ခ်စ္သူေကာင္ေလးနဲ႔ေပါင္းၿပီး ဖခင္ျဖစ္သူရဲ႕ဝီး႐ွဲကိုခိုးယူကာ အကူအညီမဲ့ေအာင္ဖုန္းကိုပါ သိမ္းဆည္းခဲ့တဲ့ သမီးမိုက္

မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ Uncle Kentang အမည္႐ွိတဲ့ အမ်ိဳးသားဟာ ရင္နင့္ဆရာေကာင္းတဲ့အျဖစ္အပ်က္တစ္ခုကို facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ Uncle Daud အမည္႐ွိတဲ့ ဦးေလးႀကီးတစ္ေယာက္ဟာ မသန္မစြမ္းျဖစ္ေနခဲ့ၿပီး သူ၏လ်ွပ္စစ္ဝီး႐ွဲကို လူတစ္ေယာက္ကခိုးယူသြားခဲ့တာပါ ။ အဲတာကေတာ့ တစ္ျခားသူမဟုတ္ဘဲ Uncle Daud ၏သမီးျဖစ္သူကိုယ္တိုင္ကျဖစ္ပါတယ္ ။ သမီးျဖစ္သူဟာ သူမရဲ႕ခ်စ္သူေကာင္ေလးႏွင့္ေပါင္းၿပီး ဖခင္ျဖစ္သူရဲ႕ လ်ွပ္စစ္ဝီး႐ွဲကိုခိုးယူခဲ့တဲ့အျပင္ ၊ ဖခင္ျဖစ္သူက အျခားသူေတြကိုအကူအညီေတာင္းမွာေၾကာက္လို႔ဆိုၿပီး ဖခင္ရဲ႕ လက္ကိုင္ဖုန္းကိုပါ သိမ္းသြားခဲ့ေၾကာင္းသိရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ေၾကာင့္ Uncle Kentang က လံုးဝမခံစားႏိုင္ေအာင္ျဖစ္ခဲ့ရၿပီး သူ၏ Facebook စာမ်က္ႏွာေပၚမွာ ‘ ငါနင့္ကို လာ႐ွာမယ္ ၊ ဘယ္သူခိုးသြားလည္းဆိုတာ ငါသိၿပီးသား ၊ ငါနင့္ကို႐ွာမေတြ႔ခင္ ကိုယ္တိုင္ဝန္ခံၿပီး ငါ့ကိုဖုန္းျပန္ေခၚလိုက္တာက အေကာင္းဆံုးပဲ ‘ ဆိုၿပီး ခိုးယူသြားတဲ့ သမီးျဖစ္သူကို သတိေပးစားေရးသားခဲ့ပါတယ္ ။

Daud ဟာ အဆိုပါလ်ွပ္စစ္ဝီး႐ွဲေလးပိုင္ဆိုင္ႏိုင္ေအာင္ 10 ႏွစ္ခန္႔အခ်ိန္ေပးေစာင့္ဆိုင္းခဲ့ရတာျဖစ္ေပမဲ့လည္း ၊ 2လ ေတာင္မခံလိုက္ပါဘူး ။ သမီးျဖစ္သူက အဆိုပါဝီး႐ွဲကို RM 1,500 ႏွင့္ျပန္လည္ ေရာင္းစားခဲ့ေၾကာင္းသိရပါတယ္ ။

ဖခင္ျဖစ္သူကို အႏိုင္က်င့္လြန္းတဲ့သမီးမိုက္ကို ‘ အဲ့ပိုက္ဆံကို ဘာလုပ္မလို႔လည္း ၊ နင့္ရည္းစားကို ပစၥည္းေတြဝယ္ေပးဖို႔လား ‘ ဆိုၿပီး Uncle Kentang ကေျပာဆိုခဲ့ပါေသးတယ္ ။ မသန္မစြမ္းဖခင္ကို ျပဳစုေစာင့္ေ႐ွာက္ေပးရမဲ့အစား ယခုလိုလုပ္ရပ္မ်ိဳးက်ဴးလြန္ခံရတဲ့အျဖစ္ဟာ အေတာ္ေလးကို ရင္နာဖြယ္ေကာင္းလြန္းလွပါတယ္ ။ လူအေတာ္အမ်ားကလည္း ဝီး႐ွဲေလးျပန္ဝယ္ႏိုင္ေအာင္ ေငြလႉဒါန္းေပးခဲ့ၾကလို႔ Uncle Kentang ဟာ​ေနာက္တစ္ရက္မွာပဲ Uncle Daud ရဲ႕ လ်ွပ္စစ္ဝီး႐ွဲကို ျပန္ဝယ္ေပးႏိုင္ခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ Uncle Kentang အမည်ရှိတဲ့ အမျိုးသားဟာ ရင်နင့်ဆရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကို facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါတယ် ။ အကြောင်းကတော့ Uncle Daud အမည်ရှိတဲ့ ဦးလေးကြီးတစ်ယောက်ဟာ မသန်မစွမ်းဖြစ်နေခဲ့ပြီး သူ၏လျှပ်စစ်ဝီးရှဲကို လူတစ်ယောက်ကခိုးယူသွားခဲ့တာပါ ။ အဲတာကတော့ တစ်ခြားသူမဟုတ်ဘဲ Uncle Daud ၏သမီးဖြစ်သူကိုယ်တိုင်ကဖြစ်ပါတယ် ။ သမီးဖြစ်သူဟာ သူမရဲ့ချစ်သူကောင်လေးနှင့်ပေါင်းပြီး ဖခင်ဖြစ်သူရဲ့ လျှပ်စစ်ဝီးရှဲကိုခိုးယူခဲ့တဲ့အပြင် ၊ ဖခင်ဖြစ်သူက အခြားသူတွေကိုအကူအညီတောင်းမှာကြောက်လို့ဆိုပြီး ဖခင်ရဲ့ လက်ကိုင်ဖုန်းကိုပါ သိမ်းသွားခဲ့ကြောင်းသိရပါတယ် ။ အဆိုပါအဖြစ်အပျက်ကြောင့် Uncle Kentang က လုံးဝမခံစားနိုင်အောင်ဖြစ်ခဲ့ရပြီး သူ၏ Facebook စာမျက်နှာပေါ်မှာ ‘ ငါနင့်ကို လာရှာမယ် ၊ ဘယ်သူခိုးသွားလည်းဆိုတာ ငါသိပြီးသား ၊ ငါနင့်ကိုရှာမတွေ့ခင် ကိုယ်တိုင်ဝန်ခံပြီး ငါ့ကိုဖုန်းပြန်ခေါ်လိုက်တာက အကောင်းဆုံးပဲ ‘ ဆိုပြီး ခိုးယူသွားတဲ့ သမီးဖြစ်သူကို သတိပေးစားရေးသားခဲ့ပါတယ် ။

Daud ဟာ အဆိုပါလျှပ်စစ်ဝီးရှဲလေးပိုင်ဆိုင်နိုင်အောင် 10 နှစ်ခန့်အချိန်ပေးစောင့်ဆိုင်းခဲ့ရတာဖြစ်ပေမဲ့လည်း ၊ 2လ တောင်မခံလိုက်ပါဘူး ။ သမီးဖြစ်သူက အဆိုပါဝီးရှဲကို RM 1,500 နှင့်ပြန်လည် ရောင်းစားခဲ့ကြောင်းသိရပါတယ် ။

ဖခင်ဖြစ်သူကို အနိုင်ကျင့်လွန်းတဲ့သမီးမိုက်ကို ‘ အဲ့ပိုက်ဆံကို ဘာလုပ်မလို့လည်း ၊ နင့်ရည်းစားကို ပစ္စည်းတွေဝယ်ပေးဖို့လား ‘ ဆိုပြီး Uncle Kentang ကပြောဆိုခဲ့ပါသေးတယ် ။ မသန်မစွမ်းဖခင်ကို ပြုစုစောင့်ရှောက်ပေးရမဲ့အစား ယခုလိုလုပ်ရပ်မျိုးကျူးလွန်ခံရတဲ့အဖြစ်ဟာ အတော်လေးကို ရင်နာဖွယ်ကောင်းလွန်းလှပါတယ် ။ လူအတော်အများကလည်း ဝီးရှဲလေးပြန်ဝယ်နိုင်အောင် ငွေလှူဒါန်းပေးခဲ့ကြလို့ Uncle Kentang ဟာနောက်တစ်ရက်မှာပဲ Uncle Daud ရဲ့ လျှပ်စစ်ဝီးရှဲကို ပြန်ဝယ်ပေးနိုင်ခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ခ်စ္သူေကာင္ေလးနဲ႔ေပါင္းၿပီး ဖခင္ျဖစ္သူရဲ႕ဝီး႐ွဲကိုခိုးယူကာ အကူအညီမဲ့ေအာင္ဖုန္းကိုပါ သိမ္းဆည္းခဲ့တဲ့ သမီးမိုက္"

Leave a comment

Your email address will not be published.


*