ေျမးေလးကို ကယ္ဖို႔အတြက္မီးေလာင္ေနတဲ့ေနအိမ္ထဲ ေျပးဝင္ခဲ့တဲ့အဘြား

သားသမီးေတြအေပၚ မိခင္ရဲ႕ခ်စ္စိတ္ကအကန္႔အသတ္မ႐ွိဘူးလို႔ဆိုသလိုပါပဲ ၊ အဘိုးအဘြားေတြရဲ႕အခ်စ္ကလည္း အကန္႔အသတ္မ႐ွိပါဘူး ။ ေနအိမ္တစ္ခုလံုး မီးေလာင္ကြၽမ္းေနတာေတာင္ အငယ္ဆံုးမိသားစုဝင္ျဖစ္တဲ့ေျမးေလးကို ကယ္တင္ႏိုင္ဖို႔အတြက္ အဘြားတစ္ေယာက္ သူမအသက္ကိုမငဲ့ညာပဲ ေျမးေလးကိုကယ္တင္ေပးခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ မေလး႐ွားႏိုင္ငံ Johor ျပည္နယ္မွာ ၿပီးခဲ့တဲ့ September 17 ရက္ေန႔ကျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အသက္ 61ႏွစ္အရြယ္ Rohani Alwee အမည္႐ွိအဘြားျဖစ္သူက သူမ၏မီးဖိုေခ်ာင္ခန္းထဲမွ မီးခိုးမ်ားထူထပ္စြာထပ္ေပၚလာသည္ကို သတိထားမိခ်ိန္မွာေတာ့ ၊ မီးခိုေငြ႔ေတြဘယ္ကေနေရာက္လာတာလဲဆိုၿပီး႐ွာၾကည့္ေနခ်ိန္မွာပဲ သူမတို႔၏အိမ္နီးခ်င္းအိမ္ဟာ အ႐ွိန္ျပင္းစြာနဲ႔ တဟုန္ဟုျပမီးေတာက္ေလာင္ေနပါၿပီ ။ အဆိုပါမီးဟာ သူမတို႔၏ေနအိမ္ကိုပါ ကူးစက္လာေနခဲ့ပါတယ္ ။ အံ့ျသစြာနဲ႔ သူမတို႔၏ေနအိမ္ဟာလည္း အေတာ္ေလးကို မီးေတြဝိုင္းရံၿပီးေလာင္ကြၽမ္းေနခဲ့ပါၿပီ ။ Rohani ဟာလည္း အိမ္ထဲရွိပုခက္ထဲမွသူမရဲ႕ 14လသားအရြယ္ေျမးေလးကို အလ်င္အျမန္သြားေပြ႔ခ်ီခဲ့ၿပီး လမ္းေလ်ွာက္ဖို႔သိပ္မသန္စြမ္းေပမဲ့လည္း သူမ၏ေျမးေလးကိုရေအာင္ကယ္ထုတ္ေပးႏိုင္ခဲ့ပါတယ္ ။

ကေလးငယ္၏မိခင္ျဖစ္သူ ေျပာျပခ်က္အရ ” ကြၽန္မအေမက ကြၽန္မကေလးကိုလွမ္းဆြဲၿပီး အိမ္အျပင္ထြက္ေျပးခဲ့ၾကပါတယ္ ။ ကြၽန္မအဲ့အခ်ိန္မွာ ေရစစ္တဲ့စက္ေတြကိုေရာင္းခ်ေနခဲ့တဲ့ အေရာင္းသမားတစ္ေယာက္အေနနဲ႔ အလုပ္လုပ္ေနခဲ့တာပါ ၊ ၿပီးေတာ့ အိမ္ႏွစ္လံုးမီးေလာင္သြားတယ္ဆိုၿပီး ကြၽန္မကိုဖုန္းဆက္လာခဲ့တယ္ ၊ ကြၽန္မအေမရဲ႕အိမ္လည္းပါတယ္ ဆိုၿပီးေတာ့ပါ ” ဆိုၿပီးေျပာဆိုသြားခဲ့ပါတယ္ ။ မီးမေလာင္ခင္အခ်ိန္အထိ သူမ၏သားအႀကီးႏွစ္ေယာက္မွာလည္း ေက်ာင္းဆင္းလ်ွင္အဘြားအိမ္မွာ အျမဲသြားေနေလ့႐ွိေၾကာင္းလည္း ထပ္ေလာင္းေျပာဆိုသြားခဲ့ပါတယ္ ။

မီးသတ္တပ္ဖြဲ႔ကလည္း အေရးေပၚဖုန္းေခၚဆိုမႈကို မနက္ 9:58 မိနစ္မွာလက္ခံရ႐ွိခဲ့ၿပီး ၊ မီးသတ္သမား 10 ေယာက္ခန္႔ကမီးၿငိမ္းသက္ေပးခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္။ ကံေကာင္းစြာနဲ႔ပဲ တစ္ဦးတစ္ေယာက္ကမွ ထိခိုက္ဒဏ္ရာရ႐ွိခဲ့ျခင္းမ်ိဳး မ႐ွိခဲ့ပါဘူး ။ မီးေလာင္ကြၽမ္းရျခင္းရဲ႕ မူလအရင္းအျမစ္ကို စံုစမ္းစစ္ေဆးမႈမ်ားဆက္လက္ျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

သားသမီးတွေအပေါ် မိခင်ရဲ့ချစ်စိတ်ကအကန့်အသတ်မရှိဘူးလို့ဆိုသလိုပါပဲ ၊ အဘိုးအဘွားတွေရဲ့အချစ်ကလည်း အကန့်အသတ်မရှိပါဘူး ။ နေအိမ်တစ်ခုလုံး မီးလောင်ကျွမ်းနေတာတောင် အငယ်ဆုံးမိသားစုဝင်ဖြစ်တဲ့မြေးလေးကို ကယ်တင်နိုင်ဖို့အတွက် အဘွားတစ်ယောက် သူမအသက်ကိုမငဲ့ညာပဲ မြေးလေးကိုကယ်တင်ပေးခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ မလေးရှားနိုင်ငံ Johor ပြည်နယ်မှာ ပြီးခဲ့တဲ့ September 17 ရက်နေ့ကဖြစ်ပျက်ခဲ့တာဖြစ်ပြီး အသက် 61နှစ်အရွယ် Rohani Alwee အမည်ရှိအဘွားဖြစ်သူက သူမ၏မီးဖိုချောင်ခန်းထဲမှ မီးခိုးများထူထပ်စွာထပ်ပေါ်လာသည်ကို သတိထားမိချိန်မှာတော့ ၊ မီးခိုငွေ့တွေဘယ်ကနေရောက်လာတာလဲဆိုပြီးရှာကြည့်နေချိန်မှာပဲ သူမတို့၏အိမ်နီးချင်းအိမ်ဟာ အရှိန်ပြင်းစွာနဲ့ တဟုန်ဟုပြမီးတောက်လောင်နေပါပြီ ။ အဆိုပါမီးဟာ သူမတို့၏နေအိမ်ကိုပါ ကူးစက်လာနေခဲ့ပါတယ် ။ အံ့သြစွာနဲ့ သူမတို့၏နေအိမ်ဟာလည်း အတော်လေးကို မီးတွေဝိုင်းရံပြီးလောင်ကျွမ်းနေခဲ့ပါပြီ ။ Rohani ဟာလည်း အိမ်ထဲရှိပုခက်ထဲမှသူမရဲ့ 14လသားအရွယ်မြေးလေးကို အလျင်အမြန်သွားပွေ့ချီခဲ့ပြီး လမ်းလျှောက်ဖို့သိပ်မသန်စွမ်းပေမဲ့လည်း သူမ၏မြေးလေးကိုရအောင်ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ် ။

ကလေးငယ်၏မိခင်ဖြစ်သူ ပြောပြချက်အရ ” ကျွန်မအမေက ကျွန်မကလေးကိုလှမ်းဆွဲပြီး အိမ်အပြင်ထွက်ပြေးခဲ့ကြပါတယ် ။ ကျွန်မအဲ့အချိန်မှာ ရေစစ်တဲ့စက်တွေကိုရောင်းချနေခဲ့တဲ့ အရောင်းသမားတစ်ယောက်အနေနဲ့ အလုပ်လုပ်နေခဲ့တာပါ ၊ ပြီးတော့ အိမ်နှစ်လုံးမီးလောင်သွားတယ်ဆိုပြီး ကျွန်မကိုဖုန်းဆက်လာခဲ့တယ် ၊ ကျွန်မအမေရဲ့အိမ်လည်းပါတယ် ဆိုပြီးတော့ပါ ” ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။ မီးမလောင်ခင်အချိန်အထိ သူမ၏သားအကြီးနှစ်ယောက်မှာလည်း ကျောင်းဆင်းလျှင်အဘွားအိမ်မှာ အမြဲသွားနေလေ့ရှိကြောင်းလည်း ထပ်လောင်းပြောဆိုသွားခဲ့ပါတယ် ။

မီးသတ်တပ်ဖွဲ့ကလည်း အရေးပေါ်ဖုန်းခေါ်ဆိုမှုကို မနက် 9:58 မိနစ်မှာလက်ခံရရှိခဲ့ပြီး ၊ မီးသတ်သမား 10 ယောက်ခန့်ကမီးငြိမ်းသက်ပေးခဲ့ကြကြောင်း သိရှိရပါတယ်။ ကံကောင်းစွာနဲ့ပဲ တစ်ဦးတစ်ယောက်ကမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး ။ မီးလောင်ကျွမ်းရခြင်းရဲ့ မူလအရင်းအမြစ်ကို စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေျမးေလးကို ကယ္ဖို႔အတြက္မီးေလာင္ေနတဲ့ေနအိမ္ထဲ ေျပးဝင္ခဲ့တဲ့အဘြား"

Leave a comment

Your email address will not be published.


*