အိပ္စက္အနားယူႏိုင္ဖို႔ သန္႔စင္ခန္းတစ္လံုးကို ငွါးရမ္းၿပီး ေနထိုင္ေနရတဲ့ ဆင္းရဲလြန္းတဲ့အသက္ 60 အရြယ္အဘိုးအို

အသက္ 60 အရြယ္ အဘိုးအိုတစ္ေယာက္ဟာ တစ္ရက္ၿပီးတစ္ရက္ အကုန္အက်သက္သာေအာင္ေခြၽတာၿပီး သူ႔အတြက္ေနအိမ္လို႔သတ္မွတ္ထားတဲ့ အိမ္သာအတြင္းမွာေနထိုင္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ Maintenance Hong Kong Caring Community Service Team လို႔လူသိမ်ားတဲ့ NGO အဖြဲ႔အစည္းက အဆိုပါအဘိုးအိုကို To Kwa Wan ဆိုတဲ့ခ႐ိုင္ေဒသတစ္ခုမွာ႐ွိတဲ့ သန္႔စင္ခန္းတစ္ခုအတြင္းမွာ ေတြ႔႐ွိခဲ့တာပါ ။ အဆိုပါအဘိုးအိုဟာ ဇနီးျဖစ္သူႏွင့္ကြာ႐ွင္းၿပီးေနာက္ မိသားစုဝင္ေတြနဲ႔လည္း လံုးဝအဆက္အသြယ္မ႐ွိေတာ့တဲ့အျပင္ အသက္အရြယ္ေၾကာင့္ အလုပ္အသစ္႐ွာေဖြလုပ္ကိုင္လို႔မရေတာ့လို႔ က်န္႐ွိေနတဲ့ဘဝတစ္ေလ်ွာက္ ေခြၽတာစြာေနထိုင္ရင္း အဆိုအိမ္သာကို ငွါးရမ္းခ တစ္လ 1,700 ယြမ္ ေပးၿပီး ေနထိုင္ေနရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ေစတနာ့ဝန္ထမ္းတစ္ဦးရဲ႕ေျပာျပခ်က္အရ အဘိုးအိုမွာ သစ္သာပ်ဥ္ျပားခ်ပ္တစ္ခု႐ွိၿပီး အဆိုပါပ်ဥ္ျပားေပၚမွာ ေစာင့္ေၾကာင့္ထိုင္ၿပီး အစားအစာ စားေသာက္ခဲ့ရေၾကာင္း ႏွင့္ ခဏကိုယ္တစ္ခုလို ေျဖာင့္တန္းၿပီးအိပ္လို႔ရေအာင္ အဆိုပါပ်ဥ္ျပားခ်ပ္ႀကီးကိုအသံုးၿပီး အိမ္သာအေပါက္ဝကိုပိတ္ကာ အိပ္စက္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ အဘိုးအိုကိုသြားေရာက္လည္ပတ္ခဲ့ေပမဲ့ ေနရာကက်ဥ္းလြန္းလို႔ တံခါးေပါက္ဝအနားမွာသာ ရပ္ၿပီးစကားေျပာခဲ့ရေၾကာင္း သိရပါတယ္ ။

ေဟာင္ေကာင္မွာ႐ွိတဲ့ အိမ္ခန္းငွါးခေတြဟာ ေစ်းႀကီးလြန္းလို႔ ယခုလိုအျဖစ္ေရာက္ခဲ့ရတာျဖစ္ေၾကာင္း လူအမ်ားကသံုးသပ္ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါအဘိုးအိုကို ေစတနာဝန္ထမ္းမ်ားက သက္ေတာင့္သက္သာ႐ွိတဲ့ေနရာသို႔ ေျပာင္းေရႊ႔ႏိုင္ေအာင္ ကူညီေပးေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အသက် 60 အရွယ် အဘိုးအိုတစ်ယောက်ဟာ တစ်ရက်ပြီးတစ်ရက် အကုန်အကျသက်သာအောင်ချွေတာပြီး သူ့အတွက်နေအိမ်လို့သတ်မှတ်ထားတဲ့ အိမ်သာအတွင်းမှာနေထိုင်နေလျက်ရှိကြောင်း သိရှိရပါတယ် ။ Maintenance Hong Kong Caring Community Service Team လို့လူသိများတဲ့ NGO အဖွဲ့အစည်းက အဆိုပါအဘိုးအိုကို To Kwa Wan ဆိုတဲ့ခရိုင်ဒေသတစ်ခုမှာရှိတဲ့ သန့်စင်ခန်းတစ်ခုအတွင်းမှာ တွေ့ရှိခဲ့တာပါ ။ အဆိုပါအဘိုးအိုဟာ ဇနီးဖြစ်သူနှင့်ကွာရှင်းပြီးနောက် မိသားစုဝင်တွေနဲ့လည်း လုံးဝအဆက်အသွယ်မရှိတော့တဲ့အပြင် အသက်အရွယ်ကြောင့် အလုပ်အသစ်ရှာဖွေလုပ်ကိုင်လို့မရတော့လို့ ကျန်ရှိနေတဲ့ဘဝတစ်လျှောက် ချွေတာစွာနေထိုင်ရင်း အဆိုအိမ်သာကို ငှါးရမ်းခ တစ်လ 1,700 ယွမ် ပေးပြီး နေထိုင်နေရတာဖြစ်ကြောင်း သိရှိရပါတယ် ။

စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ပြောပြချက်အရ အဘိုးအိုမှာ သစ်သာပျဉ်ပြားချပ်တစ်ခုရှိပြီး အဆိုပါပျဉ်ပြားပေါ်မှာ စောင့်ကြောင့်ထိုင်ပြီး အစားအစာ စားသောက်ခဲ့ရကြောင်း နှင့် ခဏကိုယ်တစ်ခုလို ဖြောင့်တန်းပြီးအိပ်လို့ရအောင် အဆိုပါပျဉ်ပြားချပ်ကြီးကိုအသုံးပြီး အိမ်သာအပေါက်ဝကိုပိတ်ကာ အိပ်စက်ခဲ့ရကြောင်း သိရှိရပါတယ် ။ အဘိုးအိုကိုသွားရောက်လည်ပတ်ခဲ့ပေမဲ့ နေရာကကျဉ်းလွန်းလို့ တံခါးပေါက်ဝအနားမှာသာ ရပ်ပြီးစကားပြောခဲ့ရကြောင်း သိရပါတယ် ။

ဟောင်ကောင်မှာရှိတဲ့ အိမ်ခန်းငှါးခတွေဟာ ဈေးကြီးလွန်းလို့ ယခုလိုအဖြစ်ရောက်ခဲ့ရတာဖြစ်ကြောင်း လူအများကသုံးသပ်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအဘိုးအိုကို စေတနာဝန်ထမ်းများက သက်တောင့်သက်သာရှိတဲ့နေရာသို့ ပြောင်းရွှေ့နိုင်အောင် ကူညီပေးနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အိပ္စက္အနားယူႏိုင္ဖို႔ သန္႔စင္ခန္းတစ္လံုးကို ငွါးရမ္းၿပီး ေနထိုင္ေနရတဲ့ ဆင္းရဲလြန္းတဲ့အသက္ 60 အရြယ္အဘိုးအို"

Leave a comment

Your email address will not be published.


*