မိဘေတြအိမ္ျပန္လာခ်ိန္ TV ပိတ္ၿပီး အိမ္စာလုပ္ဖို႔ ေကာင္မေလးကိုအျမဲသတိေပးေလ့႐ွိတဲ့ ေခြးလိမၼာ (႐ုပ္သံ)

တ႐ုတ္ social media ေပၚမွာ ဂ်ာမာန္အမ်ိဳးအစားေခြးေလးျဖစ္တဲ့ Nuomi ႏွင့္ သူ၏သခင္မေလး Guanline တို႔ရဲ႕ အခ်င္းခ်င္း ဂ႐ုစိုက္ၿပီး အလိုက္သိတတ္လြန္းတဲ့လုပ္ရပ္ေတြဟာ အေတာ္ေလးကိုနာမည္ႀကီးေနလ်က္႐ွိပါတယ္ ။ Nuomi ကို ေမြးစားခဲ့တာ 4ႏွစ္ခန္႔႐ွိေနၿပီျဖစ္ၿပီး ၊ ေခြးေလးကို ေသေသခ်ာခ်ာေလ့က်င့္သင္ၾကားေပးခဲ့တာမ်ိဳးလည္းမ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ေခြးေလးဟာ မိဘေတြအိမ္ျပန္လာခ်ိန္ TV ခိုးၾကည့္ေနတဲ့ Guanline ကို ဘယ္လိုသတိေပးရမလဲဆိုတာ သိေနခဲ့ပါတယ္ ။ အစပိုင္းမွာ ေခြးေလးဟာ တံခါးေပါက္ဖက္ကို ေဟာင္ေနခဲ့ၿပီး ေနာက္မွ သူ၏လက္ဖဝါးကို စားပြဲခံုေပၚတင္ၿပီး အခ်က္ျပခဲ့တာပါ ။ Guanline ကလည္း ေခြးေလးရဲ႕သတိေပးခ်က္ကို ခ်က္ခ်င္းနားလည္သေဘာေပါက္သြားၿပီး TV ကိုပိတ္ကာ အိမ္စာလုပ္ေနသေယာင္ဟန္ေဆာင္ခဲ့ပါေတာ့တယ္ ။ ဖခင္ျဖစ္သူကလည္း အစပိုင္းမွာေတာ့ လံုးဝကိုမရိပ္မိခဲ့ဘဲ ေနာက္ဆံုး CCTV ဖြင့္ၾကည့္ခဲ့ခ်ိန္မွ သမီးေလး ႏွင့္ ေခြးေလး အတိုင္အေဖာက္ညီေနၾကတာကို သိ႐ွိခဲ့ရတာပါ ။

ေခြးေလးဟာ မိသားစုဝင္ေတြနဲ႔အတူ အျမဲကုန္စံုဆိုင္သို႔သြားေလ့႐ွိၿပီး သခင္ေတြအတြက္အျမဲ ျခင္းေတာင္းကူသယ္ေပးေလ့႐ွိရံုသာမက ၊ ေနအိမ္မွာတစ္ေကာင္တည္း က်န္ေနခဲ့တဲ့အခ်ိန္တိုင္းလည္း delivery ပစၥည္းေတြကိုလက္ခံတတ္ပါေသးတယ္ ။ Delivery သမားရဲ႕ေျပာျပခ်က္အရ ” တံခါးဖြင့္ေနတာကိုျမင္ေတာ့ ကြၽန္ေတာ္ပါဆယ္ထုပ္ကိုေပးလိုက္တယ္ ၊ ခဏေနမွ ပါဆယ္ထုပ္လက္ခံေပးေနတာ ေခြးေလးျဖစ္မွန္ကြၽန္ေတာ္သိလိုက္ရတယ္ ၊ ကြၽန္ေတာ္ေၾကာက္လြန္းလို႔ လက္ခံရ႐ွိေၾကာင္းေျပစာကိုေတာင္ မယူလိုက္ရဘူး ၊ ေခြးေလးက ပစၥည္းေတြကိုဒီတိုင္းပဲ ယူသြားခဲ့တာပါ ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ ေနာက္ေတာ့မွ သခင္ျဖစ္သူကေခြးေလးကို delivery သမားဆီသို႔ေခၚသြားခဲ့ကာ ေခြးေလးကလည္းခ်က္ခ်င္းမွတ္မိခဲ့လို႔ delivery သမားကို မုန္႔ထုပ္ေပးခဲ့ၿပီး ေက်းဇူးတင္စကားေျပာခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

ေခြးေလး Nuomi ကို Guanlin လမ္းေလ်ွာက္တက္စအရြယ္ကတည္းက ေမြးစားခဲ့တာျဖစ္ပါတယ္ ။ Guanlin ကလည္း ေခြးေလးကိုအျမဲပံုျပင္ဖတ္ျပၿပီး မုန္႔ေကြၽးေလ့႐ွိပါတယ္ ။ ေက်ာင္းကေန အိမ္ျပန္လာတဲ့ Guanlin ကိုအျမဲႀကိဳပို႔ရံုသာမက ေခြးေလး Nuomi က လြယ္အိတ္ေတြပါ ကူးသယ္ေပးေလ့႐ွိလို႔ ခ်စ္ဖို႔ေကာင္းလြန္းတဲ့ Nuomi ႏွင့္ Guanlin ရဲ႕အေၾကာင္းဟာ social media ေပၚမွာ အေတာ္ေလးေရပန္းစားခဲ့ၿပီး follower ေတြလည္းအေတာ္မ်ားမ်ားရ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: /nextshark

Unicode

တရုတ် social media ပေါ်မှာ ဂျာမာန်အမျိုးအစားခွေးလေးဖြစ်တဲ့ Nuomi နှင့် သူ၏သခင်မလေး Guanline တို့ရဲ့ အချင်းချင်း ဂရုစိုက်ပြီး အလိုက်သိတတ်လွန်းတဲ့လုပ်ရပ်တွေဟာ အတော်လေးကိုနာမည်ကြီးနေလျက်ရှိပါတယ် ။ Nuomi ကို မွေးစားခဲ့တာ 4နှစ်ခန့်ရှိနေပြီဖြစ်ပြီး ၊ ခွေးလေးကို သေသေချာချာလေ့ကျင့်သင်ကြားပေးခဲ့တာမျိုးလည်းမရှိကြောင်း သိရှိရပါတယ် ။ ခွေးလေးဟာ မိဘတွေအိမ်ပြန်လာချိန် TV ခိုးကြည့်နေတဲ့ Guanline ကို ဘယ်လိုသတိပေးရမလဲဆိုတာ သိနေခဲ့ပါတယ် ။ အစပိုင်းမှာ ခွေးလေးဟာ တံခါးပေါက်ဖက်ကို ဟောင်နေခဲ့ပြီး နောက်မှ သူ၏လက်ဖဝါးကို စားပွဲခုံပေါ်တင်ပြီး အချက်ပြခဲ့တာပါ ။ Guanline ကလည်း ခွေးလေးရဲ့သတိပေးချက်ကို ချက်ချင်းနားလည်သဘောပေါက်သွားပြီး TV ကိုပိတ်ကာ အိမ်စာလုပ်နေသယောင်ဟန်ဆောင်ခဲ့ပါတော့တယ် ။ ဖခင်ဖြစ်သူကလည်း အစပိုင်းမှာတော့ လုံးဝကိုမရိပ်မိခဲ့ဘဲ နောက်ဆုံး CCTV ဖွင့်ကြည့်ခဲ့ချိန်မှ သမီးလေး နှင့် ခွေးလေး အတိုင်အဖောက်ညီနေကြတာကို သိရှိခဲ့ရတာပါ ။

ခွေးလေးဟာ မိသားစုဝင်တွေနဲ့အတူ အမြဲကုန်စုံဆိုင်သို့သွားလေ့ရှိပြီး သခင်တွေအတွက်အမြဲ ခြင်းတောင်းကူသယ်ပေးလေ့ရှိရုံသာမက ၊ နေအိမ်မှာတစ်ကောင်တည်း ကျန်နေခဲ့တဲ့အချိန်တိုင်းလည်း delivery ပစ္စည်းတွေကိုလက်ခံတတ်ပါသေးတယ် ။ Delivery သမားရဲ့ပြောပြချက်အရ ” တံခါးဖွင့်နေတာကိုမြင်တော့ ကျွန်တော်ပါဆယ်ထုပ်ကိုပေးလိုက်တယ် ၊ ခဏနေမှ ပါဆယ်ထုပ်လက်ခံပေးနေတာ ခွေးလေးဖြစ်မှန်ကျွန်တော်သိလိုက်ရတယ် ၊ ကျွန်တော်ကြောက်လွန်းလို့ လက်ခံရရှိကြောင်းပြေစာကိုတောင် မယူလိုက်ရဘူး ၊ ခွေးလေးက ပစ္စည်းတွေကိုဒီတိုင်းပဲ ယူသွားခဲ့တာပါ ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ နောက်တော့မှ သခင်ဖြစ်သူကခွေးလေးကို delivery သမားဆီသို့ခေါ်သွားခဲ့ကာ ခွေးလေးကလည်းချက်ချင်းမှတ်မိခဲ့လို့ delivery သမားကို မုန့်ထုပ်ပေးခဲ့ပြီး ကျေးဇူးတင်စကားပြောခဲ့ရကြောင်း သိရှိရပါတယ် ။

ခွေးလေး Nuomi ကို Guanlin လမ်းလျှောက်တက်စအရွယ်ကတည်းက မွေးစားခဲ့တာဖြစ်ပါတယ် ။ Guanlin ကလည်း ခွေးလေးကိုအမြဲပုံပြင်ဖတ်ပြပြီး မုန့်ကျွေးလေ့ရှိပါတယ် ။ ကျောင်းကနေ အိမ်ပြန်လာတဲ့ Guanlin ကိုအမြဲကြိုပို့ရုံသာမက ခွေးလေး Nuomi က လွယ်အိတ်တွေပါ ကူးသယ်ပေးလေ့ရှိလို့ ချစ်ဖို့ကောင်းလွန်းတဲ့ Nuomi နှင့် Guanlin ရဲ့အကြောင်းဟာ social media ပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီး follower တွေလည်းအတော်များများရရှိခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိဘေတြအိမ္ျပန္လာခ်ိန္ TV ပိတ္ၿပီး အိမ္စာလုပ္ဖို႔ ေကာင္မေလးကိုအျမဲသတိေပးေလ့႐ွိတဲ့ ေခြးလိမၼာ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*