အျပင္ထြက္လည္လြန္းတဲ့ ေၾကာင္ေလးကို ပညာသားပါပါထိန္းခ်ဳပ္ခဲ့တဲ့ သခင္

ယခုလို ကူးစက္ေရာဂါျဖစ္ပြားေနတဲ့အခ်ိန္ကာလမွာ လူအေတာ္မ်ားမ်ားက မလိုအပ္ရင္အိမ္ျပင္မထြက္ဘဲ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ေနအိမ္မွာသာေနထိုင္ေနၾကတာပါ ။ မျဖစ္မေန အျပင္ထြက္ရမယ္ဆိုရင္လည္း ႏွာေခါင္းစည္း mask ကိုတပ္ၿပီး ၊ hand gel ဘူးေသးေလးေတြကိုပါ ေဆာင္သြားတတ္ၾကပါတယ္ ။ သို႔ေပမဲ့ မိမိကသာ ေရာဂါကူးစက္မႈမ႐ွိေအာင္ ကာကြယ္ေနၿပီး အိမ္ေမြးေၾကာင္ေလးေတြကို အျပင္ေပးထြက္ေနမယ္ဆိုရင္လည္း မထူးပါဘူး ။ ေၾကာင္ေလးေတြအေတာ္မ်ားမ်ားဟာ အေတာ္ေလးကို ေလ်ွာက္လည္တတ္ၾကၿပီး ၊ လူသူမေရာက္တဲ့ ေခ်ာင္က်ိဳေခ်ာင္ၾကားေနရာေတြေတာင္ သူတို႔ေတြကေရာက္တတ္ၾကပါတယ္ ။ ေလ်ွာက္လည္ၿပီးရင္ ေနအိမ္ျပန္ေရာက္တာနဲ႔ သခင္ေတြရဲ႕ အိပ္ယာေတြေပၚမွာ ေခြေခြေလးအိပ္ၿပီးအနားယူတတ္ၾကပါတယ္ ။

ဒါေၾကာင့္မို႔ ယခုလို stay home ကာလမွာ အိမ္ေမြးေၾကာင္ေလးေတြအျပင္မထြက္ေအာင္ သခင္ျဖစ္သူေတြက ယခုလိုနည္းလမ္းမ်ိဳးအသံုးျပဳသင့္ေၾကာင္း facebook စာမ်က္ႏွာ တစ္ခုက ေဝမ်ွထားခဲ့ပါတယ္ ။ ဓာတ္ပံုထဲက ေၾကာင္ေလးမွာလည္း ေနအိမ္အျပင္ထြက္ခ်င္ေပမဲ့လည္း ထြက္လည္လို႔မရဘဲ အိမ္အျပင္ဖက္ကိုသာ ေငးေမာေနရတဲ့ပံုစံေလးက အေတာ္ေလးကို အသည္းယားဖြယ္ရာေကာင္းလြန္းလွပါတယ္ ။ ဒါေၾကာင့္ ယခုလိုနည္းလမ္းနဲ႔ ေၾကာင္ေလးေတြအျပင္မထြက္လည္ေအာင္ ကာကြယ္ၾကဖို႔ သတိေပးလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

ယခုလို ကူးစက်ရောဂါဖြစ်ပွားနေတဲ့အချိန်ကာလမှာ လူအတော်များများက မလိုအပ်ရင်အိမ်ပြင်မထွက်ဘဲ စည်းမျဉ်းစည်းကမ်းတွေနဲ့ နေအိမ်မှာသာနေထိုင်နေကြတာပါ ။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း နှာခေါင်းစည်း mask ကိုတပ်ပြီး ၊ hand gel ဘူးသေးလေးတွေကိုပါ ဆောင်သွားတတ်ကြပါတယ် ။ သို့ပေမဲ့ မိမိကသာ ရောဂါကူးစက်မှုမရှိအောင် ကာကွယ်နေပြီး အိမ်မွေးကြောင်လေးတွေကို အပြင်ပေးထွက်နေမယ်ဆိုရင်လည်း မထူးပါဘူး ။ ကြောင်လေးတွေအတော်များများဟာ အတော်လေးကို လျှောက်လည်တတ်ကြပြီး ၊ လူသူမရောက်တဲ့ ချောင်ကျိုချောင်ကြားနေရာတွေတောင် သူတို့တွေကရောက်တတ်ကြပါတယ် ။ လျှောက်လည်ပြီးရင် နေအိမ်ပြန်ရောက်တာနဲ့ သခင်တွေရဲ့ အိပ်ယာတွေပေါ်မှာ ခွေခွေလေးအိပ်ပြီးအနားယူတတ်ကြပါတယ် ။

ဒါကြောင့်မို့ ယခုလို stay home ကာလမှာ အိမ်မွေးကြောင်လေးတွေအပြင်မထွက်အောင် သခင်ဖြစ်သူတွေက ယခုလိုနည်းလမ်းမျိုးအသုံးပြုသင့်ကြောင်း facebook စာမျက်နှာ တစ်ခုက ဝေမျှထားခဲ့ပါတယ် ။ ဓာတ်ပုံထဲက ကြောင်လေးမှာလည်း နေအိမ်အပြင်ထွက်ချင်ပေမဲ့လည်း ထွက်လည်လို့မရဘဲ အိမ်အပြင်ဖက်ကိုသာ ငေးမောနေရတဲ့ပုံစံလေးက အတော်လေးကို အသည်းယားဖွယ်ရာကောင်းလွန်းလှပါတယ် ။ ဒါကြောင့် ယခုလိုနည်းလမ်းနဲ့ ကြောင်လေးတွေအပြင်မထွက်လည်အောင် ကာကွယ်ကြဖို့ သတိပေးလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အျပင္ထြက္လည္လြန္းတဲ့ ေၾကာင္ေလးကို ပညာသားပါပါထိန္းခ်ဳပ္ခဲ့တဲ့ သခင္"

Leave a comment

Your email address will not be published.


*