ပိုက္ဆံခိုးလို႔မရေတာ့ေနာက္ဆံုး ဆိုင္ကပစၥည္းအားေပးသြားခဲ့တဲ့ သူခိုး (႐ုပ္ /သံ)

စတိုးဆိုင္ေလးတစ္ခုမွာ အမ်ိဳးသားတစ္ေယာက္ဟာ ခိုးဖို႔ႀကိဳးစားေနတုန္း ကံဆိုးစြာနဲ႔ပဲသူ၏အစီအစဥ္ေတြ အထမေျမာက္ခဲ့ပါဘူး ။ CCTV မွဖမ္းယူထားေသာ video အရ အဆိုပါအမ်ိဳးသားဟာ ပိုက္ဆံ႐ွင္းတဲ့ေကာင္တာ၏ အံဆြဲထဲမွပိုက္ဆံမ်ားခိုးဖို႔လုပ္ေနတုန္း ေငြကိုင္တဲ့အမ်ိဳးသမီးကေရာက္လာခဲ့တဲ့အတြက္ အံဆြဲကိုအလ်င္အျမန္ျပန္ပိတ္ပစ္ခဲ့ရပါတယ္ ။ စီစဥ္ထားသလိုျဖစ္မလာခဲ့၍ ဆိုင္ျပင္ျပန္ထြက္သြားမည့္အစား ဆိုင္ထဲမွပစၥည္းတစ္ခုခုဝယ္ခဲ့သလိုျဖင့္ဟန္ေဆာင္ၿပီး ေကာင္တာေပၚတြင္တင္ထားေသာ Lipton တံဆိပ္အသင့္ေဖ်ာ္ လက္ဖက္ရည္ထုပ္ကို ဝယ္ၿပီးအားေပးသြားခဲ့ပါတယ္ ။ အဆိုပါ Video ကို N9 Rader အမည္ျဖင့္ Facebook အသံုးျပဳသူတစ္ဦးကေဝမ်ွသြားခဲ့တာျဖစ္ၿပီး ၊ သူခိုး၏ အစီအစဥ္က်႐ႈံးသြားတဲ့အျဖစ္အပ်က္အတြက္ လူအေတာ္အမ်ားက သေဘာက်ၿပီးျပံဳးရယ္သြားခဲ့ၾကပါတယ္ ။ အဆိုပါ Video ေလးကို ၾကည့္ရွဳသူမ်ားလာသည့္ႏွင့္အမ်ွ လူအမ်ားစုက Comment တြင္ ၎တို႔၏ ထင္ျမင္ယူဆခ်က္မ်ားကို အမ်ိဳးမ်ိဳးေရးသားသြားခဲ့ၾကပါတယ္ ။

Comment တြင္ထင္ျမင္ခ်က္ေရးသားထားသူတစ္ဦးကေတာ့ ေမ်ွာ္လင့္ခ်က္ေတြနဲ႔ခိုးဖို႔လာခဲ့ေပမဲ့ Lipton အထုပ္ႀကီးဝယ္ၿပီး ျပန္သြားလိုက္ရတယ္ဆိုၿပီး ဟာသေႏွာကာေရးသားသြားခဲ့ပါတယ္ ။ က်န္တစ္ေယာက္မွာေတာ့ သူခိုးကဆိုင္႐ွင္ရဲ႕ အံဆြဲကိုဆြဲဖြင့္လိုက္တဲ့အခ်ိန္မွာ အံဆြဲထဲကပိုက္ဆံနည္းနည္းေလးပဲေတြ႔ေတာ့ လက္ဖက္ရည္ထုပ္ဝယ္ၿပီးဆိုင္ကိုျပန္ အားေပးဖို႔ဆံုးျဖတ္ခဲ့ပံုရေၾကာင္းဟာသေႏွာကာ ေဝဖန္သံုးသပ္ခဲ့ပါတယ္ ။

ထို႔ေၾကာင့္မည္သို႔ပင္ျဖစ္ေစကာမူ အဆိုပါသူခိုးမွာေတာ့ တစ္ဆိုင္မရရင္ ေနာက္တစ္ဆိုင္မွာျပန္သြားခိုးဖို႔ လက္ေလ်ာ့ေလာက္မွာ မဟုတ္ပါဘူး ။ ထို႔ေၾကာင့္ ဆိုင္႐ွင္မ်ားအေနျဖင့္ အျမဲသတိဝိရိယပိုထားသင့္ေၾကာင္း ယူဆသံုးသပ္မိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စတိုးဆိုင်လေးတစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ ခိုးဖို့ကြိုးစားနေတုန်း ကံဆိုးစွာနဲ့ပဲသူ၏အစီအစဉ်တွေ အထမမြောက်ခဲ့ပါဘူး ။ CCTV မှဖမ်းယူထားသော video အရ အဆိုပါအမျိုးသားဟာ ပိုက်ဆံရှင်းတဲ့ကောင်တာ၏ အံဆွဲထဲမှပိုက်ဆံများခိုးဖို့လုပ်နေတုန်း ငွေကိုင်တဲ့အမျိုးသမီးကရောက်လာခဲ့တဲ့အတွက် အံဆွဲကိုအလျင်အမြန်ပြန်ပိတ်ပစ်ခဲ့ရပါတယ် ။ စီစဉ်ထားသလိုဖြစ်မလာခဲ့၍ ဆိုင်ပြင်ပြန်ထွက်သွားမည့်အစား ဆိုင်ထဲမှပစ္စည်းတစ်ခုခုဝယ်ခဲ့သလိုဖြင့်ဟန်ဆောင်ပြီး ကောင်တာပေါ်တွင်တင်ထားသော Lipton တံဆိပ်အသင့်ဖျော် လက်ဖက်ရည်ထုပ်ကို ဝယ်ပြီးအားပေးသွားခဲ့ပါတယ် ။ အဆိုပါ Video ကို N9 Rader အမည်ဖြင့် Facebook အသုံးပြုသူတစ်ဦးကဝေမျှသွားခဲ့တာဖြစ်ပြီး ၊ သူခိုး၏ အစီအစဉ်ကျရှုံးသွားတဲ့အဖြစ်အပျက်အတွက် လူအတော်အများက သဘောကျပြီးပြုံးရယ်သွားခဲ့ကြပါတယ် ။ အဆိုပါ Video လေးကို ကြည့်ရှုသူများလာသည့်နှင့်အမျှ လူအများစုက Comment တွင် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို အမျိုးမျိုးရေးသားသွားခဲ့ကြပါတယ် ။

Comment တွင်ထင်မြင်ချက်ရေးသားထားသူတစ်ဦးကတော့ မျှော်လင့်ချက်တွေနဲ့ခိုးဖို့လာခဲ့ပေမဲ့ Lipton အထုပ်ကြီးဝယ်ပြီး ပြန်သွားလိုက်ရတယ်ဆိုပြီး ဟာသနှောကာရေးသားသွားခဲ့ပါတယ် ။ ကျန်တစ်ယောက်မှာတော့ သူခိုးကဆိုင်ရှင်ရဲ့ အံဆွဲကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာ အံဆွဲထဲကပိုက်ဆံနည်းနည်းလေးပဲတွေ့တော့ လက်ဖက်ရည်ထုပ်ဝယ်ပြီးဆိုင်ကိုပြန် အားပေးဖို့ဆုံးဖြတ်ခဲ့ပုံရကြောင်းဟာသနှောကာ ဝေဖန်သုံးသပ်ခဲ့ပါတယ် ။

ထို့ကြောင့်မည်သို့ပင်ဖြစ်စေကာမူ အဆိုပါသူခိုးမှာတော့ တစ်ဆိုင်မရရင် နောက်တစ်ဆိုင်မှာပြန်သွားခိုးဖို့ လက်လျော့လောက်မှာ မဟုတ်ပါဘူး ။ ထို့ကြောင့် ဆိုင်ရှင်များအနေဖြင့် အမြဲသတိဝိရိယပိုထားသင့်ကြောင်း ယူဆသုံးသပ်မိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ပိုက္ဆံခိုးလို႔မရေတာ့ေနာက္ဆံုး ဆိုင္ကပစၥည္းအားေပးသြားခဲ့တဲ့ သူခိုး (႐ုပ္ /သံ)"

Leave a comment

Your email address will not be published.


*