ရေချောင်းကြီးထဲမှာ ​မှောက်လျက်သားရေချိုးနေခဲ့လို့ အလောင်းအထင်နဲ့ လူတွေဝိုင်းအုံကြည့်ခံခဲ့ရတဲ့ အမျိုးသား (ရုပ်သံ)


1

2

3

4

5

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ အဖြစ်အပျက်လေးကတော့ တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ လမ်းဘေးဖက်မှာရှိတဲ့ ရေချောင်းကြီးထဲမှာ ရေဆင်းချိုးခဲ့တာပါ ။ သို့ပေမဲ့ အခြားသူတွေလိုပုံမှန်အနေအထားနဲ့ ရေချိုးခဲ့တာမဟုတ်ဘဲ မှောက်လျက်သားနှင့်အချိန်အတော်ကြာရေချိုးနေခဲ့လို့ ပတ်ဝန်းကျင်အနီးအနားကလူတွေက ရေပေါ်မှာပေါလောပေါ်နေတဲ့ လူသေအလောင်းဆိုပြီး ထင်မှတ်သွားခဲ့ကြပါတယ် ။ ထို့နောက် ရေချောင်းဘေးပတ်ပတ်လည်တွင် လူအတော်အများဝိုင်းအုံကြည့်နေခဲ့ကြတဲ့အပြင် ၊ အချို့ဆိုရင် ဖုန်းနဲ့ video တွေပါရိုက်ကူးခဲ့ကြပါတယ် ။ ထို့နောက်ဒေသခံတစ်ဦးက ရေချောင်းထဲဆင်းပြီး အဆိုပါမှောက်လျက်သားနှင့်ရေချိုးနေခဲ့တဲ့အမျိုးသားကို လှုပ်ကိုင်ခဲ့ချိန်မှာတော့ အဆိုပါအမျိုးသားက ပြန်နှိုးထလာခဲ့လို့ လူအတော်အများအံ့သြထိတ်လန့်သွားခဲ့ရပါတးယ် ။ ထိုနောက် အဆိုပါရေချိုးနေတဲ့အမျိုးသားကို ဒေသခံတွေက ရေချောင်းထဲကနေ ခေါ်ထုတ်သွားခဲ့ကြပါတယ် ။ အဆိုပါရေချိုးနေခဲ့တဲ့အမျိုးသားကလည်း လူတွေဝိုင်းအုံးကြည့်ခံခဲ့ရတဲ့သူ၏အဖြစ်ကို နားမလည်နိုင်အောင်ဖြစ်သွားခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ရေချောင်းကြီးထဲမှာ ​မှောက်လျက်သားရေချိုးနေခဲ့လို့ အလောင်းအထင်နဲ့ လူတွေဝိုင်းအုံကြည့်ခံခဲ့ရတဲ့ အမျိုးသား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*