ေက်ာင္းစာကိုဂ႐ုမစိုက္တဲ့ သားျဖစ္သူကိုေသဆံုးတဲ႔အထိ ေခါင္းကိုအႀကိမ္ႀကိမ္႐ိုက္ႏွက္ခဲ့တဲ့ မိခင္

သားသမီးေတြအေပၚ စည္းကမ္းတင္က်ပ္တာက လိုသည္ထက္ပိုသြားရင္လည္း မေကာင္းပါဘူး ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ Xianyang ၿမိဳ႕မွာေနထိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သူမ၏သားျဖစ္သူရဲ႕ေခါင္းကို႐ိုက္ႏွက္ခဲ့ၿပီး ဒဏ္ရာမ်ားစြာရ႐ွိေစခဲ့ကာ ကေလးမွာအလြန္အမင္းေအာ့အန္ၿပီးေသဆံုးသြားခဲ့ရတဲ့အတြက္ မိခင္မွာေထာင္ဒဏ္ 3ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္ ။ Hu အမည္႐ွိတဲ့ ကေလးမိခင္ဟာ ၿပီးခဲ့တဲ့ January လကတည္းက သူမ၏သားေလးကို ကိုယ္တိုင္ေနအိမ္တြင္စာသင္ၾကားပို႔ခ်ေပးခဲ့ၿပီး ထို႔အခ်ိန္မွစၿပီးသူမ၏သားေလးမွာ စာကိုျပည့္ျပည့္ဝဝစိတ္ဝင္စားျခင္းမ႐ွိသည္ကို ေတြ႔႐ွိသြားခဲ့ပါတယ္ ။ ထို႔ေၾကာင့္ သားျဖစ္သူအိမ္စာမ်ားမလုပ္လ်ွင္ ကေလး၏ေခါင္းကိုအႀကိမ္ႀကိမ္႐ိုက္ၿပီး ဆံုးမသြန္သင္ခဲ့ပါတယ္ ။ သို႔ေပမဲ့ အိမ္စာလုပ္ေနတဲ့ တစ္မနက္ခင္းမွာေတာ့ Hu ဟာသူမရဲ႕သားေလး အလြန္အမင္းေအာ့အန္ေနတာကိုေတြ႔႐ွိခဲ့ၿပီး အံ့ၾသထိတ္လန္႔သြားခဲ့ကာ ကေလးငယ္ကိုခ်က္ခ်င္းေဆးရံုသို႔ေခၚေဆာင္ေပးခဲ့ေပမဲ့လည္း အေတာ္ေလးေနာက္က်သြားခဲ့ပါတယ္ ။ ကေလးမွာ အသက္႐ႈက်ပ္ၿပီးေတာ့ေသဆံုးသြားခဲ့ရပါတယ္ ။ မူခင္းေဆးပညာ႐ွင္မ်ားကေတာ့ ကေလးငယ္မေသဆံုးခင္မွာ သူ၏ဦးေခါင္းဟာ အရာဝတၳဳတစ္ခုခုႏွင့္ အႀကိမ္ႀကိမ္႐ိုက္ႏွက္ျခင္းခံခဲ့ရတာျဖစ္ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္ ။ ေသဆံုးသြားခဲ့ရတဲ့ကေလးငယ္ဟာ သူ၏အသက္႐ႈလမ္းေၾကာင္တြင္ အန္ဖတ္မ်ားျဖင့္ပိတ္မိသြားခဲ့ၿပီး အသက္႐ႈက်ပ္ကာ ေလႁပြန္ေပါက္ပိတ္ၿပီးေသဆံုးသြားခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါကိစၥကို ရဲအရာ႐ွိမ်ားစံုစမ္းစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ကေလးငယ္ ႏွင့္ မိခင္ျဖစ္သူတို႔ဟာ ကိုယ္ထိလက္ေရာက္ႏွိပ္စက္ခဲ့တဲ့လုပ္ရပ္မ်ိဳးေတြ႔႐ွိခဲ့ေပမဲ့လည္း မိခင္ျဖစ္သူမွာကိုယ္ဝန္ေဆာင္ထားရေသာေၾကာင့္ ခ်က္ခ်င္းဖမ္းဆီးခဲ့ျခင္းမ်ိဳးမျပဳလုပ္ခဲ့ပါဘူး ။ အဆိုပါေပါ့ဆမႈေၾကာင့္ လူေသဆံုးခဲ့ရတဲ့ျပစ္မႈအတြက္ တရားစြဲဆိုမႈမ်ားမျပဳလုပ္ခင္ Hu ကိုရဲစခန္းတြင္ဖမ္းဆီးထိန္းသိမ္းထားခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ Hu ဟာသားျဖစ္သူအေပၚကိုယ္ထိလက္ေရာက္က်ဴ းလြန္ခဲ့တဲ့ျပစ္မႈဟာ သိသာထင္႐ွားလြန္းခဲ့တဲ့အတြက္ အသက္သာဆံုးအျဖစ္ ေထာင္ဒဏ္3ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္ ။ Hu ရဲ႕ျပစ္မႈဟာ လူထုအၾကားအေတာ္ေလး လူသိမ်ားလာခဲ့ခ်ိန္မွာေတာ့ သူမရဲ႕စီရင္ခ်က္ကိုသက္ညာေပးခဲ့တဲ့အတြက္ လူအေတာ္အမ်ားကနာၾကည္းသြားခဲ့ပါတယ္ ။

အခ်ိဳ႕ေသာ လူထုမ်ားကလည္း ” သူမက ကိုယ္ဝန္႐ွိေနတာနဲ႔ပဲ ခြင့္လြတ္ေပးရမွာလား ၊ ခံစားခဲ့ရတဲ့ ကေလးငယ္ကေကာ ” ဆိုၿပီးေမးခြန္းထုတ္ခဲ့ၾကပါတယ္ ။ အခ်ိဳ႕မွာေတာ့ ကေလးငယ္ေတြကိုစည္းကမ္း႐ွိေအာင္ သြန္သင္ေပးသင့္ေပမဲ့လည္း ယခုကိစၥကေတာ့ အေတာ္ေလးကိုလြန္ကဲေၾကာင္းကို ” ကေလးေတြက စာကိုေလ့လာသင့္တယ္ဆိုေပမဲ့လည္း ကေလးငယ္ကိုစည္းကမ္း႐ွိေအာင္သင္ေပးတဲ့နည္းလမ္းက အေတာ္ေလးကိုအစြန္းေရာက္ေၾကာင္း ” အမ်ိဳးမ်ိဳးေျပာဆိုေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

သားသမီးတွေအပေါ် စည်းကမ်းတင်ကျပ်တာက လိုသည်ထက်ပိုသွားရင်လည်း မကောင်းပါဘူး ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ Xianyang မြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမ၏သားဖြစ်သူရဲ့ခေါင်းကိုရိုက်နှက်ခဲ့ပြီး ဒဏ်ရာများစွာရရှိစေခဲ့ကာ ကလေးမှာအလွန်အမင်းအော့အန်ပြီးသေဆုံးသွားခဲ့ရတဲ့အတွက် မိခင်မှာထောင်ဒဏ် 3နှစ်ချမှတ်ခံခဲ့ရပါတယ် ။ Hu အမည်ရှိတဲ့ ကလေးမိခင်ဟာ ပြီးခဲ့တဲ့ January လကတည်းက သူမ၏သားလေးကို ကိုယ်တိုင်နေအိမ်တွင်စာသင်ကြားပို့ချပေးခဲ့ပြီး ထို့အချိန်မှစပြီးသူမ၏သားလေးမှာ စာကိုပြည့်ပြည့်ဝဝစိတ်ဝင်စားခြင်းမရှိသည်ကို တွေ့ရှိသွားခဲ့ပါတယ် ။ ထို့ကြောင့် သားဖြစ်သူအိမ်စာများမလုပ်လျှင် ကလေး၏ခေါင်းကိုအကြိမ်ကြိမ်ရိုက်ပြီး ဆုံးမသွန်သင်ခဲ့ပါတယ် ။ သို့ပေမဲ့ အိမ်စာလုပ်နေတဲ့ တစ်မနက်ခင်းမှာတော့ Hu ဟာသူမရဲ့သားလေး အလွန်အမင်းအော့အန်နေတာကိုတွေ့ရှိခဲ့ပြီး အံ့သြထိတ်လန့်သွားခဲ့ကာ ကလေးငယ်ကိုချက်ချင်းဆေးရုံသို့ခေါ်ဆောင်ပေးခဲ့ပေမဲ့လည်း အတော်လေးနောက်ကျသွားခဲ့ပါတယ် ။ ကလေးမှာ အသက်ရှုကျပ်ပြီးတော့သေဆုံးသွားခဲ့ရပါတယ် ။ မူခင်းဆေးပညာရှင်များကတော့ ကလေးငယ်မသေဆုံးခင်မှာ သူ၏ဦးခေါင်းဟာ အရာဝတ္ထုတစ်ခုခုနှင့် အကြိမ်ကြိမ်ရိုက်နှက်ခြင်းခံခဲ့ရတာဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ် ။ သေဆုံးသွားခဲ့ရတဲ့ကလေးငယ်ဟာ သူ၏အသက်ရှုလမ်းကြောင်တွင် အန်ဖတ်များဖြင့်ပိတ်မိသွားခဲ့ပြီး အသက်ရှုကျပ်ကာ လေပြွန်ပေါက်ပိတ်ပြီးသေဆုံးသွားခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါကိစ္စကို ရဲအရာရှိများစုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ ကလေးငယ် နှင့် မိခင်ဖြစ်သူတို့ဟာ ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့တဲ့လုပ်ရပ်မျိုးတွေ့ရှိခဲ့ပေမဲ့လည်း မိခင်ဖြစ်သူမှာကိုယ်ဝန်ဆောင်ထားရသောကြောင့် ချက်ချင်းဖမ်းဆီးခဲ့ခြင်းမျိုးမပြုလုပ်ခဲ့ပါဘူး ။ အဆိုပါပေါ့ဆမှုကြောင့် လူသေဆုံးခဲ့ရတဲ့ပြစ်မှုအတွက် တရားစွဲဆိုမှုများမပြုလုပ်ခင် Hu ကိုရဲစခန်းတွင်ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရှိရပါတယ် ။ Hu ဟာသားဖြစ်သူအပေါ်ကိုယ်ထိလက်ရောက်ကျူ းလွန်ခဲ့တဲ့ပြစ်မှုဟာ သိသာထင်ရှားလွန်းခဲ့တဲ့အတွက် အသက်သာဆုံးအဖြစ် ထောင်ဒဏ်3နှစ်ချမှတ်ခံခဲ့ရပါတယ် ။ Hu ရဲ့ပြစ်မှုဟာ လူထုအကြားအတော်လေး လူသိများလာခဲ့ချိန်မှာတော့ သူမရဲ့စီရင်ချက်ကိုသက်ညာပေးခဲ့တဲ့အတွက် လူအတော်အများကနာကြည်းသွားခဲ့ပါတယ် ။

အချို့သော လူထုများကလည်း ” သူမက ကိုယ်ဝန်ရှိနေတာနဲ့ပဲ ခွင့်လွတ်ပေးရမှာလား ၊ ခံစားခဲ့ရတဲ့ ကလေးငယ်ကကော ” ဆိုပြီးမေးခွန်းထုတ်ခဲ့ကြပါတယ် ။ အချို့မှာတော့ ကလေးငယ်တွေကိုစည်းကမ်းရှိအောင် သွန်သင်ပေးသင့်ပေမဲ့လည်း ယခုကိစ္စကတော့ အတော်လေးကိုလွန်ကဲကြောင်းကို ” ကလေးတွေက စာကိုလေ့လာသင့်တယ်ဆိုပေမဲ့လည်း ကလေးငယ်ကိုစည်းကမ်းရှိအောင်သင်ပေးတဲ့နည်းလမ်းက အတော်လေးကိုအစွန်းရောက်ကြောင်း ” အမျိုးမျိုးပြောဆိုဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေက်ာင္းစာကိုဂ႐ုမစိုက္တဲ့ သားျဖစ္သူကိုေသဆံုးတဲ႔အထိ ေခါင္းကိုအႀကိမ္ႀကိမ္႐ိုက္ႏွက္ခဲ့တဲ့ မိခင္"

Leave a comment

Your email address will not be published.


*