အမွေးစုတ်ဖွာနဲ့ကြွက်ကြီးကို ချစ်မဝနိုင်အောင်ဖြစ်ပြီး အစာတွေခွဲဝေကျွေးနေတဲ့ ခွေးလေးတွေ


1

2

3

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

ခွေးငယ်လေးတွေဟာလည်း ကလေးငယ်တွေလို အသစ်အဆန်းသောအရာတွေကို စူးစမ်းလိုစိတ်ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ခွေးငယ်လေးနှစ်ကောင်ဟာ လမ်းဘေးအမွေးစုတ်ဖွာနဲ့ကြွက်ကြီးကို လုံးဝအန္တရာယ်မမူဘဲ ၊ ချစ်ခင်တဲ့အကြည့်တွေနဲ့စိုက်ကြည့်ကာ အစာခွက်ထဲက အစာတွေကိုဝေမျှကျွေးနေခဲ့တာပါ ။ ကြွက် နဲ့ ခွေးလေးတွေရဲ့ပုံစံတွေဟာဆိုရင် သူငယ်ချင်း 3 ယောက်တွေ့ဆုံတုန်း ကြွက်လေးကိုနေအိမ်သို့ဖိတ်ခေါ်ပြီး ညစာကျွေးမွေးဧည့်ခံနေတဲ့ပုံစံနဲ့တူကြောင်း Facebook စာမျက်နှာတစ်ခုက ရေးသားထားခဲ့ပါတယ် ။ ပိုင်ရှင်ကတော့ အိမ်ကိုကြွက်တွေ ၊ မြွေတွေ မကပ်အောင် ခွေးလေးတွေ ၊ ကြောင်လေးတွေ မွေးထားတာဖြစ်ပေမဲ့ ယခုအဖြစ်အပျက်လေးကိုတော့ ခွေးပိုင်ရှင်က အတော်လေးကိုအမြင်ကပ်နေမိမှာပါ ။ သို့ပေမဲ့လည်း စူးစမ်းလိုစိတ်အပြည့်နဲ့ကြွက်ကိုကြည့်နေကြတဲ့ ခွေးလေးတွေရဲ့အပြုအမှုကတော့ အတော်လေးကိုအသည်းယားဖွယ်ကောင်းလွန်းလှပါတယ်လေ ။

Jasmine (Mckzone Daily)

Be the first to comment on "အမွေးစုတ်ဖွာနဲ့ကြွက်ကြီးကို ချစ်မဝနိုင်အောင်ဖြစ်ပြီး အစာတွေခွဲဝေကျွေးနေတဲ့ ခွေးလေးတွေ"

Leave a comment

Your email address will not be published.


*