နောက်ဆုံးအချိန်ထိ ရအောင်ထိန်းထားခဲ့ပါသေးတယ်ဆိုတဲ့မိန်းကလေး



Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံမှာဖြစ်ပျက်ခဲ့တာပါ ။ ဖြစ်စဉ်ကတော့ အမျိုးသားတစ်ယောက်ဟာ လမ်းအကွေ့လေးနားမှာရပ်နေရင်း လမ်းကူးဖို့စောင့်နေခဲ့တာပါ ။ ထိုအချိန်မှာတော့ မိန်းကလေးတစ်ယောက်ဟာ ဆိုင်ကယ်ကိုအရှိန်နဲ့မောင်းနှင်လာခဲ့ပြီးနောက် လမ်းအကွေ့မှာအရှိန်နဲ့ကွေ့ဖို့ကြိုးစားရင် မထိန်းနိုင်တော့တဲ့အဆုံး ဆိုင်ကယ်မှောက်သွားခဲ့ရတာပါ ။ အဆိုပါအဖြစ်အပျက်ကို လမ်းအကွေ့လေးမှာရပ်နေခဲ့တဲ့ အမျိုးသားက ဖုန်းနဲ့အမိအရဓာတ်ပုံရိုက်ကူးထားနိုင်ခဲ့ပါတယ် ။ ဓာတ်ပုံထဲမှာတော့ မိန်းကလေးဟာ ဆိုင်ကယ်မမှောက်ခင် နောက်ဆုံးအချိန်ထိကြိုးစားပြီး ထိန်းထားခဲ့ပုံကို သူမရဲ့မျက်နှာပေါ်မှာ အထင်းသားကြီး ပေါ်လွင်နေခဲ့တာပါ ။ ကောင်မလေးဟာ ဆိုင်ကယ်ဦးထုပ်မဆောင်းထားတဲ့အပြင် အရှိန်နဲ့မောင်းနှင်လာလို့ ဥပဒေအရတော့အရေးယူခံရမှာပါ ။ ကံကောင်းစွာနဲ့ သူမလဲကျသွားတဲ့အချိန်မှာ သူမရဲ့လွယ်အိတ်နဲ့မြေပြင်အရင်ထိပြီး လဲကျသွားခဲ့တာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ခြင်းမျိုးတော့မရှိပါဘူး ။

မည်သို့ပင်ဖြစ်စေကာမူ သတ်မှတ်ထားတဲ့အရှိန်စံနှူန်းအတိုင်း ယာဉ်တွေကိုမောင်းနှင်သင့်ပြီး ၊ စည်းကမ်းအရ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီးမှ ဆိုင်ကယ်ကို အန္တရာယ်ကင်းစွာ မောင်းနှင်သင့်ပါတယ် ။ ဒါကြောင့် လူငယ်တွေအနေနဲ့ အမြဲသတိဝီရိယထားပြီး ဆိုင်ကယ်တွေကိုမောင်းနှင်သင့်ကြောင်း သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "နောက်ဆုံးအချိန်ထိ ရအောင်ထိန်းထားခဲ့ပါသေးတယ်ဆိုတဲ့မိန်းကလေး"

Leave a comment

Your email address will not be published.


*