဝကိုမ႐ႈံးမေပးသည့္အျပင္ ကိုယ့္ဝမ္းကိုယ္ေက်ာင္းဖို႔အတြက္ တျခားနည္းလမ္းေတြနဲ႔ေျဖ႐ွင္းခဲ့ပါတယ္ ။ အဲတာကေတာ့ ဘန္ေကာက္ျမိဳ႕ထဲမွာ အစာသြပ္ထားတဲ့ေပါင္မုန္႔ေတြေရာင္ၿပီး ဝင္ေငြ႐ွာေနတာပါပဲ ။ သူမဟာတစ္ေယာက္တည္းသူျဖစ္ေနတဲ့အတြက္ သူမကိုယ္တိုင္ေပါင္မုန္႔ကိုစက္ရံုမွာသြားယူၿပီး ကိုယ္တိုင္ေရာင္းခ်ေနတာပါ ။

သူမရဲ႕ဆိုင္ကို မနက္ 7နာရီမွာစဖြင့္ပါတယ္ ။ ထို႔ေနာက္ 2နာရီ ကေန 4နာရီခန္႔အထိ ေပါင္မုန္႔ေတြကိုေရာင္ခ်ပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ အဲ့လိုအခ်ိန္မွ ေစ်းဝယ္ေတြကသူမအနား ပံုမွန္ဝယ္ယူေလ့႐ွိလို႔ပါ ။ သူမဟာ ေပါင္မုန္႔တစ္လံုးကို 50 bhat နဲ႔ေရာင္းၿပီး ေပါင္မုန္႔တစ္လံုးမွ သူမ 5 bhat ပဲအျမတ္ရပါတယ္ ။

ထို႔အျပင္သူမရဲ႕စီးပြားေရးလုပ္ငန္းဟာ စိန္ေခၚမႈမ်ားစြာနဲ႔ ျပည့္ႏွက္ေနပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ သူမဟာမ်က္မျမင္တစ္ေယာက္ျဖစ္ေနတဲ့အတြက္ အခ်ိဳ႕ေသာ မသိနားမလည္းတတ္ၾကတဲ့သူမ်ားက သူမကိုပိုက္ဆံအတုေတြေပးၿပီး ၊ သူမရဲ႕ေပါင္မုန္႔ေတြကို ခိုးသြားၾကလို႔ပါ ။ သူမရဲ႕မ်က္စိအျမင္ခ်ိဳ႕ယြင္းေနတာနဲ႔ပက္သက္ၿပီး အဲ့လိုပံုစံနဲ႔ေတာ့အခြင့္ေကာင္းမယူသင့္ပါဘူးေလ ။ သို႔ေပမဲ့လည္း Aunt Nid ဟာအျပံဳးမပ်က္ဘဲ သူမရဲ႕ေပါင္မုန္႔ေတြကိုဆက္ေရာင္းေနခဲ့ၿပီး သူမရဲ႕မ်က္ႏွာေပၚမွာေတာ့ ေမ်ွာ့္လင္ခ်က္ေတြ ခပ္မွိန္မွိန္ေလး႐ွိေနတုန္းပါပဲ ။ ဒါ့ေၾကာင့္မို႔ Aunt Nud လိုဘဝကိုအ႐ိုးသားဆံုးေနထိုင္ၿပီး အားမေလ်ွာ့ပဲကိုယ့္ဘဝအတြက္ အေကာင္းဆံုးဆက္ႀကိဳးစားၿပီး ေနထိုင္သင့္ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတွေမကြာခဏပြောလေ့ရှိတဲ့စကားကတော့ အလုပ်ကိုအပတ်တကုတ်ကြိုးစားပြီးလုပ်မယ်ဆိုရင် ဘဝမှာအောင်မြင်မှုတွေများစွာရရှိနိုင်တယ်ဆိုပေမဲ့လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကအဘွားအိုတစ်ယောက်ကတော့ ဘဝမှာအရိုးသားဆုံးနေထိုင်ပြီးကြိုးစားခြင်းက အရာအားလုံးကိုအောင်မြင်နိုင်တယ်လို့ပြလိုက်တဲ့အတိုင်ပါပဲ ။ Aunt Nid အမည်ရှိတဲ့ အသက် 71နှစ်အရွယ် မျက်မမြင်အဘွားအိုဟာ သူမမျက်နှာပေါ်ကအပြုံလေးတစ်ခုနဲ့ သူမဘဝအတွက်အကောင်းဆုံးတိုက်ပွဲဝင်နေသူပါ ။ Aunt Nid ရဲ့ဘဝအကြောင်းကိုကြားရင်တော့ လူတိုင်းလိုလိုဘဝတည်ဆောက်ဖို့အတွက် အကောင်းဆုံးခွန်အားတွေရရှိနိုင်လောက်မှာပါ ။ အဘွားအိုဟာ မျက်စိမမြင်သည့်အပြင် အလုပ်ကြိုးစားပြီး တစ်ယောက်တည်းနေထိုင်နေသူလည်းဖြစ်ပါတယ် ။ ဘာလို့လည်းဆိုတော့ သူမမှာမိသားစုဝင်တွေလည်းမရှိသည့်အပြင် သူငယ်ချင်းဆိုတာလည်းမရှိလို့ပါ ။ ထို့အပြင် သူမ၏ဆွေမျိုးများဟာလည်း သူမ၏မိခင်ဆုံးပါးသွားကတည်ကသူမနှင့် သီးသန့်ခွဲနေသွားခဲ့ကြလို့ဖြစ်ပါတယ် ။ သို့ပေမဲ့လည်း သူမဟာဘဝကိုမရှုံးမပေးသည့်အပြင် ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့အတွက် တခြားနည်းလမ်းတွေနဲ့ဖြေရှင်းခဲ့ပါတယ် ။ အဲတာကတော့ ဘန်ကောက်မြို့ထဲမှာ အစာသွပ်ထားတဲ့ပေါင်မုန့်တွေရောင်ပြီး ဝင်ငွေရှာနေတာပါပဲ ။ သူမဟာတစ်ယောက်တည်းသူဖြစ်နေတဲ့အတွက် သူမကိုယ်တိုင်ပေါင်မုန့်ကိုစက်ရုံမှာသွားယူပြီး ကိုယ်တိုင်ရောင်းချနေတာပါ ။

သူမရဲ့ဆိုင်ကို မနက် 7နာရီမှာစဖွင့်ပါတယ် ။ ထို့နောက် 2နာရီ ကနေ 4နာရီခန့်အထိ ပေါင်မုန့်တွေကိုရောင်ချပါတယ် ။ ဘာလို့လည်းဆိုတော့ အဲ့လိုအချိန်မှ ဈေးဝယ်တွေကသူမအနား ပုံမှန်ဝယ်ယူလေ့ရှိလို့ပါ ။ သူမဟာ ပေါင်မုန့်တစ်လုံးကို 50 bhat နဲ့ရောင်းပြီး ပေါင်မုန့်တစ်လုံးမှ သူမ 5 bhat ပဲအမြတ်ရပါတယ် ။

ထို့အပြင်သူမရဲ့စီးပွားရေးလုပ်ငန်းဟာ စိန်ခေါ်မှုများစွာနဲ့ ပြည့်နှက်နေပါတယ် ။ ဘာလို့လည်းဆိုတော့ သူမဟာမျက်မမြင်တစ်ယောက်ဖြစ်နေတဲ့အတွက် အချို့သော မသိနားမလည်းတတ်ကြတဲ့သူများက သူမကိုပိုက်ဆံအတုတွေပေးပြီး ၊ သူမရဲ့ပေါင်မုန့်တွေကို ခိုးသွားကြလို့ပါ ။ သူမရဲ့မျက်စိအမြင်ချို့ယွင်းနေတာနဲ့ပက်သက်ပြီး အဲ့လိုပုံစံနဲ့တော့အခွင့်ကောင်းမယူသင့်ပါဘူးလေ ။ သို့ပေမဲ့လည်း Aunt Nid ဟာအပြုံးမပျက်ဘဲ သူမရဲ့ပေါင်မုန့်တွေကိုဆက်ရောင်းနေခဲ့ပြီး သူမရဲ့မျက်နှာပေါ်မှာတော့ မျှော့်လင်ချက်တွေ ခပ်မှိန်မှိန်လေးရှိနေတုန်းပါပဲ ။ ဒါ့ကြောင့်မို့ Aunt Nud လိုဘဝကိုအရိုးသားဆုံးနေထိုင်ပြီး အားမလျှော့ပဲကိုယ့်ဘဝအတွက် အကောင်းဆုံးဆက်ကြိုးစားပြီး နေထိုင်သင့်ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ခိုးယူသူေတြ႐ွိေနတာေတာင္ လက္မေလ်ွာ့ဘဲအျပံဳးမပ်က္ ေပါင္မုန္႔ေတြဆက္ေရာင္းေနတဲ့ မ်က္မျမင္အဘြားအို"

Leave a comment

Your email address will not be published.


*