ေရခ်ိဳးခန္းရဲ႕မွန္တံခါး ကြဲသြားလို႔မေက်မနပ္ျဖစ္ရေၾကာင္း အင္တာဗ်ဴးေျဖၾကားေနေပမဲ့ ႐ုပ္ေခ်ာလြန္းလို႔ ေန႔ခ်င္းညခ်င္း Internet Star ျဖစ္လာခဲ့သူ (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံကအမ်ိဳးသားတစ္ေယာက္ဟာ သူ၏ေရခ်ိဳးခန္းရဲ႕မွန္တံခါးကြဲထြက္သြားလို႔ မေက်မနပ္ျဖစ္ရေၾကာင္းအင္တာဗ်ဴးတစ္ခုကိုေျဖၾကားခဲ့ေပမဲ့လည္း ႐ုပ္ေခ်ာလြန္းအားႀကီးလို႔ေန႔ခ်င္းညခ်င္း Internet Star တစ္ေယာက္ျဖစ္လာခဲ့ပါေတာ့တယ္ ။ Zhang အမည္႐ွိတဲ့ အသက္ 22ႏွစ္အရြယ္ေကာင္ေလးဟာ Zhejiang Television ရဲ႕ ‘1818 Huangjinyan’ ဆိုတဲ့ show တစ္ခုမွာပါဝင္ခဲ့တာပါ ။ ၿပီးခဲ့တဲ့ စက္တင္ဘာလ 8 ရက္ေန႔က ေရခ်ိဳးၿပီးတာနဲ႔တစ္ၿပိဳင္နက္တည္း သူ႔ရဲ႕ေရခ်ိဳခန္းတံခါးကြဲထြက္သြားခဲ့ေၾကာင္း အဆိုပါအျဖစ္အပ်က္ေၾကာင့္ သူ၏လက္ႏွစ္ဖက္လံုးမွာ ပ်က္႐ွဒဏ္ရာအမ်ားအျပားရ႐ွိခဲ့ၿပီး ေဆးကုသစရိတ္ $1,200 ကုန္က်ခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔ေၾကာင့္ တိုက္ခန္းကိုေဆာက္လုပ္ေပးခဲ့တဲ့ကုမၸဏီအား သူ၏ဒဏ္ရာအတြက္ ေဆးဖိုးဝါးခကိုတာဝန္ယူေပးဖို႔ ေျပာဆိုခဲ့တာပါ ။

ထို႔အျပင္အဆိုပါအမ်ိဳးသားဟာ သူ၏႐ုပ္ရည္သြင္ျပင္ေၾကာင့္ လူအေတာ္အမ်ားရဲ႕စိတ္ဝင္စားမႈကိုရ႐ွိခဲ့ၿပီး ၊ အဆိုပါအင္တာဗ်ဴးကို 24နာရီအတြင္း ၾကည့္႐ႈသူေပါင္း 50 million အထိရ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ Zhang ဟာလည္း online ေပၚမွာ ကုန္ပစၥည္းေတြကိုေၾကာ္ျငာေရာင္းခ်ေပးသူျဖစ္ေပမဲ့လည္း ယခုျပသာနာနဲ႔ လူအမ်ားစုရဲ႕အာရံုစိုက္မႈကိုရ႐ွိခ်င္ခဲ့တာမဟုတ္ေၾကာင္း ေျဖ႐ွင္းခဲ့ပါတယ္ ။

Video ၾကည့္႐ႈသူအေတာ္မ်ားမ်ားက Zhang ရဲ႕ ႐ုပ္ရည္သြင္ျပင္ကိုသာ ခ်ီးမြမ္းေျပာဆိုခဲ့ၾကပါတယ္ ။ အခ်ိဳ႕ကလည္း သတင္းကိုဂ႐ုမစိုက္မိဘဲ Zhang ရဲ႕မ်က္ႏွာကိုသာ ၾကည့္ေနခဲ့တာျဖစ္ေၾကာင္း comment တြင္မ်ိဳးစံုေရးသားခဲ့ၾကပါတယ္ ။ တိုက္ခန္းအေဆာက္အအံုစီမန္ခန္႔ခြဲေပးေနတဲ့ရံုးခန္းမွလည္း Zhang ရဲ႕ေဆးဝါးကုသစရိတ္မ်ားကို ျပန္လည္ေပးအပ္ဖို႔ သေဘာတူခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ဟာ သူ၏ရေချိုးခန်းရဲ့မှန်တံခါးကွဲထွက်သွားလို့ မကျေမနပ်ဖြစ်ရကြောင်းအင်တာဗျူးတစ်ခုကိုဖြေကြားခဲ့ပေမဲ့လည်း ရုပ်ချောလွန်းအားကြီးလို့နေ့ချင်းညချင်း Internet Star တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ် ။ Zhang အမည်ရှိတဲ့ အသက် 22နှစ်အရွယ်ကောင်လေးဟာ Zhejiang Television ရဲ့ ‘1818 Huangjinyan’ ဆိုတဲ့ show တစ်ခုမှာပါဝင်ခဲ့တာပါ ။ ပြီးခဲ့တဲ့ စက်တင်ဘာလ 8 ရက်နေ့က ရေချိုးပြီးတာနဲ့တစ်ပြိုင်နက်တည်း သူ့ရဲ့ရေချိုခန်းတံခါးကွဲထွက်သွားခဲ့ကြောင်း အဆိုပါအဖြစ်အပျက်ကြောင့် သူ၏လက်နှစ်ဖက်လုံးမှာ ပျက်ရှဒဏ်ရာအများအပြားရရှိခဲ့ပြီး ဆေးကုသစရိတ် $1,200 ကုန်ကျခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့ကြောင့် တိုက်ခန်းကိုဆောက်လုပ်ပေးခဲ့တဲ့ကုမ္ပဏီအား သူ၏ဒဏ်ရာအတွက် ဆေးဖိုးဝါးခကိုတာဝန်ယူပေးဖို့ ပြောဆိုခဲ့တာပါ ။

ထို့အပြင်အဆိုပါအမျိုးသားဟာ သူ၏ရုပ်ရည်သွင်ပြင်ကြောင့် လူအတော်အများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး ၊ အဆိုပါအင်တာဗျူးကို 24နာရီအတွင်း ကြည့်ရှုသူပေါင်း 50 million အထိရရှိခဲ့ကြောင်း သိရှိရပါတယ် ။ Zhang ဟာလည်း online ပေါ်မှာ ကုန်ပစ္စည်းတွေကိုကြော်ငြာရောင်းချပေးသူဖြစ်ပေမဲ့လည်း ယခုပြသာနာနဲ့ လူအများစုရဲ့အာရုံစိုက်မှုကိုရရှိချင်ခဲ့တာမဟုတ်ကြောင်း ဖြေရှင်းခဲ့ပါတယ် ။

Video ကြည့်ရှုသူအတော်များများက Zhang ရဲ့ ရုပ်ရည်သွင်ပြင်ကိုသာ ချီးမွမ်းပြောဆိုခဲ့ကြပါတယ် ။ အချို့ကလည်း သတင်းကိုဂရုမစိုက်မိဘဲ Zhang ရဲ့မျက်နှာကိုသာ ကြည့်နေခဲ့တာဖြစ်ကြောင်း comment တွင်မျိုးစုံရေးသားခဲ့ကြပါတယ် ။ တိုက်ခန်းအဆောက်အအုံစီမန်ခန့်ခွဲပေးနေတဲ့ရုံးခန်းမှလည်း Zhang ရဲ့ဆေးဝါးကုသစရိတ်များကို ပြန်လည်ပေးအပ်ဖို့ သဘောတူခဲ့ကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေရခ်ိဳးခန္းရဲ႕မွန္တံခါး ကြဲသြားလို႔မေက်မနပ္ျဖစ္ရေၾကာင္း အင္တာဗ်ဴးေျဖၾကားေနေပမဲ့ ႐ုပ္ေခ်ာလြန္းလို႔ ေန႔ခ်င္းညခ်င္း Internet Star ျဖစ္လာခဲ့သူ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*