နေအိမ်အပြင်ထွက်တဲ့လူမရှိလို့ လူမြင်ကွင်းမှာအိပ်နေရင်တောင် ဘယ်သူကမှမသိနိုင်တဲ့အဖြစ်


1

2

3

4

5

6

7

8

9

10

11

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

အခုအချိန်မှာတော့နိုင်ငံအတော်များများက ဒုတိယအကြိမ်ရောဂါကူးစက်ပျံ့နှံ့မှုတွေ ပြန်ဖြစ်နေလို့ လူအတော်များများက မလိုအပ်ရင်နေအိမ်အပြင်မထွက်ကြတော့ပါဘူး ။ ဒါကြောင့် မလေးရှားနိုင်ငံက ကောင်မလေးတစ်ယောက်က ကုန်တိုက်ကိုသွားရောက်ခဲ့ပေမဲ့ ဈေးဝယ်တွေ ၊ လာရောက်လည်ပတ်သူတွေ လုံးဝမရှိတဲ့ အခြေအနေကိုကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင် ဓာတ်ပုံရိုက်ပြခဲ့ပါတယ် ။ အဲတာကတော့ ကုန်တိုက်အတွင်းရှိ လူသွားလမ်းတွေမှာ စိတ်ကြိုက်ပုံစံအမျိုးမျိုးနဲ့ လဲအိပ်နေရင်တောင် ကြည့်မဲ့သူ ၊ ဂရုစိုက်မည့်သူမရှိတဲ့ ပုံစံကို ဓာတ်ပုံရိုက်ပြခဲ့တာပါ ။ သူမရဲ့ နောက်ပြောင်တတ်လွန်းတဲ့အပြုအမှုဟာ တွေ့မြင်မိသူတိုင်းကို ရယ်မောစေခဲ့ပါတယ် ။ ယခုလို ရောဂါကူးစက်ပျံ့နှံ့မှုဖြစ်နေစဉ်မှာ နေအိမ်အပြင်မထွက်ဘဲ ကိုယ့်အိမ်မှာသာကိုယ်နေပြီး ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ပေးခြင်းဟာ အကောင်းဆုံးသောလုပ်ရပ်တစ်ခုပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "နေအိမ်အပြင်ထွက်တဲ့လူမရှိလို့ လူမြင်ကွင်းမှာအိပ်နေရင်တောင် ဘယ်သူကမှမသိနိုင်တဲ့အဖြစ်"

Leave a comment

Your email address will not be published.


*