မိခင် နှင့် ခင်ပွန်းတို့က နောက်ကွယ်မှာဖောက်ပြန်နေခဲ့လို့ ခင်ပွန်းနှင့်ကွာရှင်းခဲ့တဲ့ ထိုင်ဝမ်မင်းသမီး

Jiang Ping အမည်ရှိတဲ့ထိုင်ဝမ်မင်းသမီးတစ်လက်ဟာ ထိုင်ဝမ်ရဲ့ TV အစီအစဉ်တစ်ခုမှာ သူမရဲ့ခင်ပွန်းနှင့် ကွာရှင်းပျက်ဆဲခဲ့ရတဲ့အကြောင်းကို ရင်ဖွင့်ပြောပြခဲ့ပါတယ် ။ သူမ၏ခင်ပွန်းဟာ သူမထက်အသက် 14နှစ်ပိုကြီးပြီး ဇာတ်ညွန်ရေးဆရာတစ်ဦးလည်းဖြစ်ပါတယ် ။ ခင်ပွန်းဖြစ်သူဟာ သူမကိုပိုးပန်းခဲ့တာ သိပ်မကြာခင်မှာပဲ ခင်ပွန်းဖြစ်သူကသူမနဲ့စရိုက်လက္ခဏာချင်းတူတယ်ဆိုပြီး သူမတို့လက်ထပ်ခဲ့ကြတာပါ ။ ထို့အပြင် သူမရဲ့အိမ်ထောင်ရေးဟာ လွန်ခဲ့တဲ့ နှစ် 20 ခန့်က အကြောင်းအရာတစ်ခုကြောင့်ပျက်ဆီးသွားခဲ့ရတာဖြစ်ပါတယ် ။ သူမတို့လက်ထပ်ပြီး 7နှစ်အထိသူမတို့အိမ်ထောင်ရေးက အတော်လေးကိုအဆင်ပြေနေခဲ့ပါတယ် ။ တစ်ရက်မှာတော့ သူမဟာနာမည်ကြီးဗေဒင်ဆရာတစ်ဦးနား ဗေဒင်သွားတွက်ခဲ့ချိန်မှာတော့ သူမ၏ခင်ပွန်းဟာဖောက်ပြန်နေတယ်ဆိုပြီး ဟောခဲ့ပါတယ် ။ သူမကလည်း အိမ်ကိုချက်ချင်းပြန်ပြီးခင်ပွန်းဖြစ်သူကို တိုက်ရိုက်မေးခဲ့တဲ့အချိန်မှာတော့ ခင်ပွန်းဖြစ်သူက အဲ့လျှို့ဝှက်ထားတဲ့ကိစ္စမှာ သူမရဲ့မိခင်ကပါ ပါဝင်ပက်သက်နေတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

အဆိုပါကိစ္စကို ရှင်းရှင်းလင်းလင်းသိရဖို့အတွက် သူမဟာမိခင်ဖြစ်သူကိုဖုန်းဆက်ပြီး ” ဘယ်လိုပြောရမလဲတော့ မသိပေမဲ့ သမီးရဲ့ခင်ပွန်းပြောပြတာက အမေနဲ့သူနဲ့ အတူတူနေနေတယ်ဆို ” ဆိုပြီးသူမရဲ့မိခင်ကို မေးမြန်းခဲ့ပါတယ် ။ သူမဆက်ပြီး မေးခွန်းမမေးခင်အချိန်မှာပဲ သူမ၏မိခင်ကဖုန်းချသွားခဲ့ပါတယ် ။ သူမရဲ့ မိခင်အိမ်ကလည်း သူမတို့အိမ်နဲ့သိပ်မဝေးတဲ့အတွက် သူမဟာမိခင်အိမ်ကိုချက်ချင်းသွားရောက်ခဲ့ပါတယ် ။ ” အမေက တံခါးကိုဖြည်းဖြည်းချင်းဖွင့်ပြီး ကျွန်မကိုလည်းမြင်ရော တံခါးကိုချက်ချင်းပိတ်သွားခဲ့တယ် ၊ ဒါပေမဲ့ ကျွန်မအဖေကတံခါးပြန်လာဖွင့်ပြီး ကျွန်မကိုလည်းမြင်ရော နင့်အမေကနင့်ကိုဘာလို့ပေးမဝင်တာလဲ ဆိုပြီး မေးခဲ့ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

ထို့ကြောင့် မိခင်ဖြစ်သူကသူမကိုတစ်ခုခုဖုံးကွယ်ထားနေပြီး ဆိုပြီးရိပ်မိခဲ့ပြီး သူမဖခင်ကို ” ရပါတယ် ၊ သမီးမှာလည်း လုပ်စရာရှိသေးတယ် ၊ သွားတော့မယ် ” ဟုသာပြောပြီး အိမ်ကိုပြန်လာခဲ့ပါတော့တယ် ။ အိမ်ကိုလည်းပြန်ရောက်ရော ခင်ပွန်ဖြစ်သူနှင့်ထိပ်တိုက်ဖြေရှင်းခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူက ” ငါမလုပ်ခဲ့ရင် မင်းအမေ တခြားတစ်ယောက်နဲ့တွဲနေလောက်ပြီ ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။ TV အစီအစဉ်ရဲ့ အစီအစဉ်မှူးတစ်ယောက်က သူတို့ဘယ်အချိန်မှာစပြီးဖောက်ပြန်နေတာလဲဆိုပြီးJiangကို မေးခဲ့ချိန်မှာတော့ ” အဲ့အချိန်တုန်းက ကျွန်မအမေကလည်းအမြဲညောင်းညာနာကျင်နေခဲ့ပြီး အနှိပ်ခန်းအမြဲသွားရတယ် ၊ အဲ့တော့ကျွန်မယောင်္ကျားကဘယ်လိုသက်သာအောင်လုပ်ရလဲဆိုတာ သူသိတယ်လို့ပြောပြီး ကူညီခဲ့ရင်နဲ့ သူတို့ဖောက်ပြန်သွားခဲ့ကြတာပါ ” ဆိုပြီးဖြေကြားခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူရဲ့ သစ္စာဖောက်မှုကိုမေးမြန်းခဲ့ချိန်မှာတော့ သူမက ” သူကကျွန်မထက်အတော်လေးကြီးတယ် ဒါပေမဲ့ ကျွန်မအမေနဲ့တော့ 7 နှစ်လောက်ပဲကွာတယ် ၊ အဲ့ကြောင့်သူတို့အလွယ်တကူ စကားဆက်စပ်မိကြတာပေါ့ ” ဆိုပြီး ဖြေခဲ့ပါတယ် ။

ထို့နောက်သူမရဲ့မိသားစုတွေနဲ့ ဝေးဝေးနေထိုင်ဖို့အတွက် သူမနှင့်ခင်ပွန်းဖြစ်သူတို့က အိမ်ပြောင်းခဲ့ကြပေမဲ့လည်း သူမတို့ရဲ့ဆက်ဆံရေးကတော့ မတိုးတက်လာခဲ့တော့ပါဘူး ။ ထို့အပြင် ခင်ပွန်းဖြစ်သူက သူ့ကိုပိုက်ဆံပေးဖို့အမြဲလိုလို နားပူနားဆာလုပ်လေ့ရှိကြောင်း ပြောဆိုခဲ့ပါတယ် ။ သူမကပဲ ကျွေးမွေးနေရတဲ့အတွက် ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းဖို့ဆုံးဖြတ်ခဲ့ပေမဲ့လည်း ခင်ပွန်းဖြစ်သူကငြင်းဆိုခဲ့ပြီး သူမကတော့ ” ကိုယ့်ကိုရှာကျွေးမဲ့သူရှိတယ်ဆိုရင်တော့ ဘယ်သူကကွာရှင်းချင်မှာလဲ ” ဆိုပြီးထပ်လောင်းပြောဆိုခဲ့ပါသေးတယ် ။ထို့အပြင် ခင်ပွန်းဖြစ်သူက ကွာရှင်မယ်ဆိုရင်ကလေးငယ်ကို သူကခေါ်ထားမယ်ဆိုပြီးခြိမ်းခြောက်ခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း သူမ၏စိတ်ကျန်းမာရေးအခြေအနေနှင့် သူမဘဝအသစ်တစ်ဖန်ပြစတင်ဖို့ ခင်ပွန်းတောင်ဆိုချက်ကို လက်ခံခဲ့ပါတယ် ။ ” ကျွန်မမှာ ဘားမှဖုံးကွယ်စရာမရှိဘူး ၊ ပြီးတော့အဲတာက ကျွန်မရဲ့အမှားလည်းမဟုတ်ဘူးလေ ” ဟု Jiang ကပြောဆိုခဲ့ပြီး သူမရဲ့လျှို့ဝှက်ချက်တွေကိုဖွင့်ဟခဲ့တဲ့အတွက် သူမရဲ့အခြားသောမိသားစုဝင်တွေကိုလည်း ထိခိုက်ပြီးတက်ရောက်သွားမှာဖြစ်တဲ့အတွက် သူမမျက်ဝန်းမှ မျက်ရည်တွေနှင့်ငိုကြွေးခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "မိခင် နှင့် ခင်ပွန်းတို့က နောက်ကွယ်မှာဖောက်ပြန်နေခဲ့လို့ ခင်ပွန်းနှင့်ကွာရှင်းခဲ့တဲ့ ထိုင်ဝမ်မင်းသမီး"

Leave a comment

Your email address will not be published.


*