CCTV ႐ွိမွန္းမသိဘဲ သူမ်ားအိမ္ေ႐ွ႕ကပန္းအိုးကို ဆိုင္ကယ္နဲ႔ ခပ္တည္တည္လာခိုးသြားခဲ့ၾကတဲ့ လင္မယား (႐ုပ္သံ)

” တူလို႔တန္လို႔ ရၾကတာ ” ဆိုတဲ့စကားက ယခုေဖာ္ျပမဲ့ လင္မယားနဲ႔အေတာ္ေလးလိုက္ဖက္လြန္းလွပါတယ္ ။ ေကာင္းတဲ့အက်င့္စ႐ိုက္တူတဲ့ လင္မယားမ်ိဳးက အေတာ္မ်ားမ်ား႐ွိၾကေပမဲ့ ၊ ယခုလို ႐ုပ္ညံ့ၿပီးသူတစ္ပါးပစၥည္းခိုးဖို႔ တက္ညီလက္ညီ႐ွိၾကတဲ့ လင္မယားေတြကေတာ့ ႐ွားတယ္လို႔ေျပာရမွာပါပဲ ။ ယခု video ေလးဟာဆိုရင္ေတာ့ social media ေပၚမွာ ၾကည့္႐ႈသူအမ်ားအျပားရ႐ွိေနလ်က္႐ွိၿပီး ၊ လူအေတာ္အမ်ားရဲ႕ ေဝဖန္မႈကိုရ႐ွိေနတဲ့ video လည္းျဖစ္ပါတယ္ ။ Video ထဲမွာဆိုရင္ေတာ့ ညဖက္လူအိပ္ခ်ိန္ႀကီးမွာ အဆိုပါလင္မယားဟာ ပန္းအိုးေတြမ်ားစြာထား႐ွိထားတဲ့ ေနအိမ္အျပင္ဖက္သို႔ ဆိုင္ကယ္ျဖင့္ေရာက္ခ်လာခဲ့ၾကပါတယ္ ။ ထို႔ေနာက္ ေဘးပတ္လည္ကိုၾကည့္ၿပီး ဇနီးျဖစ္သူက ဆိုင္ကယ္ေပၚကေန ဆင္းလာခဲ့ၿပီးေနာက္ ခိုးယူမည့္ပန္းအိုးတစ္လံုးကို ေရြးခ်ယ္ေနခဲ့ပါေတာ့တယ္ ။ ပတ္ဝန္းက်င္ပတ္ပတ္လည္႐ွိ CCTV ႐ွိမ႐ွိ စစ္ေဆးခဲ့ၾကၿပီး ခဏအၾကာ စဥ္းစားေနခဲ့ၾကပါေသးတယ္ ။

ေနာက္ေတာ့မွ ပန္းအိုးတစ္လံုးကို ဇနီးျဖစ္သူက ေကာက္မၿပီးေနာက္ ဆိုင္ကယ္ေပၚတင္ခဲ့ပါေတာ့တယ္ ။ ထို႔ေနာက္ခင္ပြန္းျဖစ္သူကလည္း ဇနီး ႏွင့္ ပန္းအိုးကိုသယ္ၿပီး အဆိုပါေနအိမ္ေ႐ွ႕ကေန အလ်င္အျမန္ထြက္ခြာသြားခဲ့ပါတယ္ ။ ေနာက္တစ္ရက္မွာေတာ့ ပန္းအိုးေပ်ာက္ဆံုးသြားမွန္းသိ႐ွိခဲ့တဲ့ အိမ္႐ွင္က CCTV စစ္ေဆးခဲ့ခ်ိန္မွာေတာ့ အဆိုပါခိုးယူခဲ့တဲ့ျဖစ္စဥ္တစ္ေလ်ွာက္လံုးကို ေတြ႔႐ွိခဲ့ပါေတာ့တယ္ ။

ထို႔ေနာက္ ခ်က္ခ်င္းပဲအဆိုပါ CCTV မွတ္တမ္းကို social media ေပၚမွာ ေဝမ်ွပစ္ခဲ့လို႔ CCTV မွတ္တမ္းမွာ ႐ုပ္သြင္ျပင္ အ႐ွင္းသားပါေနခဲ့တဲ့ တစ္ၿမိဳ႕တည္းသား သူခိုးလင္မယားကေတာ့ နာမည္အေတာ္ေလးႀကီးသြားခဲ့ၿပီး ၎တို႔လုပ္ရပ္အတြက္ အ႐ွက္ႀကီး႐ွက္ေနခဲ့ၾကမွာကို ေတြးမိရံုနဲ႔သိႏိုင္ပါတယ္ေလ ။

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

” တူလို့တန်လို့ ရကြတာ ” ဆိုတဲ့စကားက ယခုဖော်ပြမဲ့ လင်မယားနဲ့အတော်လေးလိုက်ဖက်လွန်းလှပါတယ် ။ ကောင်းတဲ့အကျင့်စရိုက်တူတဲ့ လင်မယားမျိုးက အတော်များများရှိကြပေမဲ့ ၊ ယခုလို ရုပ်ညံ့ပြီးသူတစ်ပါးပစ္စည်းခိုးဖို့ တက်ညီလက်ညီရှိကြတဲ့ လင်မယားတွေကတော့ ရှားတယ်လို့ပြောရမှာပါပဲ ။ ယခု video လေးဟာဆိုရင်တော့ social media ပေါ်မှာ ကြည့်ရှုသူအများအပြားရရှိနေလျက်ရှိပြီး ၊ လူအတော်အများရဲ့ ဝေဖန်မှုကိုရရှိနေတဲ့ video လည်းဖြစ်ပါတယ် ။ Video ထဲမှာဆိုရင်တော့ ညဖက်လူအိပ်ချိန်ကြီးမှာ အဆိုပါလင်မယားဟာ ပန်းအိုးတွေများစွာထားရှိထားတဲ့ နေအိမ်အပြင်ဖက်သို့ ဆိုင်ကယ်ဖြင့်ရောက်ချလာခဲ့ကြပါတယ် ။ ထို့နောက် ဘေးပတ်လည်ကိုကြည့်ပြီး ဇနီးဖြစ်သူက ဆိုင်ကယ်ပေါ်ကနေ ဆင်းလာခဲ့ပြီးနောက် ခိုးယူမည့်ပန်းအိုးတစ်လုံးကို ရွေးချယ်နေခဲ့ပါတော့တယ် ။ ပတ်ဝန်းကျင်ပတ်ပတ်လည်ရှိ CCTV ရှိမရှိ စစ်ဆေးခဲ့ကြပြီး ခဏအကြာ စဉ်းစားနေခဲ့ကြပါသေးတယ် ။

နောက်တော့မှ ပန်းအိုးတစ်လုံးကို ဇနီးဖြစ်သူက ကောက်မပြီးနောက် ဆိုင်ကယ်ပေါ်တင်ခဲ့ပါတော့တယ် ။ ထို့နောက်ခင်ပွန်းဖြစ်သူကလည်း ဇနီး နှင့် ပန်းအိုးကိုသယ်ပြီး အဆိုပါနေအိမ်ရှေ့ကနေ အလျင်အမြန်ထွက်ခွာသွားခဲ့ပါတယ် ။ နောက်တစ်ရက်မှာတော့ ပန်းအိုးပျောက်ဆုံးသွားမှန်းသိရှိခဲ့တဲ့ အိမ်ရှင်က CCTV စစ်ဆေးခဲ့ချိန်မှာတော့ အဆိုပါခိုးယူခဲ့တဲ့ဖြစ်စဉ်တစ်လျှောက်လုံးကို တွေ့ရှိခဲ့ပါတော့တယ် ။

ထို့နောက် ချက်ချင်းပဲအဆိုပါ CCTV မှတ်တမ်းကို social media ပေါ်မှာ ဝေမျှပစ်ခဲ့လို့ CCTV မှတ်တမ်းမှာ ရုပ်သွင်ပြင် အရှင်းသားပါနေခဲ့တဲ့ တစ်မြို့တည်းသား သူခိုးလင်မယားကတော့ နာမည်အတော်လေးကြီးသွားခဲ့ပြီး ၎င်းတို့လုပ်ရပ်အတွက် အရှက်ကြီးရှက်နေခဲ့ကြမှာကို တွေးမိရုံနဲ့သိနိုင်ပါတယ်လေ ။

Jasmine (Mckzone Daily)

Be the first to comment on "CCTV ႐ွိမွန္းမသိဘဲ သူမ်ားအိမ္ေ႐ွ႕ကပန္းအိုးကို ဆိုင္ကယ္နဲ႔ ခပ္တည္တည္လာခိုးသြားခဲ့ၾကတဲ့ လင္မယား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*