သစ်ရွက် နှင့် ပန်းပွင့် တွေကိုအသုံးပြုပြီး အလှပဆုံး သဘာဝဆန်တဲ့ငှက်ရုပ်တွေကိုဖန်တီးပုံဖော်ပြခဲ့သူ


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

Jasmine (Mckzone Daily)

Source: boredpanda

Unicode

လူတွေဟာ အပိုင်းအစငယ်အသေးလေးတွေနဲ့ထူးထူးဆန်းဆန်း ပန်းချီအနုပညာ ရုပ်ပုံတွေ ဖန်တီးပုံဖော်ရေးဆွဲလာကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း Hannah Bullen-Ryner အမည်ရှိတဲ့ အမျိုးသမီးက သဘာဝတရားအလှတွေနဲ့ ရုပ်ပုံတွေဖန်တီးပုံဖော်ပြခဲ့ပါတယ် ။ Bullen-Ryner ဟာ အလှပဆုံးငှက်ရုပ်ပုံလေးတွေကို ပန်းပွင့်တွေ ၊ သစ်ရွက်သစ်ခက်တွေ နှင့် ဘယ်ရီသီးတွေကို အသုံးဖော်ပြီး ဖန်တီးပုံဖော်ခဲ့ပါတယ် ။ ထို့အပြင် ရုပ်ပုံရဲ့နောက်ခံကိုတော့ သစ်တောမြေတွေကိုသာ အသုံးပြုထားတာပါ ။ မကြာခင်မှာပဲ သူမဖန်တီးပုံဖော်ထားတဲ့ ငှက်ရုပ်တွေဟာ မိုးဒဏ် ၊ လေဒဏ်တွေကြောင့် ပျက်စီးပျောက်ကွယ်သွားခဲ့ရပါတယ် ။ သို့ပေမဲ့လည်း သဘာဝအလှတွေနဲ့သာ အသုံးပြုပြီးဖန်တီးပုံဖော်ထားလို့ ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးမှုမရှိစေတဲ့ သူမရဲ့လုပ်ရပ်ကို လူအတော်အများက ချီးကျူးထောက်ခံခဲ့ကြပါတယ် ။ ထို့ကြောင့် အဆိုပါရုပ်ပုံတွေကို ပရိသတ်တွေကြည့်ရှုခံစားနိုင်အောင် ဝေမျှပေးလိုက်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သစ်ရွက် နှင့် ပန်းပွင့် တွေကိုအသုံးပြုပြီး အလှပဆုံး သဘာဝဆန်တဲ့ငှက်ရုပ်တွေကိုဖန်တီးပုံဖော်ပြခဲ့သူ"

Leave a comment

Your email address will not be published.


*