လူတွေရဲ့ရုပ်ပုံကို တကယ့်အသက်ဝင်နေတဲ့ကာတွန်းရုပ်ပုံအဖြစ် ပြောင်းလဲပုံဖော်ပေးမဲ့ App


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

Jasmine (Mckzone Daily)

Source: boredpanda

Unicode

နည်းပညာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကိုယ့်ရဲ့ selfie ရုပ်ပုံတွေကို ပုံစံအမျိုးမျိုးပြောင်းလဲကြည့်လို့ရပါတယ် ။ ဥပမာ ကိုယ့်ရဲ့ဓာတ်ပုံကို တကယ့်ကလေးအရွယ်ပုံစံလိုပြန်ပြုပြင်တာမျိုး ၊ ပန်ချီကားတစ်ချပ်လိုပြုပြင်တာ စတဲ့ပုံစံမျိုးပြုပြင်ပြောင်းလဲတဲ့ App မျိုးပေါ်ထွက်လာခဲ့တာ အတော်လေးကြာပါပြီ ။ ဒီတစ်ခေါက်မှာလည်း Programmer နှင့် AI enthusiasts တွေဖြစ်ကြတဲ့ Justin Pinkney နှင့် Doron Adler တို့ဟာ ကိုယ့်ရဲ့ပုံတူရုပ်ပုံကို တကယ့်ကိုချစ်ဖို့ကောင်းတဲ့ကာတွန်းရုပ်ပုံအဖြစ်ပြုပြင်ပြောင်းလဲနိုင်တဲ့ ‘ toonification ‘ လို့ခေါ်တဲ့ system တစ်ခုကို ဖန်တီးရေးဆွဲခဲ့ကြပါတယ် ။ ကိုယ့်ရဲ့ရုပ်ပုံနဲ့ ချွတ်စွတ်တူတဲ့ကာတွန်းဇာတ်ကောင်ပုံစံကို မြင်တွေ့နိုင်မဲ့အခွင့်အရေးမျိုးပါ ။ လက်ရှိမှာတော့ အဆိုပါ ‘toonify ‘ website ဟာ social media ပေါ်မှာလူအတော်အများရဲ့ စိတ်ဝင်စားမှုကိုရရှိနေလို့ server ကို ယာယီခဏပိတ်သိမ်းထားပြီး ပြုပြင်ပြောင်းလဲမှုအနည်းငယ်ပြင်ဆင်နေလျက်ရှိကြောင်းသိရပါတယ် ။ အရင်ဆုံးပြောင်းလဲပြုပြင်ထားတဲ့ရုပ်ပုံဒီဇိုင်းတွေကို စာဖတ်သူတွေသူဝေဖန်ကြည့်ရှုနိုင်အောင် ဝေမျှပေးလိုက်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လူတွေရဲ့ရုပ်ပုံကို တကယ့်အသက်ဝင်နေတဲ့ကာတွန်းရုပ်ပုံအဖြစ် ပြောင်းလဲပုံဖော်ပေးမဲ့ App"

Leave a comment

Your email address will not be published.


*