အဘြားအိုကို သြားေလရာတစ္ေလ်ွာက္ မခ်ီေခၚေဆာင္သြားေလ့႐ိွၿပီး အျမဲဂ႐ုစိုက္ေစာင့္ေ႐ွာက္ေပးေနတဲ့ အမ်ိဳးသားရဲ႕ုျဖစ္ရပ္မွန္

ေျမးျဖစ္သူက အဘြားအိုကို သြားေလရာေနရာတိုင္းသယ္ေဆာင္သြားေလ့႐ွိတဲ့သတင္းဟာ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ ျဖစ္စဥ္ကေတာ့ အသက္ 94 ႏွစ္အဘြားအိုကို လူနာစမ္းသပ္ခန္းသို႔သယ္ေဆာင္လာတဲ့အမ်ိဳးသားေၾကာင့္ ဆရာဝန္မွာအံ့ၾသခဲ့ရတာကေန အစျပဳခဲ့တာပါ ။ ဆရာဝန္က အဆိုပါအမ်ိဳးသားကိုေမးျမန္းခဲ့ခ်ိန္မွာေတာ့ ” ကြၽန္ေတာ့္အဘြားက ေက်ာ႐ိုမွာဒဏ္ရာရေနတာ ၊ အဲ့ေၾကာင့္ အဘြားကထိုင္လို႔မရဘဲ အိပ္ရာေပၚမွာပဲ အိပ္ေနရတာ ၊ ကြၽန္ေတာ့္မိဘေတြကလည္း အဘြားကိုမသယ္ႏိုင္ၾကဘူးေလ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

အဘြားအိုဟာ ဝဲနာေရာဂါလည္း႐ွိေနလို႔ ေဆးကုသမႈခံယူခဲ့ရတာပါ ။ ေဆးကုသမႈခံယူအၿပီးမွာေတာ့ ဆရာဝန္ဟာ ေငြေၾကးမတတ္ႏိုင္တဲ့ ေျမးအဘြားကို ေဆးကုသစရိတ္ေလ်ွာ့ေပါ့ေပးခဲ့ပါတယ္ ။ ဆရာဝန္မွာေတာ့ မိသားစုဝင္ေတြအတူ အစားအေသာက္ ဝယ္စားႏိုင္ဖို႔ ေငြေၾကးအခ်ိဳ႕ ကိုပါေပးကမ္းလႉဒါန္းခဲ့ေသးေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မြေးဖြစ်သူက အဘွားအိုကို သွားလေရာနေရာတိုင်းသယ်ဆောင်သွားလေ့ရှိတဲ့သတင်းဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ ဖြစ်စဉ်ကတော့ အသက် 94 နှစ်အဘွားအိုကို လူနာစမ်းသပ်ခန်းသို့သယ်ဆောင်လာတဲ့အမျိုးသားကြောင့် ဆရာဝန်မှာအံ့သြခဲ့ရတာကနေ အစပြုခဲ့တာပါ ။ ဆရာဝန်က အဆိုပါအမျိုးသားကိုမေးမြန်းခဲ့ချိန်မှာတော့ ” ကျွန်တော့်အဘွားက ကျောရိုမှာဒဏ်ရာရနေတာ ၊ အဲ့ကြောင့် အဘွားကထိုင်လို့မရဘဲ အိပ်ရာပေါ်မှာပဲ အိပ်နေရတာ ၊ ကျွန်တော့်မိဘတွေကလည်း အဘွားကိုမသယ်နိုင်ကြဘူးလေ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

အဘွားအိုဟာ ဝဲနာရောဂါလည်းရှိနေလို့ ဆေးကုသမှုခံယူခဲ့ရတာပါ ။ ဆေးကုသမှုခံယူအပြီးမှာတော့ ဆရာဝန်ဟာ ငွေကြေးမတတ်နိုင်တဲ့ မြေးအဘွားကို ဆေးကုသစရိတ်လျှော့ပေါ့ပေးခဲ့ပါတယ် ။ ဆရာဝန်မှာတော့ မိသားစုဝင်တွေအတူ အစားအသောက် ဝယ်စားနိုင်ဖို့ ငွေကြေးအချို့ ကိုပါပေးကမ်းလှူဒါန်းခဲ့သေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment