သခင္က ဂ႐ုမစိုက္လို႔ဆိုၿပီး ၊ သခင့္ရဲ႕ 7ရက္အခ်ိန္ယူၿပီးဆက္ထားရတဲ့ Doraemon အ႐ုပ္ကိုဖ်က္ဆီးပစ္ခဲ့တဲ့ ေၾကာင္ေလးအဆံုးသတ္

ေၾကာင္ေမြးဖူးသူတိုင္းသိၾကတဲ့အခ်က္ကေတာ့ ေၾကာင္ေလးေတြဟာသူတို႔ကိုဂ႐ုတစိုက္ အာရံုစိုက္ၾကတာမ်ိဳး လိုခ်င္ၾကတာပါ ။ ဒါေၾကာင့္ သခင္ျဖစ္သူေတြရဲ႕အာရံုစိုက္မႈကိုရေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ႀကိဳးစားျပေလ့႐ွိပါတယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ေၾကာင္ေလးကလည္း သခင္ျဖစ္သူရဲ႕အာရံုစိုက္မႈကိုရေအာင္ ႀကီးမွားတဲ့ျပစ္မႈတစ္ခုလုပ္မိလိုက္တာပါပဲ ။ အေၾကာင္းကေတာ့ ထိုင္းႏိုင္ငံကအမ်ိဳးသားတစ္ေယာက္ဟာ အပိုင္းအစေပါင္း 2,432 ခုပါ႐ွိတဲ့ Doraemon အ႐ုပ္ကို အခ်ိန္တစ္ပတ္ေပးၿပီး ဆက္ထားခဲ့ရတာပါ ။ သို႔ေပမဲ့လည္း ေၾကာင္ေလးက သခင္သူ႔ကိုအာရံုမစိုက္ပဲ ပစ္ထားလို႔ဆိုၿပီး သခင့္ရဲ႕ Doraemon အ႐ုပ္ကို ဖ်က္ဆီးပစ္လိုက္ၿပီးေနာက္ ၊ ေနာင္တရပံုလည္းမေပၚဘဲ သခင့္အနားအတင္းတိုးေဝွ့ေနခဲ့ပါေတာ့တယ္ ။ အဆိုပါအျဖစ္အပ်က္ကို သခင္ျဖစ္သူက ဓာတ္ပံု႐ိုက္ၿပီး Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွခဲ့ၿပီးေနာက္မွာေတာ့ လူအေတာ္အမ်ားက ေၾကာင္ဆိုးေလးရဲ႕အျပဳအမႈကို ခ်စ္မဝႏိုင္ေအာင္ျဖစ္ခဲ့ၾကၿပီး အဆိုပါ post ကို ႀကိဳက္ႏွစ္သက္သူေပါင္းမ်ားစြာ႐ွိခဲ့ၿပီး ၊ ျပန္လည္ေဝမ်ွသူလည္း အမ်ားအျပား႐ွိခဲ့ပါတယ္ ။

1

2

3

4

5

6

7

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ကြောင်မွေးဖူးသူတိုင်းသိကြတဲ့အချက်ကတော့ ကြောင်လေးတွေဟာသူတို့ကိုဂရုတစိုက် အာရုံစိုက်ကြတာမျိုး လိုချင်ကြတာပါ ။ ဒါကြောင့် သခင်ဖြစ်သူတွေရဲ့အာရုံစိုက်မှုကိုရအောင် နည်းအမျိုးမျိုးနဲ့ကြိုးစားပြလေ့ရှိပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ကြောင်လေးကလည်း သခင်ဖြစ်သူရဲ့အာရုံစိုက်မှုကိုရအောင် ကြီးမှားတဲ့ပြစ်မှုတစ်ခုလုပ်မိလိုက်တာပါပဲ ။ အကြောင်းကတော့ ထိုင်းနိုင်ငံကအမျိုးသားတစ်ယောက်ဟာ အပိုင်းအစပေါင်း 2,432 ခုပါရှိတဲ့ Doraemon အရုပ်ကို အချိန်တစ်ပတ်ပေးပြီး ဆက်ထားခဲ့ရတာပါ ။ သို့ပေမဲ့လည်း ကြောင်လေးက သခင်သူ့ကိုအာရုံမစိုက်ပဲ ပစ်ထားလို့ဆိုပြီး သခင့်ရဲ့ Doraemon အရုပ်ကို ဖျက်ဆီးပစ်လိုက်ပြီးနောက် ၊ နောင်တရပုံလည်းမပေါ်ဘဲ သခင့်အနားအတင်းတိုးဝှေ့နေခဲ့ပါတော့တယ် ။ အဆိုပါအဖြစ်အပျက်ကို သခင်ဖြစ်သူက ဓာတ်ပုံရိုက်ပြီး Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပြီးနောက်မှာတော့ လူအတော်အများက ကြောင်ဆိုးလေးရဲ့အပြုအမှုကို ချစ်မဝနိုင်အောင်ဖြစ်ခဲ့ကြပြီး အဆိုပါ post ကို ကြိုက်နှစ်သက်သူပေါင်းများစွာရှိခဲ့ပြီး ၊ ပြန်လည်ဝေမျှသူလည်း အများအပြားရှိခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သခင္က ဂ႐ုမစိုက္လို႔ဆိုၿပီး ၊ သခင့္ရဲ႕ 7ရက္အခ်ိန္ယူၿပီးဆက္ထားရတဲ့ Doraemon အ႐ုပ္ကိုဖ်က္ဆီးပစ္ခဲ့တဲ့ ေၾကာင္ေလးအဆံုးသတ္"

Leave a comment

Your email address will not be published.


*