ကိုယ္တိုင္ဘြဲ႔မသြားယူႏိုင္ေတာ့တဲ့ ကင္ဆာေရာဂါရွင္ေက်ာင္းသူကို ေဆးရံုအထိ ဘြဲ႔လတ္မွတ္အပ္ႏွံခ်ီးျမင့္ခဲ့ၾကတဲ့ ဆရာမ်ား ( ႐ုပ္သံ)

တကၠသိုလ္ကို 4ႏွစ္ေလာက္ထိတက္ၿပီး ဘြဲ႔တစ္ခုရဖို႔ အခ်ိန္ေပး ၊ ႀကိဳးစားခဲ့ရတာေတြက တစ္ကယ္တမ္းေတာ့မလြယ္ကူလွပါဘူး ။ ဒါေၾကာင့္ ဘဝရဲ႕ေနာက္ထပ္ေျခတစ္လွမ္းကို လွမ္းႏိုင္ဖို႔ ပညာသင္ယူၿပီးေျမာက္ၿပီးေၾကာင္း ဘြဲ႔လတ္မွတ္တစ္ခုတက္ယူဖို႔ ေက်ာင္းသူ ၊ေက်ာင္းသား ေတြက အေတာ္ေလးစိတ္လႈပ္႐ွားကာ ဘြဲ႔သဘင္အခမ္းအနားကို ကိုယ္တိုင္ကိုယ္က်တတ္ယူခ်င္ၾကမွာပါပဲေလ ။ သို္႔ေပမဲ့ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ထိုင္းႏိုင္ငံက ေက်ာက္ကပ္ကင္ဆာေရာဂါ႐ွင္ ေက်ာင္းသူေလးကေတာ့ အျခားသူေတြလို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ဘြဲ႔လတ္မွတ္တက္ယူဖို႔ဆိုတာ သူမအတြက္လံုးဝမျဖစ္ႏိုင္ေတာ့ပါဘူး ။ ကင္ဆာေဝဒနာေနာက္ဆံုးအဆင့္ကို ခံစားေနရလို႔ ေဆးရံုကုတင္မွာသာလဲေနခဲ့ရတာပါ ။ ဒါေၾကာင့္ သူမကိုတကၠသိုလ္ရဲ႕ ပါေမာကၡခ်ဳပ္နဲ႔ ဆရာ/ဆရာမေတြကိုယ္တိုင္ သူမ႐ွိရာေဆးရံုခန္းထဲထိအေရာက္လာၿပီး သူမႀကိဳးစားအားထုတ္ခဲ့လို႔ ရ႐ွိခဲ့တဲ့ဘြဲ႔လတ္မွတ္ကို ကိုယ္တိုင္ကိုယ္က် လာေရာက္အပ္ႏွံခ်ီးျမင့္ခဲ့ပါတယ္ ။

ေက်ာင္းသူေလးမွာေတာ့ သူမအျဖစ္ေၾကာင့္ အေတာ္ေလးကိုဝမ္းနည္းပူေဆြးၿပီးမ်က္ရည္က်ေနခဲ့ေပမဲ့လည္း ဆရာေတြကိုအေတာ္ေလးေက်းဇူးတင္ေနခဲ့တာပါ ။ ဆရာေတြကလည္း သူမကိုအားေပးစကားမ်ားေျပာဆိုခဲ့ၾကပါတယ္ ။ အဆိုပါျမင္ကြင္းဟာ ၾကည့္႐ႈ့သူေတြကို ဝမ္းနည္းမ်က္ရည္က်ေစခဲ့ၿပီး တစ္ဖက္မွာလည္း ဆရာေတြရဲ႕လုပ္ရပ္က အေတာ္ေလးေလးစားဖို႔ေကာင္းတာကိုေတြ႔ျမင္ရမွာပါ ။ Video ေလးက social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔ေနၿပီး ၾကည့္႐ႈသူအမ်ားအျပားရ႐ွိထားတဲ့ video တစ္ပုဒ္ေလးပါ ။

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

တက္ကသိုလ်ကို 4နှစ်လောက်ထိတက်ပြီး ဘွဲ့တစ်ခုရဖို့ အချိန်ပေး ၊ ကြိုးစားခဲ့ရတာတွေက တစ်ကယ်တမ်းတော့မလွယ်ကူလှပါဘူး ။ ဒါကြောင့် ဘဝရဲ့နောက်ထပ်ခြေတစ်လှမ်းကို လှမ်းနိုင်ဖို့ ပညာသင်ယူပြီးမြောက်ပြီးကြောင်း ဘွဲ့လတ်မှတ်တစ်ခုတက်ယူဖို့ ကျောင်းသူ ၊ကျောင်းသား တွေက အတော်လေးစိတ်လှုပ်ရှားကာ ဘွဲ့သဘင်အခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျတတ်ယူချင်ကြမှာပါပဲလေ ။ သို့်ပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံက ကျောက်ကပ်ကင်ဆာရောဂါရှင် ကျောင်းသူလေးကတော့ အခြားသူတွေလို ပျော်ပျော်ရွှင်ရွှင်ဘွဲ့လတ်မှတ်တက်ယူဖို့ဆိုတာ သူမအတွက်လုံးဝမဖြစ်နိုင်တော့ပါဘူး ။ ကင်ဆာဝေဒနာနောက်ဆုံးအဆင့်ကို ခံစားနေရလို့ ဆေးရုံကုတင်မှာသာလဲနေခဲ့ရတာပါ ။ ဒါကြောင့် သူမကိုတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်နဲ့ ဆရာ/ဆရာမတွေကိုယ်တိုင် သူမရှိရာဆေးရုံခန်းထဲထိအရောက်လာပြီး သူမကြိုးစားအားထုတ်ခဲ့လို့ ရရှိခဲ့တဲ့ဘွဲ့လတ်မှတ်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်အပ်နှံချီးမြင့်ခဲ့ပါတယ် ။

ကျောင်းသူလေးမှာတော့ သူမအဖြစ်ကြောင့် အတော်လေးကိုဝမ်းနည်းပူဆွေးပြီးမျက်ရည်ကျနေခဲ့ပေမဲ့လည်း ဆရာတွေကိုအတော်လေးကျေးဇူးတင်နေခဲ့တာပါ ။ ဆရာတွေကလည်း သူမကိုအားပေးစကားများပြောဆိုခဲ့ကြပါတယ် ။ အဆိုပါမြင်ကွင်းဟာ ကြည့်ရှု့သူတွေကို ဝမ်းနည်းမျက်ရည်ကျစေခဲ့ပြီး တစ်ဖက်မှာလည်း ဆရာတွေရဲ့လုပ်ရပ်က အတော်လေးလေးစားဖို့ကောင်းတာကိုတွေ့မြင်ရမှာပါ ။ Video လေးက social media ပေါ်မှာ အတော်လေးပျံ့နှံ့နေပြီး ကြည့်ရှုသူအများအပြားရရှိထားတဲ့ video တစ်ပုဒ်လေးပါ ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ္တိုင္ဘြဲ႔မသြားယူႏိုင္ေတာ့တဲ့ ကင္ဆာေရာဂါရွင္ေက်ာင္းသူကို ေဆးရံုအထိ ဘြဲ႔လတ္မွတ္အပ္ႏွံခ်ီးျမင့္ခဲ့ၾကတဲ့ ဆရာမ်ား ( ႐ုပ္သံ)"

Leave a comment

Your email address will not be published.


*