သမီးေလးအတြက္ ဆိုၿပီး ဝယ္ေပးဖို႔မတတ္ႏိုင္တဲ့ ဝက္ဝံ႐ုပ္ႀကီးကို အမႈိက္ပံုကေနေကာက္ျပန္လာခဲ့တဲ့ဖခင္

မိဘေတြဟာ အျမဲသားသမီးေတြရဲ႕လိုအင္ဆႏၵေတြကို သူတို႔တတ္ႏိုင္သေလာက္ျဖည့္ဆည္းေပးခ်င္ၾကတာပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း Azri Walter အမည္နဲ႔ Facebook အသံုးျပဳသူတစ္ေယာက္က သမီးေလးရဲ႕လိုအင္ဆႏၵျပည့္ဝေအာင္ဆိုၿပီး တစ္စံုတစ္ေယာက္စြန္႔ပစ္ခဲ့တဲ့ ဝက္ဝံ႐ုပ္ႀကီးကိုေနအိမ္သို႔သယ္ျပန္ခဲ့တဲ့ဖခင္တစ္ေယာက္အေၾကာင္း ေဝမ်ွခဲ့ပါတယ္ ။ မေလး႐ွားႏိုင္ငံ ၊ Putrajaya ၿမိဳ႕မွာေနထိုင္လ်က္႐ွိတဲ့ Azri Walter ဟာ သူ၏အလုပ္ရံုးသို႔အသြား မီးပြိဳင့္မွာ မီးနီမိလို႔ရပ္ေနခဲ့တဲ့ဆိုင္ကယ္တစ္စီးကိုေတြ႔ခဲ့ပါတယ္ ။ ဆိုင္ကယ္သမားက ဝက္ဝံ႐ုပ္ႀကီးကိုသယ္ျပန္လာခဲ့တဲ့အတြက္ Azri ဟာ စိတ္ဝင္းစားမိခဲ့ၿပီး ေမးျမန္းစပ္စုခဲ့ပါေတာ့တယ္ ။

ထိုအခ်ိန္မွာေတာ့ ဆိုင္ကယ္သမားက ‘ ဒီဝက္ဝံ႐ုပ္ကို ကြၽန္ေတာ္အလုပ္လုပ္ေနတဲ့ေနရာမွာ ေတြ႔ခဲ့တာ ၊ တစ္စံုတစ္ေယာက္က အမႈိက္ပံုမွာလာပစ္သြားခဲ့တာပါ ‘ ဆိုၿပီး ျပန္ေျဖခဲ့ပါတယ္ ။ ထိုေနာက္ Azri က ကေလးေတြအတြက္လားဆိုၿပီး ေမးျမန္းခဲ့ခ်ိန္မွာေတာ့ ဆိုင္ကယ္သမားကခ်က္ခ်င္းျပန္မေျဖႏိုင္ပဲ ၿငိမ္သက္သြားခဲ့ပါတယ္ ။ ေနာက္ဆံုးမွ ‘ ကြၽန္ေတာ္တို႔မေန႔က အ႐ုပ္ဆိုင္မွာ ဝက္ဝံ႐ုပ္ေလးေတြ႔ခဲ့တယ္ ဒါေပမဲ့ေစ်းႀကီးလြန္းလို႔ မိသားစုစားဝတ္ေနေရးအတြက္ထားထားတဲ့ ေငြေတြကိုမသံုးပစ္လိုက္ခ်င္ဘူးေလ ၊ ဒီရဲ႕ဝက္ဝံ႐ုပ္ေလးက အေကာင္းတိုင္း႐ွိေနေသးတယ္ ၊ ကြၽန္ေတာ္ကံေကာင္းတာပဲ ၊ ဒါကိုျပန္ေလ်ွာ္ၿပီးရင္ေတာ့ ကြၽန္ေတာ့္သမီး အေတာ္ေလးေပ်ာ္သြားမွာဗ် ‘ ဆိုၿပီး ျပန္ေျဖခဲ့ပါတယ္ ။

မီးပြိဳင့္မွ အခ်က္ျပမီး ျပန္စိမ္းသြားခဲ့ခ်ိန္မွာေတာ့ Azri က ဆိုင္ကယ္သမားကို ‘ အေကာင္းဆံုး ဖခင္တစ္ေယာက္ပဲ ‘ ဆိုၿပီးေျပာဆိုကာ ႏႈတ္ဆက္ထြက္ခြာလာခဲ့ပါတယ္ ။ ဖခင္ေတြက မိသားစုစားဝတ္ေနေရးအတြက္ ႐ွာေဖြေနရရံုသာမက သားသမီးေတြရဲ႕လိုအင္ဆႏၵေတြကိုျဖည့္ဆည္းေပးနိုင္ဖို႔ ႀကိဳးစားေနၾကသူေတြျဖစ္လို႔ ဖခင္ေတြရဲ႕ေမတၱာတရားက အေတာ္ႀကီးမားလြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိဘတွေဟာ အမြဲသားသမီးတွေရဲ့လိုအင်ဆန္ဒတွေကို သူတို့တတ်နိုင်သလောက်ဖြည့်ဆည်းပေးချင်ကြတာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း Azri Walter အမည်နဲ့ Facebook အသုံးပြုသူတစ်ယောက်က သမီးလေးရဲ့လိုအင်ဆန္ဒပြည့်ဝအောင်ဆိုပြီး တစ်စုံတစ်ယောက်စွန့်ပစ်ခဲ့တဲ့ ဝက်ဝံရုပ်ကြီးကိုနေအိမ်သို့သယ်ပြန်ခဲ့တဲ့ဖခင်တစ်ယောက်အကြောင်း ဝေမျှခဲ့ပါတယ် ။ မလေးရှားနိုင်ငံ ၊ Putrajaya မြို့မှာနေထိုင်လျက်ရှိတဲ့ Azri Walter ဟာ သူ၏အလုပ်ရုံးသို့အသွား မီးပွိုင့်မှာ မီးနီမိလို့ရပ်နေခဲ့တဲ့ဆိုင်ကယ်တစ်စီးကိုတွေ့ခဲ့ပါတယ် ။ ဆိုင်ကယ်သမားက ဝက်ဝံရုပ်ကြီးကိုသယ်ပြန်လာခဲ့တဲ့အတွက် Azri ဟာ စိတ်ဝင်းစားမိခဲ့ပြီး မေးမြန်းစပ်စုခဲ့ပါတော့တယ် ။

ထိုအချိန်မှာတော့ ဆိုင်ကယ်သမားက ‘ ဒီဝက်ဝံရုပ်ကို ကျွန်တော်အလုပ်လုပ်နေတဲ့နေရာမှာ တွေ့ခဲ့တာ ၊ တစ်စုံတစ်ယောက်က အမှိုက်ပုံမှာလာပစ်သွားခဲ့တာပါ ‘ ဆိုပြီး ပြန်ဖြေခဲ့ပါတယ် ။ ထိုနောက် Azri က ကလေးတွေအတွက်လားဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ ဆိုင်ကယ်သမားကချက်ချင်းပြန်မဖြေနိုင်ပဲ ငြိမ်သက်သွားခဲ့ပါတယ် ။ နောက်ဆုံးမှ ‘ ကျွန်တော်တို့မနေ့က အရုပ်ဆိုင်မှာ ဝက်ဝံရုပ်လေးတွေ့ခဲ့တယ် ဒါပေမဲ့ဈေးကြီးလွန်းလို့ မိသားစုစားဝတ်နေရေးအတွက်ထားထားတဲ့ ငွေတွေကိုမသုံးပစ်လိုက်ချင်ဘူးလေ ၊ ဒီရဲ့ဝက်ဝံရုပ်လေးက အကောင်းတိုင်းရှိနေသေးတယ် ၊ ကျွန်တော်ကံကောင်းတာပဲ ၊ ဒါကိုပြန်လျှော်ပြီးရင်တော့ ကျွန်တော့်သမီး အတော်လေးပျော်သွားမှာဗျ ‘ ဆိုပြီး ပြန်ဖြေခဲ့ပါတယ် ။

မီးပွိုင့်မှ အချက်ပြမီး ပြန်စိမ်းသွားခဲ့ချိန်မှာတော့ Azri က ဆိုင်ကယ်သမားကို ‘ အကောင်းဆုံး ဖခင်တစ်ယောက်ပဲ ‘ ဆိုပြီးပြောဆိုကာ နှုတ်ဆက်ထွက်ခွာလာခဲ့ပါတယ် ။ ဖခင်တွေက မိသားစုစားဝတ်နေရေးအတွက် ရှာဖွေနေရရုံသာမက သားသမီးတွေရဲ့လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေကြသူတွေဖြစ်လို့ ဖခင်တွေရဲ့မေတ္တာတရားက အတော်ကြီးမားလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သမီးေလးအတြက္ ဆိုၿပီး ဝယ္ေပးဖို႔မတတ္ႏိုင္တဲ့ ဝက္ဝံ႐ုပ္ႀကီးကို အမႈိက္ပံုကေနေကာက္ျပန္လာခဲ့တဲ့ဖခင္"

Leave a comment

Your email address will not be published.


*