မီးဖိုေခ်ာင္အတြက္သံုးဖို႔ မိုးရြာေနတုန္းလမ္းမေပၚကေရေတြ ခပ္ယူေနခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

လူတိုင္းအတြက္အေရးႀကီးဆံုးက အစားအေသာက္အတြက္ခ်က္ျပဳတ္ရာမွာအသံုးျပဳမဲ့ေရကို သန္႔႐ွင္းတဲ့ေရအသံုးျပဳဖို႔ပါပဲ ။ ဒါမွသာ ဝမ္းေရာဂါအတြက္စိတ္ခ်ရမွာျဖစ္တဲ့အျပင္ ၊ မလိုလားအပ္တဲ့ ကူးစက္ေရာဂါေတြကို တားဆီးႏိုင္မွာမို႔လို႔ပါပဲ ။ ဒီတစ္ေခါက္မွာလည္း စားေသာက္ဆိုင္တစ္ခုရဲ႕ဝန္ထမ္းလို႔ ယူဆရတဲ့အမ်ိဳးသားဟာ မိုးရြာေနစဥ္ လမ္းမေပၚကေရကို မီးဖိုေခ်ာင္းသံုးေရအျဖစ္ အားရပါးရ ခပ္ေနခဲ့တာကို ေတြ႔႐ွိရမွာပါ ။ မိုးရြာေနစဥ္ျဖစ္တဲ့အတြက္ လမ္းမေပၚကေရေတြက ၾကည္လင္ေနလို႔ ယခုလိုခပ္ယူၿပီး အသံုးျပဳခဲ့ပံုရပါတယ္ ။

အဆိုပါအမ်ိဳးသားဟာ မီးဖိုေခ်ာင္ဝတ္ခါးစည္းအက်ႌကိုဝတ္ဆင္ထားသည့္အျပင္ ၊ မည္သူ႔ကိုမွလည္း ဂ႐ုစိုက္ပံုမရပါဘူး ။ ပံုးထဲေရျပည့္တာနဲ႔ ေရပံုးႀကီးကို မီးဖိုေခ်ာင္းထဲ သယ္သြားခဲ့တာပါ ။ အဆိုပါအျဖစ္အပ်က္ကိုေတာ့ မ်က္ႏွာခ်င္းဆိုင္တိုက္ခန္းတစ္ခုမွ ဖုန္းႏွင့္ video မွတ္တမ္းရယူထားခဲ့တာျဖစ္ပါတယ္ ။ မည္သို႔ပင္ျဖစ္ေစကာမႈ ေျမာင္းေရ ႏွင့္ လမ္းမ​ေပၚကေရကိုေနာက္ထပ္အသံုးျပဳဖို႔ဆိုတာက က်န္းမာေရးအရ လံုးဝမသင့္ေလ်ာ္ပါဘူးေလ ။ အထူးသျဖင့္ ၿမိဳ႕ထဲကလမ္းေဘးေျမာင္းေရ ၊ ​ေခ်ာင္းေရ ​ေတြ ဆိုရင္ေပါ့ ။

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

လူတိုင်းအတွက်အရေးကြီးဆုံးက အစားအသောက်အတွက်ချက်ပြုတ်ရာမှာအသုံးပြုမဲ့ရေကို သန့်ရှင်းတဲ့ရေအသုံးပြုဖို့ပါပဲ ။ ဒါမှသာ ဝမ်းရောဂါအတွက်စိတ်ချရမှာဖြစ်တဲ့အပြင် ၊ မလိုလားအပ်တဲ့ ကူးစက်ရောဂါတွေကို တားဆီးနိုင်မှာမို့လို့ပါပဲ ။ ဒီတစ်ခေါက်မှာလည်း စားသောက်ဆိုင်တစ်ခုရဲ့ဝန်ထမ်းလို့ ယူဆရတဲ့အမျိုးသားဟာ မိုးရွာနေစဉ် လမ်းမပေါ်ကရေကို မီးဖိုချောင်းသုံးရေအဖြစ် အားရပါးရ ခပ်နေခဲ့တာကို တွေ့ရှိရမှာပါ ။ မိုးရွာနေစဉ်ဖြစ်တဲ့အတွက် လမ်းမပေါ်ကရေတွေက ကြည်လင်နေလို့ ယခုလိုခပ်ယူပြီး အသုံးပြုခဲ့ပုံရပါတယ် ။

အဆိုပါအမျိုးသားဟာ မီးဖိုချောင်ဝတ်ခါးစည်းအင်္ကျီကိုဝတ်ဆင်ထားသည့်အပြင် ၊ မည်သူ့ကိုမှလည်း ဂရုစိုက်ပုံမရပါဘူး ။ ပုံးထဲရေပြည့်တာနဲ့ ရေပုံးကြီးကို မီးဖိုချောင်းထဲ သယ်သွားခဲ့တာပါ ။ အဆိုပါအဖြစ်အပျက်ကိုတော့ မျက်နှာချင်းဆိုင်တိုက်ခန်းတစ်ခုမှ ဖုန်းနှင့် video မှတ်တမ်းရယူထားခဲ့တာဖြစ်ပါတယ် ။ မည်သို့ပင်ဖြစ်စေကာမှု မြောင်းရေ နှင့် လမ်းမပေါ်ကရေကိုနောက်ထပ်အသုံးပြုဖို့ဆိုတာက ကျန်းမာရေးအရ လုံးဝမသင့်လျော်ပါဘူးလေ ။ အထူးသဖြင့် မြို့ထဲကလမ်းဘေးမြောင်းရေ ၊ ချောင်းရေ တွေ ဆိုရင်ပေါ့ ။

Jasmine (Mckzone Daily)

  • Leave a Comment