နို႔မုန္႔ဖိုးမတတ္ႏိုင္လို႔ ကေလးငယ္ကိုေန႔တိုင္းေကာ္ဖီ 1.5 လီတာတိုက္ခဲ့တဲ့မိဘ

ကေလးငယ္ေတြက်န္းမာသန္စြမ္းႏိုင္ဖို႔ အာဟာရျဖည့္ႏို႔ရည္ေတြဟာ လိုအပ္လြန္းလွပါတယ္ ။ သို႔ေပမဲ့လည္း အင္ဒိုနီး႐ွားႏိုင္ငံက 14 လသားအရြယ္ကေလးငယ္အတြက္ေတာ့ ႏို႔မုန္႔ေသာက္ရတာဟာ သူ႔အတြက္ေတာ့ စည္းစိမ္ခံစားေနရသလိုပါပဲ ။ Hadijah အမည္႐ွိတဲ့ ကေလးမေလးဟာ သူမ၏မိဘေတြကသူမအတြက္ႏို႔ရည္ဖိုးမတတ္ႏိုင္လို႔ အစားထိုးအေနနဲ႔ေန႔တိုင္ ေကာ္ဖီတိုက္ခဲ့ၾကပါတယ္ ။ Hadijah ဟာ West Sulawesi ေဒသမွာေမြးဖြားခဲ့တာျဖစ္ၿပီး သူမ 6လသားအရြယ္ကတည္းက ႏို႔ရည္အစားထိုးအေနနဲ႔ ေကာ္ဖီကိုတစ္ရက္ 5ခြက္ေသာက္ခဲ့ပါတယ္ ။ သူမရဲ႕မိဘေတြျဖစ္တဲ့ Safiruddin ႏွင့္ Anita တို႔ဟာ အင္ဒိုနီး႐ွားႏိုင္ငံရဲ႕ေစ်းအသက္သာဆံုးျဖစ္တဲ့ ေကာဖီနဲ႔သၾကားေရာႀကိတ္ထားတဲ့ kopi tubruk ကိုအျမဲဝယ္တိုက္ပါတယ္ ။ မိဘေတြကေတာ့ တစ္ရက္မွလုပ္အားခ IDR20000 (ျမန္မာေငြ 2000 က်ပ္ဝန္းက်င္) သာရ႐ွိၿပီး တစ္ေန႔လုပ္မွတစ္ေန႔စားအေျခအေနျဖစ္ေနေသာေၾကာင့္ ေရြးခ်ယ္စရာမ႐ွိလို႔ျဖစ္ပါတယ္ ။ မိဘမ်ားက အုန္းျခံမ်ားမွာအုန္းသား အေျခာက္လွန္းသည့္အလုပ္မ်ိဳးလုပ္ကိုင္ၾကၿပီး တစ္ခါတစ္ေလမွာေတာ့အလုပ္မ႐ွိပါဘူး ။

ကေလးမိခင္ျဖစ္သူ Anita ကေတာ့ ” ကြၽန္မတို႔မွာေရြးခ်ယ္စရာမ႐ွိပါဘူး ၊ သူ႔အတြက္ အာဟာရျဖည့္ႏို႔ရည္ဝယ္ေပးဖို႔အတြက္လည္း လံုေလာကိတဲ့ဝင္ေငြမ်ိဳးမ႐ွိဘူးေလ ၊ အဲ့ေၾကာင့္သူ႔ကိုေကာ္ဖီပဲ တိုက္ခဲ့ရတာ ၿပီးေတာ့သူက ေကာ္ဖီမေသာက္ရရင္ကို မအိပ္ေတာ့ဘူး ။ အိပ္ယာမဝင္ခင္ ေကာ္ဖီမေသာက္ရရင္ ေဒါသထြက္ၿပီး ပစၥည္းေတြကိုလည္း ပစ္ေပါက္ေနတတ္ပါတယ္ ” ဆိုၿပီးေျပာဆိုသြားခဲ့ပါတယ္ ။ မိခင္ျဖစ္သူဟာ ကေလးငယ္ေကာ္ဖီေသာက္ေနတာဟာ က်န္းမာေရးအတြက္မညီၫြတ္မွန္းသိေပမဲ့လည္း အျခားေသာျဖည့္စြပ္စာအတြက္လည္းေငြအလံုအေလာက္မ႐ွိေသာေၾကာင့္ ေရြးခ်ယ္စရာမ႐ွိျဖစ္ေနခဲ့တာပါ ။ ကံေကာင္းစြာနဲ႔ပဲ ကေလးငယ္ဟာ အလ်င္အျမန္ႀကီးထြားလာခဲ့ၿပီး က်န္းမာေရးနဲ႔ပက္သက္ၿပီးထိခိုက္တာမ်ိဳးလည္း မ႐ွိခဲ့ပါဘူး ။

သို႔ေပမဲ့လည္း ကေလးငယ္ဟာအေတာ္ေလးကိုတက္ႂကြတဲ့ကေလးငယ္တစ္ဦးျဖစ္ၿပီး မၾကာခဏညဖက္ေတြဆိုမအိပ္ဘဲ တစ္ညလံုးတစ္ေယာက္တည္းေဆာ့ကစားေနတတ္ပါတယ္ ။ Hadijah ဆိုသည့္ကေလးငယ္အေၾကာင္းဟာ အေတာ္ေလးကိုနာမည္ႀကီးသြားခဲ့ၿပီး တရားဝင္အဖြဲ႔အစည္းျဖစ္တဲ့ Polewali Mandar Health Agency ကလည္းသူမတို႔၏မိသားစုဆီသို႔ အလည္သြားေရာက္ခဲ့ပါတယ္ ။ ထို႔အျပင္ကေလးငယ္အတြက္ အာဟာရျဖည့္ႏို႔မုန္႔ေတြ နဲ႔ ဘီစကစ္ေတြကိုေထာက္ပံ့ေပးခဲ့ၿပီး ကေလးငယ္၏မိဘမ်ားကိုလည္း ေကာ္ဖီဟာ Caffeine ဓာတ္မ်ားလြန္းၿပီး သၾကားမွာလည္းငယ္ရြယ္လြန္းတဲ့ကေလးေတြအတြက္ မေကာင္းေသာေၾကာင့္ ကေလးငယ္ကိုေကာ္ဖီဆက္မတိုက္ရန္ ကေလး၏မိဘမ်ားကိုလည္း မွာၾကားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကလေးငယ်တွေကျန်းမာသန်စွမ်းနိုင်ဖို့ အာဟာရဖြည့်နို့ရည်တွေဟာ လိုအပ်လွန်းလှပါတယ် ။ သို့ပေမဲ့လည်း အင်ဒိုနီးရှားနိုင်ငံက 14 လသားအရွယ်ကလေးငယ်အတွက်တော့ နို့မုန့်သောက်ရတာဟာ သူ့အတွက်တော့ စည်းစိမ်ခံစားနေရသလိုပါပဲ ။ Hadijah အမည်ရှိတဲ့ ကလေးမလေးဟာ သူမ၏မိဘတွေကသူမအတွက်နို့ရည်ဖိုးမတတ်နိုင်လို့ အစားထိုးအနေနဲ့နေ့တိုင် ကော်ဖီတိုက်ခဲ့ကြပါတယ် ။ Hadijah ဟာ West Sulawesi ဒေသမှာမွေးဖွားခဲ့တာဖြစ်ပြီး သူမ 6လသားအရွယ်ကတည်းက နို့ရည်အစားထိုးအနေနဲ့ ကော်ဖီကိုတစ်ရက် 5ခွက်သောက်ခဲ့ပါတယ် ။ သူမရဲ့မိဘတွေဖြစ်တဲ့ Safiruddin နှင့် Anita တို့ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ဈေးအသက်သာဆုံးဖြစ်တဲ့ ကောဖီနဲ့သကြားရောကြိတ်ထားတဲ့ kopi tubruk ကိုအမြဲဝယ်တိုက်ပါတယ် ။ မိဘတွေကတော့ တစ်ရက်မှလုပ်အားခ IDR20000 (မြန်မာငွေ 2000 ကျပ်ဝန်းကျင်) သာရရှိပြီး တစ်နေ့လုပ်မှတစ်နေ့စားအခြေအနေဖြစ်နေသောကြောင့် ရွေးချယ်စရာမရှိလို့ဖြစ်ပါတယ် ။ မိဘများက အုန်းခြံများမှာအုန်းသား အခြောက်လှန်းသည့်အလုပ်မျိုးလုပ်ကိုင်ကြပြီး တစ်ခါတစ်လေမှာတော့အလုပ်မရှိပါဘူး ။

ကလေးမိခင်ဖြစ်သူ Anita ကတော့ ” ကျွန်မတို့မှာရွေးချယ်စရာမရှိပါဘူး ၊ သူ့အတွက် အာဟာရဖြည့်နို့ရည်ဝယ်ပေးဖို့အတွက်လည်း လုံလောကိတဲ့ဝင်ငွေမျိုးမရှိဘူးလေ ၊ အဲ့ကြောင့်သူ့ကိုကော်ဖီပဲ တိုက်ခဲ့ရတာ ပြီးတော့သူက ကော်ဖီမသောက်ရရင်ကို မအိပ်တော့ဘူး ။ အိပ်ယာမဝင်ခင် ကော်ဖီမသောက်ရရင် ဒေါသထွက်ပြီး ပစ္စည်းတွေကိုလည်း ပစ်ပေါက်နေတတ်ပါတယ် ” ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။ မိခင်ဖြစ်သူဟာ ကလေးငယ်ကော်ဖီသောက်နေတာဟာ ကျန်းမာရေးအတွက်မညီညွတ်မှန်းသိပေမဲ့လည်း အခြားသောဖြည့်စွပ်စာအတွက်လည်းငွေအလုံအလောက်မရှိသောကြောင့် ရွေးချယ်စရာမရှိဖြစ်နေခဲ့တာပါ ။ ကံကောင်းစွာနဲ့ပဲ ကလေးငယ်ဟာ အလျင်အမြန်ကြီးထွားလာခဲ့ပြီး ကျန်းမာရေးနဲ့ပက်သက်ပြီးထိခိုက်တာမျိုးလည်း မရှိခဲ့ပါဘူး ။

သို့ပေမဲ့လည်း ကလေးငယ်ဟာအတော်လေးကိုတက်ကြွတဲ့ကလေးငယ်တစ်ဦးဖြစ်ပြီး မကြာခဏညဖက်တွေဆိုမအိပ်ဘဲ တစ်ညလုံးတစ်ယောက်တည်းဆော့ကစားနေတတ်ပါတယ် ။ Hadijah ဆိုသည့်ကလေးငယ်အကြောင်းဟာ အတော်လေးကိုနာမည်ကြီးသွားခဲ့ပြီး တရားဝင်အဖွဲ့အစည်းဖြစ်တဲ့ Polewali Mandar Health Agency ကလည်းသူမတို့၏မိသားစုဆီသို့ အလည်သွားရောက်ခဲ့ပါတယ် ။ ထို့အပြင်ကလေးငယ်အတွက် အာဟာရဖြည့်နို့မုန့်တွေ နဲ့ ဘီစကစ်တွေကိုထောက်ပံ့ပေးခဲ့ပြီး ကလေးငယ်၏မိဘများကိုလည်း ကော်ဖီဟာ Caffeine ဓာတ်များလွန်းပြီး သကြားမှာလည်းငယ်ရွယ်လွန်းတဲ့ကလေးတွေအတွက် မကောင်းသောကြောင့် ကလေးငယ်ကိုကော်ဖီဆက်မတိုက်ရန် ကလေး၏မိဘများကိုလည်း မှာကြားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "နို႔မုန္႔ဖိုးမတတ္ႏိုင္လို႔ ကေလးငယ္ကိုေန႔တိုင္းေကာ္ဖီ 1.5 လီတာတိုက္ခဲ့တဲ့မိဘ"

Leave a comment

Your email address will not be published.


*