မီးသတ္သမားေတြကို ေတြ႔ခ်င္လြန္းလို႔ ေနအိမ္ 12လံုးမီး႐ႈိ့ပစ္ခဲ့ၾကတဲ့ မူလတန္းေက်ာင္းသား 2ဦး

လူေတြတိုင္မွာေတာ့ ကိုယ္စီအတုယူစံနမူနာထားၾကတဲ့လူေတြ႐ွိၾကမွာပါပဲေလ ။ အဲ့လိုကိုယ္စံနမူနာထားၾကတဲ့သူေတြနဲ႔ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္အျပင္မွာေတြ႔ရဖို႔ကလည္း ကိုယ့္ရဲ႕ရည္မွန္းခ်က္အိမ္မက္တစ္ခုလိုပါပဲ ။ ဒီတစ္ေခါက္မွာလည္း ကေလးငယ္ေလးေတြဟာသူတို႔အမွန္တကယ္ကို ေတြ႔ခ်င္ေနခဲ့တဲ့ သူတို႔ေလးေတြသူရဲေကာင္းလို႔မွတ္ယူထားၾကတဲ့သူေတြကို ေတြ႔ခ်င္လြန္းလို႔မေနႏိုင္ေတာ့ဘဲ သူတို႔လက္နဲ႔ကိုယ္တိုင္ျပသာနာဖန္တီးမိခဲ့ၾကပါတယ္ ။ မေလး႐ွားႏိုင္ငံက ခရီးသြားေတြအၾကားမွာေရပန္းစားေလ့႐ွိတဲ့ Kota Bharu ေဒသမွာ႐ွိၾကတဲ့ 10ႏွစ္အရြယ္ေကာင္ေလး ႏွင့္ သူ၏အစ္ကိုေတာ္စပ္သူ 11ႏွစ္အရြယ္ေကာင္ေလးတို႔ဟာ အဆိုပါေဒသတြင္႐ွိေနေသာေနအိမ္ 12 လံုးကိုမီး႐ႈိ့ခဲ့ေၾကာင္း ရဲအရာ႐ွိမ်ားက ႐ွာေဖြေဖာ္ထုတ္ႏိုင္ခဲ့ၾကပါတယ္ ။ ေကာင္ေလးေတြကေတာ့ မီးသတ္သမားေတြ မီးၿငိမ္းသတ္တဲ့လုပ္ငန္းေတြျပဳလုပ္ေနတာကို မ်က္ျမင္ကိုယ္ေတြ႔ၾကည့္႐ႈခ်င္ခဲ့လို႔ ယခုကဲ့သို႔မီး႐ိႈ ့ခဲ့ရျခင္းျဖစ္ေၾကာင္း ဝန္ခံထြက္ဆိုခဲ့ၾကပါတယ္ ။ သတင္းအရ ေဒသခံတစ္ဦးျဖစ္သူ Azri အမည္႐ွိအမ်ိဳးသားတစ္ဦး၏ေျပာျပခ်က္အရ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ည 11:30 မွာ ၎တို႔၏ေနအိမ္ကိုလူတစ္ေယာက္ကမီးလာ႐ိႈ့ခဲ့ေၾကာင္း ဇနီးျဖစ္သူကေျပာဆိုခဲ့၍ အိပ္ယာမွထကာရြာ၏အျခားဧရိယာသို႔ မီးမကူးစက္မွီအခ်ိန္မီ မီးၿငိမ္းသက္ႏိုင္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ထိုညမွာ သူ၏ေနအိမ္တစ္လံုးတည္းကမီးေလာင္ကြၽမ္းခဲ့တာ မဟုတ္ပါဘူး ။

အိမ္နီးခ်င္းတစ္ဦးကလည္း သူတို႔၏ ဆိုဖာထိုင္ခံုတစ္ဆက္လံုး မီးေလာင္ကြၽမ္းခဲ့ေၾကာင္းထြက္ဆိုခဲ့ၾကသျဖင့္ တစ္ရြာလံုးအေတာ္ေလးစိတ္ဒုကၡေရာက္ခဲ့ၾကပါတယ္ ။ ေကာင္ေလးေတြအတြက္ကေတာ့ အဆိုပါအျဖစ္အပ်က္ဟာ ပထမဆံုးအႀကိမ္က်ဴ းလြန္ခဲ့ျခင္းမ်ိဳးမဟုတ္ခဲ့ပါဘူး ။ ပထမဆံုးအႀကိမ္ကေတာ့ June လတုန္းက ေနအိမ္တစ္လံုးကိုမီး႐ႈိ ့ခဲ့တာျဖစ္ၿပီး ၊ ဒုတိယအႀကိမ္ကေတာ့ Eid al-Fitr က်င္ပတဲ့ေန႔တုန္းက အိမ္3လံုးမီးေလာင္ကြၽမ္းခဲ့တာျဖစ္ပါတယ္ ။တတိယအႀကိမ္ကေတာ့ ရြာသားေတြရဲ႕ေျပာျပခ်က္အရ ေနအိမ္ 7လံုးမီးေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ပါတယ္ ။ ေနအိမ္တစ္လံုးကေတာ့ Single mother တစ္ဦး ႏွင့္ သူ၏သားသမီး 8ေယာက္တို႔ ေနအိမ္ထဲမွာ႐ွိေနတဲ့အခ်ိန္ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္ ။

အဆိုပါ မီးေလာင္ကြၽမ္းမႈႏွင့္တိုင္ၾကားစာရ႐ွိခဲ့ၾကတဲ့ ရဲအရာ႐ွိမ်ားကေတာ့ စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကရာ အဆိုပါျပသာနာ၏အရင္းအျမစ္ကို႐ွာေဖြေတြ႔႐ွိခဲ့ၾကပါတယ္ ။ အဲတာကေတာ့ ေကာင္ေလးႏွစ္ေယာက္ဟာ မီးသတ္သမားေတြမီးၿငိမ္းသတ္ေနၾကတာကိုေတြ႔ခ်င္လြန္းလို႔ ေနအိမ္မ်ားကိုမီး႐ိႈ ့ခဲ့ျခင္းျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ၾကပါတယ္ ။ စံုစမ္းစစ္ေဆးမႈျပဳလုပ္ၿပီးေနာက္မွာေတာ့ ညီအစ္ကိုႏွစ္ေယာက္ကို ရဲအရာ႐ွိမ်ားကဖမ္းဆီးထိန္းသိမ္းထားခဲ့ၾကပါတယ္ ။ ေကာင္ေလးႏွစ္ေယာက္ကို 2ရက္ခန္႔ထိန္းသိမ္းထားခဲ့ၿပီးေနာက္ ယေန႔မွာေတာ့ျပစ္ဒဏ္ခ်မွတ္မည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတွေတိုင်မှာတော့ ကိုယ်စီအတုယူစံနမူနာထားကြတဲ့လူတွေရှိကြမှာပါပဲလေ ။ အဲ့လိုကိုယ်စံနမူနာထားကြတဲ့သူတွေနဲ့ တစ်နေ့နေ့တစ်ချိန်ချိန်အပြင်မှာတွေ့ရဖို့ကလည်း ကိုယ့်ရဲ့ရည်မှန်းချက်အိမ်မက်တစ်ခုလိုပါပဲ ။ ဒီတစ်ခေါက်မှာလည်း ကလေးငယ်လေးတွေဟာသူတို့အမှန်တကယ်ကို တွေ့ချင်နေခဲ့တဲ့ သူတို့လေးတွေသူရဲကောင်းလို့မှတ်ယူထားကြတဲ့သူတွေကို တွေ့ချင်လွန်းလို့မနေနိုင်တော့ဘဲ သူတို့လက်နဲ့ကိုယ်တိုင်ပြသာနာဖန်တီးမိခဲ့ကြပါတယ် ။ မလေးရှားနိုင်ငံက ခရီးသွားတွေအကြားမှာရေပန်းစားလေ့ရှိတဲ့ Kota Bharu ဒေသမှာရှိကြတဲ့ 10နှစ်အရွယ်ကောင်လေး နှင့် သူ၏အစ်ကိုတော်စပ်သူ 11နှစ်အရွယ်ကောင်လေးတို့ဟာ အဆိုပါဒေသတွင်ရှိနေသောနေအိမ် 12 လုံးကိုမီးရှို့ခဲ့ကြောင်း ရဲအရာရှိများက ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပါတယ် ။ ကောင်လေးတွေကတော့ မီးသတ်သမားတွေ မီးငြိမ်းသတ်တဲ့လုပ်ငန်းတွေပြုလုပ်နေတာကို မျက်မြင်ကိုယ်တွေ့ကြည့်ရှုချင်ခဲ့လို့ ယခုကဲ့သို့မီးရှို့ခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြပါတယ် ။ သတင်းအရ ဒေသခံတစ်ဦးဖြစ်သူ Azri အမည်ရှိအမျိုးသားတစ်ဦး၏ပြောပြချက်အရ ပြီးခဲ့တဲ့ ကြာသပတေးနေ့ည 11:30 မှာ ၎င်းတို့၏နေအိမ်ကိုလူတစ်ယောက်ကမီးလာရှို့ခဲ့ကြောင်း ဇနီးဖြစ်သူကပြောဆိုခဲ့၍ အိပ်ယာမှထကာရွာ၏အခြားဧရိယာသို့ မီးမကူးစက်မှီအချိန်မီ မီးငြိမ်းသက်နိုင်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း ထိုညမှာ သူ၏နေအိမ်တစ်လုံးတည်းကမီးလောင်ကျွမ်းခဲ့တာ မဟုတ်ပါဘူး ။

အိမ်နီးချင်းတစ်ဦးကလည်း သူတို့၏ ဆိုဖာထိုင်ခုံတစ်ဆက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်းထွက်ဆိုခဲ့ကြသဖြင့် တစ်ရွာလုံးအတော်လေးစိတ်ဒုက္ခရောက်ခဲ့ကြပါတယ် ။ ကောင်လေးတွေအတွက်ကတော့ အဆိုပါအဖြစ်အပျက်ဟာ ပထမဆုံးအကြိမ်ကျူ းလွန်ခဲ့ခြင်းမျိုးမဟုတ်ခဲ့ပါဘူး ။ ပထမဆုံးအကြိမ်ကတော့ June လတုန်းက နေအိမ်တစ်လုံးကိုမီးရှို့ခဲ့တာဖြစ်ပြီး ၊ ဒုတိယအကြိမ်ကတော့ Eid al-Fitr ကျင်ပတဲ့နေ့တုန်းက အိမ်3လုံးမီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ် ။တတိယအကြိမ်ကတော့ ရွာသားတွေရဲ့ပြောပြချက်အရ နေအိမ် 7လုံးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပါတယ် ။ နေအိမ်တစ်လုံးကတော့ Single mother တစ်ဦး နှင့် သူ၏သားသမီး 8ယောက်တို့ နေအိမ်ထဲမှာရှိနေတဲ့အချိန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ် ။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့်တိုင်ကြားစာရရှိခဲ့ကြတဲ့ ရဲအရာရှိများကတော့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြရာ အဆိုပါပြသာနာ၏အရင်းအမြစ်ကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။ အဲတာကတော့ ကောင်လေးနှစ်ယောက်ဟာ မီးသတ်သမားတွေမီးငြိမ်းသတ်နေကြတာကိုတွေ့ချင်လွန်းလို့ နေအိမ်များကိုမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြပါတယ် ။ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးနောက်မှာတော့ ညီအစ်ကိုနှစ်ယောက်ကို ရဲအရာရှိများကဖမ်းဆီးထိန်းသိမ်းထားခဲ့ကြပါတယ် ။ ကောင်လေးနှစ်ယောက်ကို 2ရက်ခန့်ထိန်းသိမ်းထားခဲ့ပြီးနောက် ယနေ့မှာတော့ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မီးသတ္သမားေတြကို ေတြ႔ခ်င္လြန္းလို႔ ေနအိမ္ 12လံုးမီး႐ႈိ့ပစ္ခဲ့ၾကတဲ့ မူလတန္းေက်ာင္းသား 2ဦး"

Leave a comment

Your email address will not be published.


*