ကိုယ်ဝန်ကြီးနဲ့ စဥ့်အိုးထဲဝင်ဆော့မိလို့ ဒုက္ခရောက်ခဲ့တဲ့ ကြောင်မလေး


1

2

3

4

5

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

ကြောင်လေးတွေဟာ သူတို့ရဲ့သဘာဝအရ ကျဉ်းမြောင်းလွန်းတဲ့ ကတ်ထူဘူးခွံတွေ ၊ ပန်းကန်လုံးငယ်လေးထဲတွေ စတဲ့ကျဉ်းကျပ်လွန်းတဲ့နေရာလေးမှာ နေနေရတာကိုကြိုက်နှစ်သက်ကြသူတွေပါ ။ ဒီတစ်ခေါက်မှာလည်း ကြောင်မကြီးတစ်ကောင်ဟာ ကိုယ်ဝန်ကြီးနဲ့ စဉ့်အိုးထဲဝင်နေနေခဲ့တာပါ ။ တစ်အောင့်အကြာမှာတော့ အပြင်ပြန်ထွက်ဖို့လုပ်နေပေမဲ့လည်း သူမရဲ့ဗိုက်ကခံနေခဲ့လို့ မထွက်နိုင်ဘဲ ဒုက္ခရောက်ခဲ့ပါတော့တယ် ။ ထို့နောက် ကြောင်မလေးက အချိန်အတော်ကြာအော်နေခဲ့လို့ သခင်ဖြစ်သူလာရောက်ကြည့်ရှုခဲ့ချိန်မှာမှ စဉ့်အိုးမှာခံနေမှန်းသိခဲ့ရပါတယ် ။ အစပိုင်းမှာ ကြောင်မလေးကိုဆွဲထုတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း အဆင်မပြေတဲ့အဆုံးအဆိုပါစဉ့်အိုးကြီး တူနဲ့ခွဲပစ်ခဲ့ရပါတယ် ။ ကြောင်မလေးရဲ့အဖြစ်ကြောင့် သခင်ဟာ ရယ်ရမလို ၊ ငိုရမလို ဖြစ်ခဲ့ပြီး အဆိုပါအဖြစ်အပျက်လေးကို ဓာတ်ပုံရိုက်ထားခဲ့ပြီးနောက် social media ပေါ်မှာဝေမျှခဲ့ပါတယ် ။ ကြောင်မလေး စဉ့်အိုးထဲမှာခံနေခဲ့တဲ့ရုပ်ပုံလေးဟာအတော်လေးချစ်ဖို့ကောင်းလွန်းတဲ့ social media အသုံးပြုသူတွေက အတော်လေးသဘောကျမိကြောင်း မျိုးစုံမှတ်ချက်ရေးသားခဲ့ကြပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ်ဝန်ကြီးနဲ့ စဥ့်အိုးထဲဝင်ဆော့မိလို့ ဒုက္ခရောက်ခဲ့တဲ့ ကြောင်မလေး"

Leave a comment

Your email address will not be published.


*