သခင့္ရဲ႕ ပိုက္ဆံ နဲ႔ မွတ္ပံုတင္ ေတြကိုကိုက္ျဖဲၿပီး အိပ္ခ်င္ေယာင္ေဆာင္ေနခဲ့တဲ့ ေခြးေလး

ေခြးေလးေတြအေတာ္မ်ားမ်ားက ပစၥည္းေတြကို ကိုက္ျဖဲတတ္တဲ့အက်င့္ေလးေတြ ႐ွိတတ္ၾကပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါပစၥည္းေတြကို ကိုက္ျဖဲၿပီးရင္ သခင္ျဖစ္သူေတြ စိတ္မဆိုးေအာင္ ၊ ဆူဆဲတာမခံရေအာင္ မ်ိဳးစံုအၾကံထုတ္တတ္ေလ့႐ွိၾကပါေသးတယ္ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံက ေခြးေလးတစ္ေကာင္ဟာ သခင့္ျဖစ္သူလြယ္အိတ္ကို ဘယ္သူမွမသိေအာင္ ေနအိမ္အျပင္ဖက္သို႔ ဆြဲထုတ္သြားၿပီးေနာက္ ၊ အိတ္ေတြမွာထည့္ထားတဲ့ ပစၥည္းေတြ ၊ ပိုက္ဆံေတြ ၊ မွတ္ပံုတင္ေတြကို ကိုက္ျဖဲပစ္လိုက္ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို သခင္ျဖစ္သူေတြ႔႐ွိသြားၿပီးေနာက္မွာေတာ့ အဆူအဆဲမခံရေအာင္ ေခြးေလးက အိပ္ခ်င္ေယာင္ေဆာင္ေနခဲ့တာပါ ။ အစပိုင္းမွာေတာ့ သခင္ျဖစ္သူက စိတ္ဆိုးေဒါသထြက္ခဲ့ေပမဲ့လည္း ေနာက္ဆံုးေတာ့ ေခြးေလးရဲ႕ခ်စ္ဖို႔ေကာင္းလြန္းတဲ့အျပဳအမႈကိုေတြ႔ၿပီး ရယ္ရမလို ၊ ငိုရမလိုျဖစ္ခဲ့ရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို သခင္ျဖစ္သူက ဓာတ္ပံု႐ိုက္ထားၿပီး ‘ သူကြၽန္ေတာ့္ရဲ႕ ပိုက္ဆံ နဲ႔ မွတ္ပံုတင္ေတြကို ကိုက္ျဖဲပစ္တယ္ ‘ ဆိုတဲ့စာသားေလးနဲ႔ Facebook စာမ်က္ႏွာေပၚ ေဝမ်ွထားခဲ့တာပါ ။ အခၽိဳ႕ေသာသူေတြက ေခြးေလးရဲ႕အျပဳအမႈကို ‘ သခင္ျဖစ္သူက အစာမဝယ္ေကြၽးေတာ့ လက္စာေခ်ေနတဲ့႐ုပ္နဲ႔ ‘ ဆိုၿပီး comment မွာ ထင္ျမင္ခ်က္ ေရးသားခဲ့ၾကပါတယ္ ။

1

2

3

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

ခွေးလေးတွေအတော်များများက ပစ္စည်းတွေကို ကိုက်ဖြဲတတ်တဲ့အကျင့်လေးတွေ ရှိတတ်ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါပစ္စည်းတွေကို ကိုက်ဖြဲပြီးရင် သခင်ဖြစ်သူတွေ စိတ်မဆိုးအောင် ၊ ဆူဆဲတာမခံရအောင် မျိုးစုံအကြံထုတ်တတ်လေ့ရှိကြပါသေးတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက ခွေးလေးတစ်ကောင်ဟာ သခင့်ဖြစ်သူလွယ်အိတ်ကို ဘယ်သူမှမသိအောင် နေအိမ်အပြင်ဖက်သို့ ဆွဲထုတ်သွားပြီးနောက် ၊ အိတ်တွေမှာထည့်ထားတဲ့ ပစ္စည်းတွေ ၊ ပိုက်ဆံတွေ ၊ မှတ်ပုံတင်တွေကို ကိုက်ဖြဲပစ်လိုက်ပါတယ် ။ အဆိုပါအဖြစ်အပျက်ကို သခင်ဖြစ်သူတွေ့ရှိသွားပြီးနောက်မှာတော့ အဆူအဆဲမခံရအောင် ခွေးလေးက အိပ်ချင်ယောင်ဆောင်နေခဲ့တာပါ ။ အစပိုင်းမှာတော့ သခင်ဖြစ်သူက စိတ်ဆိုးဒေါသထွက်ခဲ့ပေမဲ့လည်း နောက်ဆုံးတော့ ခွေးလေးရဲ့ချစ်ဖို့ကောင်းလွန်းတဲ့အပြုအမှုကိုတွေ့ပြီး ရယ်ရမလို ၊ ငိုရမလိုဖြစ်ခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ကို သခင်ဖြစ်သူက ဓာတ်ပုံရိုက်ထားပြီး ‘ သူကျွန်တော့်ရဲ့ ပိုက်ဆံ နဲ့ မှတ်ပုံတင်တွေကို ကိုက်ဖြဲပစ်တယ် ‘ ဆိုတဲ့စာသားလေးနဲ့ Facebook စာမျက်နှာပေါ် ဝေမျှထားခဲ့တာပါ ။ အချို့သောသူတွေက ခွေးလေးရဲ့အပြုအမှုကို ‘ သခင်ဖြစ်သူက အစာမဝယ်ကျွေးတော့ လက်စာချေနေတဲ့ရုပ်နဲ့ ‘ ဆိုပြီး comment မှာ ထင်မြင်ချက် ရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment